မြန်မာနိုင်ငံ အနှံ့ ရုပ်ရှင်ရုံများစွာ ဆက်တိုက် ဖွင့်လှစ် သွားမည်ဟုပြောသည့် လွင်မိုး

မြန်မာနိုင်ငံ အနှံ့ ရုပ်ရှင်ရုံများစွာ ဆက်တိုက် ဖွင့်လှစ် သွားမည်ဟုပြောသည့် လွင်မိုး
June 1, 2017 Asian Fame

11:59 am
မြန်မာနိုင်ငံ အနှံ့ ရုပ်ရှင်ရုံများစွာ ဆက်တိုက် ဖွင့်လှစ် သွားမည်ဟုပြောသည့် လွင်မိုး

LwinMoe(ရန်ကုန်၊ မေ ၂၉  )

မြန်မာနိုင်ငံ အတွင်း မြို့အလိုက် ရုပ်ရှင်ရုံများစွာ ဖွင့်လှစ် သွားရန်ရှိကြောင်း ရုပ်ရှင်ရုံတစ်ရာ စီမံ ကိန်းအတွက် အကောင်အထည်ဖော် လျက်ရှိ သော Paradiso ကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သည့် သရုပ်ဆောင် လွင်မိုးက ပြောသည်။

”မေလ ၂၆ ရက်နေ့က ဖျာပုံမှာ ဖွင့်တယ်။ အခုရုပ်ရှင်ရုံ မရှိတဲ့မြို့တွေမှာ သွားဆောက်နေ တာ။ မှော်ဘီ၊ မုံရွာ၊ ဖျာပုံမှာ ဖွင့်ပြီးပြီ။ အောင် ပန်း၊ သထုံမှာ ထပ်ဖွင့်မယ်။ အခု မုံရွာမှာဆိုရင် ကိုမီးပွားရဲ့ ‘ချိုမြိန်သော လက်စားချေခြင်း’ ဇာတ် ကားရုံတင်တာ အံ့သြ ဖွယ်ကောင်းလောက် အောင် အားပေးကြပါတယ်။ လက်ရှိ တပြိုင်နက်တည်း ဆောက်နေတာ ၁၅ နေရာ လောက် ရှိတယ်။ ရမည်းသင်း၊ ကလေး၊ ရွှေဘို၊ တောင်တွင်းကြီး၊ ကျောက်ပန်းတောင်း အများကြီး ထပ်ဖွင့်ဖို့ ရှိတယ်။ တစ်လကို ၂ရုံ၊ ၃ရုံ လောက်ဖွင့်သွားမယ်” ဟု ၄င်းက ပြောသည်။ ရုပ်ရှင်ရုံ များစွာ ဖွင့်လှစ်သွားမည့် ရုပ်ရှင်ရုံတစ်ရာ စီမံကိန်းတွင် အခက်အခဲ များစွာ ရှိသေးကြောင်းလည်း ၄င်းကပြောသည်။

နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည့် အခြေအနေနှင့် ပတ်သက်၍ ”နိုင်ငံတော် ကတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ သူတွေကို ၁ဝဝ ရာခိုင်နှုန်း ဖွင့်ပေးမယ့် သဘောရှိပါတယ်။ အဲဒီမှာ ရုပ်ရှင်ပြည်တွင်း ထုတ်လုပ်သူတွေ ရယ်၊ ရုပ်ရှင်ရုံ ဆောက် တဲ့သူ တွေကလည်း တကယ်လို့ နိုင်ငံတကာက ဝင်ရောက်လာမယ် ဆိုရင် သူတို့ နဲ့ယှဉ်ပြိုင်ရမှာ။ ဒါပေမယ့် ကျွန်တော် ဖြစ်စေ ချင်တာက ကျွန်တော်တို့ ရုပ်ရှင်ရုံက အများကြီး အခက်အခဲ တွေ ရှိပါသေးတယ်။ ပြည်တွင်းမှာပဲ တော်တော် ခက်ခက်ခဲခဲ လှုပ်ရှားနေရတာ။ အဲဒီအ ချိန်မှာပဲ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ပြီး လုပ်ရမယ်ဆိုတော့ ပိုပြီး ခက်ခဲမယ်လို့တော့ ထင်ပါ တယ်” ဟု ပြောသည်။

တွယ်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*