မန္တလေး၏ ဖျောက်ဖျက်ခံ သမိုင်း အထောက်အထားများ ပြန်လည် ဖော်ထုတ်ပေးရန် တောင်းဆို

မန္တလေး၏ ဖျောက်ဖျက်ခံ သမိုင်း အထောက်အထားများ ပြန်လည် ဖော်ထုတ်ပေးရန် တောင်းဆို
February 23, 2017 Asian Fame

1:58 pm
မန္တလေး၏ ဖျောက်ဖျက်ခံ သမိုင်း အထောက်အထားများ ပြန်လည် ဖော်ထုတ်ပေးရန် တောင်းဆို

MDY(မန္တလေး၊ ဖေဖော်ဝါရီ ၂၁)

ခေတ်အဆက်ဆက် ဖျောက်ဖျက် ခံခဲ့ရသော မန္တလေးမြို့၏ နိုင်ငံရေး သမိုင်း အထောက်အထား များကို ပြည်သူ့အစိုးရ လက်ထက် တွင် ပြန် လည် ဖော်ထုတ်ပေးသင့်ကြောင်း အမျိုးသား စာပေဆုရှင် စာရေး ဆရာ ဆူးငှက်က တိုက်တွန်းပြော ဆိုသည်။

ဖေဖော်ဝါရီ ၁၈ ရက် ကမန္တလေး ချမ်းမြသာစည် မြို့နယ် တမ္ပဝတီ သူကြွယ်ကုန်းရပ် မန္တလေးအာဇာ နည် ၁၇ ဦးဗိမာန် ၌ပြုလုပ်သည့် ၇၈ နှစ်မြောက် ၁၃ဝဝပြည့်အရေး တော်ပုံ မန္တလေးအာဇာနည် ၁၇ ဦး အောက်မေ့ဖွယ် အခမ်းအနား တွင် ၄င်းက ထိုသို့ ပြော ကြား ခဲ့ခြင်း ဖြစ်သည်။

”စက်ရှင် တံတားကြီး ပြန် ဆောက်ပေးပါလို့ မတောင်းဆိုပါ ဘူး။ ဘတ်ဂျက်ကို လက်ညှိုးထိုး ပြမှာစိုးလို့ပါ၊ ဆီးဗန်းနီ အုတ် ဂူပြန် ဆောက်ပေးပါလို့ မပြောလိုပါဘူး၊ ဘတ်ဂျက်ကို လက်ညှိုး ထိုးပြမှာ စိုးလို့ပါ။ အလားတူပဲ  ဈေးချိုကြီး ပြန်ဆောက်ပေးဖို့ မတောင်း ဆိုပါ ဘူး။ နာမည်တွေ ဖျောက်ဖျက်ခံ ထားရတဲ့ လမ်းတွေကိုတော့ အရင်လို ပြန်သတ်မှတ်ပေးပါ လို့ တောင်းဆို လိုပါတယ်”ဟု စာရေးဆရာ ဆူးငှက် က ဆိုသည်။

လူပုဂ္ဂိုလ်တစ်ဦးချင်းဆီ ပိုင် ဆိုင်သော ထင်ရှားသည့် အဆောက် အအုံများ၊ ဘာသာရေးအရ အဖွဲ့ အစည်းနှင့် ပတ်သက်သော ထင် ရှားသည့်  အဆောက်အအုံများ၊ စီးပွားရေးအရ ထင်ရှားသော အဆောက်အအုံများ၊ နိုင်ငံရေး အရ ထင်ရှားသော အဆောက် အအုံများ ကို ခေတ် အဆက်ဆက် အစိုးရက ရည်ရွယ်ချက် ရှိရှိဖျက် ဆီးခဲ့သည်များအား ပြန်လည်ဖော် ထုတ်ရန် သတင်းစာဆရာ စာရေး ဆရာမ ကြီး လူထုဒေါ်အမာရှိစဉ် ကတည်းက တိုက်တွန်းခဲ့သော် လည်း အစိုးရအဆက်ဆက် လျစ် လျူရှုခဲ့ကြသည်ဟု ၄င်း၏ပြောပြ ချက်အရ သိရသည်။

”နိုင်ငံရေးအရ ထင်ရှားတဲ့ အဆောက်အအုံတွေ ပျက်စီးပြီး တော့ ပျောက်ကွယ် သွားမှာတော့ အင်မတန် စိုးရိမ်စရာ ကောင်း ပါတယ်။ ဒီအဆောက်အအုံတွေ နဲ့ပတ်သက်ပြီးတော့ နောက်ကွယ် ကသမိုင်းကြောင်းတွေ ပျောက်ကုန် လိမ့်မယ်” ဟုလည်း စာရေးဆရာ ဆူးငှက် က ပြောသည်။

လတ်တလောအရ အဆိုပါ အဆောက်အအုံ များအား ပြန် လည် ဖော်ထုတ်ရန် အလျဉ်းမသင့် သေးပါကလည်း အမည်နာမ ဖျောက်ဖျက် ခံထားရသည့် မြို့တွင်း လမ်းမကြီးများ၏ မူလ နာမည်များပြန်လည်ရေးသား ပြောဆိုသတ် မှတ်ပေးရန်လည်း ၄င်းက တိုက် တွန်းသည်။

လက်ရှိ အခြေအနေ အရ အ ကောင်းအတိုင်းရှိနေသော မန္တလေး အာဇာနည် ၁၇ ဦး ဗိမာန်နှင့် ပတ်သက်၍ ကော်မတီ တစ်ရပ်ဖွဲ့ စည်းပြီး မူလမြေနေရာ အကျယ် အဝန်း၊ ထိုက်တန်သည့် အဆင် အပြင်များဖြင့် ပြုပြင်ထိန်းသိမ်း စောင့်ရှောက် သင့်ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ် စွမ်းအင်နှင့် ဆောက်လုပ် ရေးဝန်ကြီး ဦးဇာနည်အောင်က တိုက်တွန်းပြောဆိုသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*