အပစ်ရပ် စာချုပ် လက်မှတ် မထိုးထားသော အဖွဲ့များနှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ ယခုလလယ်တွင် ထပ်မံတွေ့မည်

အပစ်ရပ် စာချုပ် လက်မှတ် မထိုးထားသော အဖွဲ့များနှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ ယခုလလယ်တွင် ထပ်မံတွေ့မည်
May 3, 2017 Asian Fame

5:09 pm
အပစ်ရပ် စာချုပ် လက်မှတ် မထိုးထားသော အဖွဲ့များနှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ ယခုလလယ်တွင် ထပ်မံတွေ့မည်

Peace(ရန်ကုန်၊ မေ ၂ )

(၂၁) ရာစု ပင်လုံ ဒုတိယ အကြိမ် မကျင်းပမီ ကြား ကာလအတွင်း  KIA ပါဝင် သည့် အပစ်မရပ် အဖွဲ့များ၏ ကိုယ်စားလှယ်အဖွဲ့ DPN  နှင့် ငြိမ်းချမ်းရေး ကော်မရှင် တို့ ထပ်မံတွေ့ဆုံ သွားဦးမည် ဖြစ်ကြောင်း ကော်မရှင် အဖွဲ့ ဝင် ဦးအောင်ကြည်က ပြော သည်။

အဆိုပါ တွေ့ဆုံမှုကို မေလ လလယ်ခန့်တွင် ပြု လုပ်နိုင်ဖွယ်ရှိပြီး  အပစ်မရပ် အဖွဲ့များ NCA လက်မှတ် ထိုး/မထိုးနှင့်  ၂၁ ပင်လုံကို တက်/မတက် အဖြေထွက် နိုင်ကြောင်း  သိရသည်။

”ချင်းမိုင် တွေ့ဆုံမှုမှာ ကျွန်တော်တို့ အရင်က မူ အားဖြင့် သဘောတူ ထားတဲ့ အချက်တွေထဲက သူတို့လူ ကြီးတွေကို တင်ပြတဲ့ အခါ ပြင်ဆင်စရာ ရှိတာလေးတွေ အနည်းငယ် ပြင်ဆင်တာ ရှိပါ တယ်။ ဆွေးနွေးရဦးမှာပါ” ဟု ဦးအောင်ကြည် က ဆို သည်။

ဧပြီလ ၂၈ ရက်နေ့က  ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြု လုပ်သော  DPN  အဖွဲ့နှင့်  ငြိမ်းချမ်းရေး ကော်မရှင်တို့ ကြား ပဉ္စမ အကြိမ်မြောက် တရား ဝင် တွေ့ဆုံမှုတွင် ယခင် မူအားဖြင့် သဘောတူ ထားပြီးဖြစ်သော UNFC (ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ် ကောင်စီ) ၏ တောင်းဆိုချက် ၉ ချက်ကို ဆွေးနွေးခဲ့ကြ သည်။

လာမည့်မေလ ၂၄ ရက် နေ့တွင် ပြည်ထောင်စု ငြိမ်း ချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အကြိမ်ကို ကျင်းပတော့မည် ဟု အစိုးရ က တရားဝင် ထုတ်ဖော် ပြော ဆိုထားရာ ယင်း အစည်းအ ဝေးတွင် အပစ်မရပ် အဖွဲ့များ တက်ရောက်မှု ရှိ/မရှိနှင့် NCA စာချုပ်လက်မှတ် ထိုး/မထိုးသည်  ယခုလ လယ် ပြုလုပ်မည့် တွေ့ဆုံမှု အပေါ် မူတည်လျက်ရှိသည်။

လက်ရှိ UNFC  အဖွဲ့ တွင် KIA, SSPP, KNPP, NMSP, LDU, ANC, WNO  စသည့်အဖွဲ့များ ပါ ဝင်ပြီး ၄င်းတို့၏ တောင်းဆို ချက် ၉ ချက်ကိုအစိုးရက သဘောတူပါက NCA စာ ချုပ်ကို လက်မှတ်ထိုးမည်ဟု ထုတ်ဖော် ပြောဆို ထား သည်။

သို့သော် KIA, SSPP  တို့မှာ  NCA စာချုပ်ကို သွေ ဖည်၍ အခြား ကော်မတီတစ် ရပ်ဖြင့် ငြိမ်းချမ်းရေး ဆွေး နွေး သွားမည် ဖြစ်ကြောင်း ကြေညာချက် တစ်စောင်ကို  ‘ဝ’ အဖွဲ့ UWSA နှင့် ပူး ပေါင်းကာ ထုတ်ပြန်ထားပြီး ကော်မတီကိုလည်း ဖွဲ့စည်း ထားပြီးဖြစ်သည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*