5:27 pm
မေလ ၂ဝ ရက်နေ့ ထုတ် မြန် မာ့အလင်း သတင်းစာ၏ လွှတ် တော်ရေးရာ သတင်း တစ်ပုဒ်ကို ဖတ်မိရာက အစပြု၍ ဒီအကြောင်း အရာလေး ကို ရေးဖို့ဖြစ်လာခဲ့ သည်။ ပြည်သူ့ လွှတ်တော် ပုံမှန် အစည်းအဝေးတွင် လွှတ်တော်အမတ် တစ်ဦးက ပညာရေး ဟန်ချက်မညီ ဖြစ်နေခြင်း အပေါ် မေးခွန်းထုတ် ခဲ့သည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ပြန်လည် ဖြေကြားမှု၌ ၂ဝ၁၆-၂ဝ၁၇ ပညာ သင်နှစ်တွင် တစ်နိုင်ငံလုံးမှ တက္က သိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို သူဦးရေ စာရင်းကို ထည့်သွင်းတင် ပြသွားခဲ့သည်။ အဆိုပါ သတင်း ဖော်ပြချက်အရ ဓာတုဗေဒဘာသာ ဖြေဆိုသူ ၆၄ဝဝ၇၁ ဦး၊ ရူပဗေဒ ဘာသာ ဖြေဆိုသူ ၆၃၉၇၂၅ ဦး၊ ဇီဝဗေဒ ဘာသာ ဖြေဆိုသူ ၁၇၆၉၆၈ ဦး၊ ပထဝီဝင်ဘာသာဖြေဆိုသူ ၇၃၉၉၁ ဦး၊ သမိုင်းဘာသာ ဖြေဆို သူ ၇၁၄၄၁ ဦး၊ ဘောဂဗေဒဘာသာ ဖြေဆိုသူ ၅၃၅၇ဝ၇ ဦး၊ စိတ်ကြိုက် မြန်မာစာဘာသာ ဖြေဆိုသူ တစ်ဦး ရှိခဲ့ကြောင်းမှတ်သားရသည်။ တဖန် ပထဝီဝင် ဘာသာရပ်နှင့် သမိုင်း ဘာသာရပ်ကို တစ်နိုင်ငံလုံးရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၏ ဆယ်ပုံ တစ်ပုံခန့်သာ သင်ယူနေ ကြောင်းကိုပါ သိရှိလိုက်ရသည်။
အသိအကျွမ်းထဲမှ ဆယ်တန်း တက်နေ သူများအား တွေ့သည့် အခါတိုင်းလည်း ဘိုင်အိုတွဲလား၊ အီကိုတွဲလား ဒါမှမဟုတ် သိပ္ပံတွဲ လား၊ ဝိပ္ပံတွဲလား ဟုသာ မေးဖြစ် နေခဲ့သည်ကို အခုမှ သတိထား မိသည်။ အမေးခံရသူတို့အတွက် ကလည်း ဒီမေးခွန်းက လုံလောက် နေပြီဖြစ်သည်။ သို့သော် ယခုကိန်း ဂဏန်းများကို တွေ့လိုက်ပြီးချိန် မှာတော့ မေးချင်သည့် မေးခွန်းများ ထပ်ပေါ်လာခဲ့ပါသည်။ မိမိ၏ပတ် ဝန်းကျင်တွင် ဇီဝဗေဒ ဘာသာရပ် ကိုယူသူမှာ အားလုံး နီးပါးဖြစ်၍ အများစုမှာ သိပ္ပံတွဲယူ သူများဟု အမှတ်ထားခဲ့သည်မှာ လွဲချော်နေ ပြီဖြစ်သည်။ ဤသို့ကောက်ချက်လွဲ ချော်နေသည်မှာ မိမိလက်လှမ်းမီ သလောက် လက်လှမ်းမိ သလောက် ကိန်းဂဏန်း အချက်အလက်များ ကိုသာ အတည်ယူပြီး သုံးသပ်ဆုံး ဖြတ်မိခဲ့၍ ဖြစ်သည်။ အခုတော့ နိုင်ငံ တစ်ခုလုံးကို လွှမ်းခြုံမိစေ သော ကိန်းဂဏန်း အချက်အလက် ကို ထုတ်ပြန် ပြောဆိုပေး၍ သိရှိ လိုက်ရသော အခါတွင် ကိုယ်ယခင် ကထင်ထားသည်မှာ မဟုတ်မှန်ပါ လားဆိုသည်ကို ဂဃနဏ သိလိုက် ရပြီဖြစ်သည်။ ဒါသည် တိကျမှန် ကန်သော ကိန်းဂဏန်းများကို ခိုင် မာသော သတင်းရင်းမြစ်များမှ တစ် ဆင့် တရားဝင် ထုတ်ဖော်ပြောကြား ပေးမှု၏ အကျိုးဆက် ရလဒ်ပင်ဖြစ် ပါသည်။
