ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများအတွက် အိမ်ရာဆောက်ရန် ကျပ်သန်းကိုးထောင်ကျော် လျာထား

ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများအတွက် အိမ်ရာဆောက်ရန် ကျပ်သန်းကိုးထောင်ကျော် လျာထား
March 3, 2017 Asian Fame

2:17 pm
ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများအတွက် အိမ်ရာဆောက်ရန် ကျပ်သန်းကိုးထောင်ကျော် လျာထား

စိုင်းလမင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

လာမည့်ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ရန် ငွေကျပ်သန်းပေါင်း ကိုးထောင်ကျော် လျာထားကြောင်း အဆိုပါ ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

”ကျွန်တော့်အနေနဲ့ ဘယ်လိုလုပ်မလဲဆိုလို့ရှိရင် လာမယ့်အပတ်အတွင်းမှာပဲ တိုင်းနဲ့ ပြည်နယ် ကုသ ရေးဦးစီးဌာနက ဝန်ထမ်းတွေနဲ့ ဦးစီးမှူးတွေကို တစ် နိုင်ငံလုံး ဝန်ထမ်းအိမ်ရာ လိုနေတဲ့ ဆေးရုံ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှာ ဘာတွေလိုလဲ၊ ကုသရေး ဦးစီးဌာနမှာ ဘာတွေလိုလဲဆိုတာတွေကို အကုန်လုံး စာရင်းတောင်းပါမယ်၊ စာရင်းတောင်းပြီး ဦးစားပေး အစီအစဉ်နဲ့ တစ်ခါတည်း စီထားပြီး တောင်းဆိုမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောသည်။တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လိုအပ်သည့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် ကျန်းမာရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့သို့ ငွေကျပ်သန်းပေါင်း ၉၁ဝဝ လျာထားတောင်းဆိုထား ခြင်းဖြစ်ပြီး ထိုငွေဖြင့် ဝန်ထမ်း အိမ်ရာပေါင်း ငါးထောင်ကျော်ကို တည်ဆောက်နိုင်မည်ဟု ဒေါက်တာ မြင့်ထွေးက ဆိုသည်။

အစိုးရသစ် ကျန်းမာရေးဝန်ကြီးဌာန လက်ထက်တွင် ဝန်ထမ်းအိမ်ရာများကို အတတ်နိုင်ဆုံး ဖြစ်မြောက်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း ငွေအသုံးချမှုအတွက် စိစစ်နေသည်ဟုလည်း ပြည် ထောင်စုဝန်ကြီးက ဆိုသည်။ ”ဖြစ်နိုင်တာတွေ အကုန်လုပ်မယ်။ နောက်ဆုံးမရ ရင် ပြင်ဆင်စရိတ်ကနေ အကုန်လုံးပြင်ဖို့ အစီအစဉ် အကုန်လုံး ကျွန်တော် လုပ်ထားပါတယ်” ဟု ၎င်းက ပြောသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တာဝန် ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများတွင် အိမ်မရှိသူ အများအပြား ရှိနေပြီး တိုင်းပြည် ချမ်းသာ လာပါက အိမ်ရာ အသုံးစရိတ်များအဖြစ် ဝန်ထမ်းများကိုပေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ၂ဝ၁၁- ၂ဝ၁၂ ခုနှစ်တွင် ဝန်ထမ်းအိမ်ရာ ၂၅၇ လုံး၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် ၆၆၉လုံး၊ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ၁၅၇၉ လုံး၊ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ၂ဝ၁၆ လုံး၊ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ၁၁၃၁ လုံးနှင့် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် ၃၉၄၅ လုံး တည်ဆောက်ပေးပြီး ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*