စစ်ကိုင်း ပညာရေး ကောလိပ် ဖိနှိပ်မှု ဆန္ဒပြသော ဗကသ ကျောင်းသားများအမှု မေလ ၉ ရက်တွင် အပြီးသတ်အမိန့်ချမည်

စစ်ကိုင်း ပညာရေး ကောလိပ် ဖိနှိပ်မှု ဆန္ဒပြသော ဗကသ ကျောင်းသားများအမှု မေလ ၉ ရက်တွင် အပြီးသတ်အမိန့်ချမည်
May 3, 2017 Asian Fame

5:07 pm
စစ်ကိုင်း ပညာရေး ကောလိပ် ဖိနှိပ်မှု ဆန္ဒပြသော ဗကသ ကျောင်းသားများအမှု မေလ ၉ ရက်တွင် အပြီးသတ်အမိန့်ချမည်

Ba-Ka-Tha(မန္တလေး၊ မေ ၂)

စစ်ကိုင်း ပညာရေးကောလိပ် ဖိနှိပ်မှု ကိစ္စ ဆန္ဒပြသော ဗကသ ကျောင်းသား ၄ ဦးကို မေ ၂ ရက် တွင် အပြီးသတ် အမိန့် ချမည်ဖြစ် သော်လည်း ၄င်းတို့၏ အပြုအမူ များကြောင့် တရားရုံးလုပ်ထုံးလုပ် နည်းအရ ရက်ပြောင်းလဲ သတ် မှတ်လိုက်ကြောင်း ချမ်းအေးသာ စံမြို့နယ် တရားရုံး တွဲဖက်တရား သူကြီး (၁) ဦးမောင်မောင်သက် လွင်က ပြောသည်။

ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရား စွဲခံထားရသော ဗကသ ကျောင်း သား ၄ ဦးသည ရုံးထုတ် စစ်ဆေး မှုခံယူရန် မြို့နယ်တရားရုံးသို့ လာရောက်သည့် အခါတိုင်း ကျောင်း သားသီချင်း သီဆိုခြင်း၊ တရားစီ ရင်ရေးအပေါ် အယုံအကြည် မရှိ ကြောင်း ကြွေးကြော်ခြင်း၊ ဗကသ အလံ ဝှေ့ရမ်းခြင်း တို့ ပြုလုပ်ခဲ့ကြ သလို တရား စီရင်နေစဉ် တရားရုံး ကျောပေးထိုင်ခြင်း၊ တရားသူ ကြီး၏ မေးမြန်းမှု အပေါ် ပြန် လည် မဖြေရှင်းခြင်းတို့ ရှိနေသော်လည်း တရား စီရင်ရေးကိုမူ တရားရုံးလုပ် ထုံးလုပ်နည်းအတိုင်း ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

”သူတို့ကိုဥပဒေအရ အခွင့် အရေး အကုန် ပေးထားတယ်။ သူတို့ ပြောချင်တာ များရှိသလားပေါ့။ အမှု စတင်ကတည်းက သူတို့ကို အခွင့်အရေး ပေးထားတယ်။ ဒါ သူတို့ကို ဥပဒေက ပေးထားတဲ့ ကိုယ်ပိုင် အခွင့်အရေးပဲ။ မယူ တာတော့ မတတ်နိုင်ဘူး။ နောက် ထပ် ရုံးချိန်း ကျရင်တော့ အမိန့်ချဖို့ ရှိတယ်” ဟု ၄င်းကဆိုသည်။

စစ်ကိုင်းပညာရေး ကောလိပ် တွင် ဖိနှိပ်မှုများ ရှိနေသည်ဟု ဆို ကာ စစ်ကိုင်းပညာရေး ကောလိပ် ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုဇော်ရဲထွဋ် နှင့် ဗဟို လုပ်ငန်းကော်မတီ အဖွဲ့ဝင် ကိုနှင်း အောင်တို့သည် ဧပြီ ၂၆ ရက်က မန္တလေးမြို့ ချမ်းအေးသာစံမြို့ နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်) ရုံးရှေ့၌ လာရောက် ဆန္ဒဖော်ထုတ် ခဲ့ကြရာ ခရိုင် ရဲတပ်ဖွဲ့မှူးက လူစုခွဲပေး ရန်နှင့် ခွင့်ပြုချက် ယူပြီးမှ ဆန္ဒ ဖော်ထုတ်ကြရန် ပြောခဲ့သည်။

သို့ရာတွင် ၄င်းတို့ကဆက် လက် ဆန္ဒပြနေသဖြင့် ၄င်းတို့နှင့် ရဲတပ်ဖွဲ့ဝင် များကြား ရုန်းရင်းဆန် ခတ်ဖြစ်ခဲ့ကြပြီး ရဲတပ်ဖွဲ့၏ဖမ်း ဆီးထိန်းသိမ်း ခေါ်ဆောင်သွား ခြင်းခံခဲ့ရသည်။

ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုတွင် ရတနာပုံ တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် ကိုရဲမျိုးဆွေ နှင့် ကို ကောင်းဇော်ဟိန်း တို့လည်း လိုက် ပါသွားခဲ့ပြီး နောက်တစ်ရက်တွင် ၄င်းကျောင်းသား ၄ ဦးစလုံးအား ငြိမ်းစု စီပုဒ်မ ၁၉ ဖြင့် အမှုဖွင့် တရား စွဲဆိုခဲ့ခြင်း ဖြစ်သည်။

တရားစွဲခံ ဗကသကျောင်း သားများဘက်ကမူ အာမခံ မလျှောက်သည့် အပြင် မည်သို့မှ ပြန်လည်ဖြေရှင်းမည် လည်းမဟုတ် ကြောင်း ပေါ်ပြူလာနယူးစ်၏ မေး မြန်းမှုကို ပြန်ဖြေထားသည်။

အဆိုပါအမှုအား မြို့နယ်တွဲ ဖက်တရားသူကြီးက လာမည့် မေ လ ၉ ရက်တွင် ထပ်မံ ချိန်းဆို လိုက်ပြီး ထိုနေ့တွင် အပြီးသတ် အမိန့် ချမည်ဖြစ်ကြောင်း သိရ သည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*