စပျစ်ခြံ တစ်ခြံထဲ ရောက်ခဲ့ သည့်အခါမျိုးတွင် အနီးအနားရှိ အပင်တစ်ပင်က လက်လှမ်းမီရာ အသီးတစ်လုံးကို ဆွတ်ခူးစားကြည့် လိုက်ရုံဖြင့် ဒီခြံမှ စပျစ်သီးတွေက ချိုတာပဲ၊ ချဉ်သာပဲဟု ကောက်ချက် ချ မှတ်ချက် ပေး၍ မရနိုင်ပါ။ ထို သို့လည်း ကောက်ချက်ချ မှတ်ချက် ပေးမှုမျိုး ကိုလည်း မပြုလုပ်သင့်ပါ။ တစ်ခြံလုံးရှိ အပင်အားလုံးမှ အသီး တစ်လုံးစီကို လိုက်စားကြည့်သင့် တာပေါ့။ အဲ့ဒီလို လိုက်မဆွတ်ခူးနိုင် ခဲ့လျှင် အနည်းဆုံးတော့ အပင်စုစု ပေါင်း၏ ခြောက်ပုံတစ်ပုံ ခုနှစ်ပုံ တစ်ပုံ လောက် အပင်များမှ အသီး တစ်လုံးစီကိုတော့ ဆွတ်ခူးမြည်း စမ်းသင့်သည်။ သို့မှသာလျှင် ပိုမို မှန်ကန်နိုင်မည့် ကောက်ချက်မျိုး ကို မှတ်ချက်ပေးနိုင်မည် ဖြစ်သည်။ ပညာရပ် ဆန်ဆန် ပြောရမည်ဆို လျှင် ထိုသို့ အမြည်းစား ကြည့်မည့် နမူနာ အပင် အရေအတွက်သည် ခြံထဲရှိ အပင်အားလုံး ပမာဏကို ကိုယ်စားပြုနိုင်မည့် နမူနာ အရေ အတွက် ဖြစ်ဖို့လိုပါသည်။ အကယ် ၍ ထိုစပျစ်ခြံသည် ဧကများစွာ ကျယ်ဝန်းသော ခြံဖြစ်မည် ဆိုပါက နမူနာအဖြစ် ဆွတ်ခူး ရမည့် အပင် တို့သည် လုံလောက်သော နမူနာ အရေအတွက် ပြည့်ဖို့လိုသည် သာ မက ခြံကျယ်ကြီး၏ နေရာစုံမှ အ ပင်များ ပါဝင်ဖို့လည်း အရေးကြီးပါ သည်။ ခြံကျယ်ကြီး၏ အရှေ့ တောင်ထောင့်ရှိ အပင်များမှ အသီး များကို စားကြည့်ရုံဖြင့် အနောက် မြောက်ထောင့်က အပင်တွေကိုပါ ထည့်သွင်း မှတ်ချက်ပေးခြင်းမျိုး မပြုလုပ်သင့်ပါ။
အပေါ်က ကိန်းဂဏန်းများကို ပြန်ဆက် ကြည့်ကြရအောင်။ အဆို ပါ စာရင်းအရ ဆိုလျှင် သချာင်္၊ ဓာတု၊ ရူပ ဘာသာတွဲ ယူသူ ၅ ယောက် တွင် သုံးယောက်သည် ဘောဂနှင့် တွဲယူကြပြီး၊ နှစ်ယောက်သည် ဇီဝ နှင့် တွဲယူကြသည်ဟု ယေဘုယျ ကောက်ချက်ချ၍ ရပါသည်။ သို့ သော် ဤကောက်ချက်ချမှု သည် ယခုတစ်နှစ် အတွက်သာဖြစ်သည်။ အရပ်စကားနှင့် ပြောရလျှင် အခု ဒီလို ချည်းတော့ ဖြစ်နေပြီ ဟု ပြော ၍ရသည်။ သို့သော် ဒီလိုမျိုးချည်း တော့ ဖြစ်နေခဲ့ပါပြီ ဟုတော့ ပြော ၍မရနိုင်ပါ။ ဤအချိုးသည် ယခု နှစ်မှ သာဖြစ်သည်လား၊ လွန်ခဲ့ သော ဆယ်စုနှစ်တွေ ကတည်းက ဤအတိုင်း ပဲလား၊ သို့မဟုတ် မည် သည့်နှစ်လောက်က ပြောင်းလဲခဲ့ သနည်း ၊ ပြောင်းလဲ ခဲ့လျှင်လည်း ထိုပြောင်းလဲမှုသည် တစ်ရိပ်ရိပ် ပြောင်းလဲခဲ့ သည်လား၊ ရုတ်ချည်း ပြောင်းလဲခဲ့သည်လား ဆိုတာ တွေ ကို လေ့လာ ဆန်းစစ်နိုင် ဖို့ လိုလာ ပါသည်။ ထိုအတွက် ဆိုလျှင်တော့ နှစ်အလိုက် ကိန်းဂဏန်း အချက် လက်များကို ဆယ်စုနှစ် တစ်ခုစာ၊ နှစ်ခုစာလောက် ရရှိဖို့ လိုအပ်လာ ပါသည်။ ထိုသို့အချိန် ကာလ တစ် လျှောက် ကိန်းဂဏန်းအချက်အ လက်များကို ရရှိ တွက်ချက်မှသာ လျှင် ဖြတ်သန်းခဲ့သည့် ကာလတစ် လျှောက်၏ အခြေအနေများကို ခိုင် ခိုင်မာမာ ဆန်းစစ် ကောက်ချက်ချ နိုင်မည်သာမက ရှေ့လာမည့် တစ် နှစ်တာ၊ နှစ်နှစ်တာ ကာလ အတွက် လည်း ခန့်မှန်း ပြောဆိုနိုင်မည်ဖြစ် သည်။
ယခု တင်ပြရေးသားခဲ့သည် များကို အကျဉ်းပြန်ချုပ် ရလျှင် တိ ကျခိုင်မာသော ကိန်းဂဏန်း အချက်အလက် များကို သက်ဆိုင်ရာ များကလည်း ပြည့်ပြည့်စုံစုံ ထုတ် ပြန်ပေးမည်။ လေ့လာသူများက လည်း ထိုကိန်းဂဏန်း များကို ဂဏန်းတန်ဖိုးချည်း သက် သက် လေ့လာ မှတ်သားမှုမပြုဘဲ ထိုကိန်း ဂဏန်းများ၏ ဆက်စပ်မှု ပါဝင်မှု အချိုးအစား စသည်တို့ကိုပါ လေ့ လာကြမည်။ မိမိ လက်သင့် ရုံ မျက် စိတစ်ဆုံး လောက်သာ မဟုတ်ဘဲ ပြည့်စုံ လုံလောက်သော ကိန်းဂဏန်း အရေအတွက် များ ရရှိအောင် စု စည်းဆောင် ရွက်မည်။ အချိန်ကာ လတစ်လျှောက် ကိန်းဂဏန်းတန် ဖိုးများအပေါ်၌ လေ့လာဆန်းစစ် ကောက်ချက်ချကြမည် ဆိုလျှင် စာ ရေးသူ အမှတ် မှားခဲ့သည် မျိုးကို ရှောင်ရှားနိုင်ပါလိမ့်မည်။ရှေ့ ဆက်၍လည်း တိကျပြည့်စုံသည့် ကိန်းဂဏန်း အချက်အလက် များ ဖြင့် လေ့လာ ဆန်းစစ်ကောက် ချက် ချမှုများ ပြုလုပ်နိုင်ရန်လည်း မျှော် လင့်မိပါသည်။
ကိုးကား –
၁။ ၂ဝ၁၇ ခုနှစ်၊ မေ ၂ဝ ရက်ထုတ် မြန်မာ့အလင်း နေ့စဉ်သတင်း စာ
၂။ ဖွံ့ဖြိုးမှုပညာ မဟာတန်း၊ သု တေသနပညာ ဒီပလိုမာနှင့် ပထဝီဝင် သတင်းအချက်အ လက်စနစ် ဒီပလိုမာသင်တန်း တို့မှ မှတ်စုတိုများ