အစိုးရသစ်နဲ့ အပြောင်းအလဲ တက္ကသိုလ်ဝင်ပွဲ

အစိုးရသစ်နဲ့ အပြောင်းအလဲ တက္ကသိုလ်ဝင်ပွဲ
August 29, 2016 Asian Fame

11:16 am
အစိုးရသစ်နဲ့ အပြောင်းအလဲ တက္ကသိုလ်ဝင်ပွဲ

ပြီးခဲ့သည့်အစိုးရလက်ထက် နှင့် နှိုင်းယှဉ်ပါက လူ ၄ သိန်းခွဲ ကျော် ကျရှုံးခဲ့သည့် ၂ဝ၁၆ တက္က သိုလ်ဝင်စာမေးပွဲ အောင်မြင်သူ တို့အ တွက်  ယခုအစိုးရသစ်အဖွဲ့မှ ခေါ်ယူလိုက်သည့် တက္ကသိုလ်ဝင် ခွင့်သည် ပြောင်းလဲမှုအချို့ ရှိခဲ့ သည်။

ယင်းမှာ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ၊ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များ၊ စီးပွား ရေးတက္ကသိုလ်များနှင့် ပညာရေး တက္ကသိုလ်များအတွက် ဝင်ခွင့် ဦးရေကို အနည်းငယ်တိုးမြှင့်ခြင်း တို့ဖြစ်သည်။

ပြီးခဲ့သည့် အစိုးရလက်ထက် က ဆေးဘက်ဆိုင်ရာ တက္ကသိုလ် များအတွက် ဝင်ခွင့်လက်ခံသည့် ဦးရေကို ၃၁၂ဝ ဟု သတ်မှတ်ထား ခဲ့ရာ ယခုနှစ်တွင် ၃၁၇ဝ အဖြစ် လည်းကောင်း၊ ပြီးခဲ့သည့်နှစ်က    ၁ဝ၆၉ဝ ဦးရေလက်ခံခဲ့သည့် နည်း ပညာနှင့် ကွန်ပျူတာတက္ကသိုလ် များသည် ယခုနှစ်တွင် ၁ဝ၇၂ဝ ဦးရေသို့လည်းကောင်း၊ ပြီးခဲ့သည့် နှစ်က ၂၉၅ဝ ဦးရေ လက်ခံသည့် စီးပွားရေးတက္ကသိုလ်များသည် ယခုနှစ်တွင် ၃ဝ၅ဝ ဦးရေသို့လည်း ကောင်း၊ ပြီးခဲ့သည့်နှစ်က ၆ဝဝ ဦးရေ လက်ခံသည့်  ပညာရေးတက္ကသိုလ်များသည် ယခုနှစ်တွင် ဦးရေ ၇ဝဝ သို့လည်းကောင်း တိုးမြှင့် ခေါ်ယူသည်ကို တွေ့ခဲ့ရသည်။

ပညာရေးဝန်ကြီးဌာန ပြော ခွင့်ရပုဂ္ဂိုလ်တစ်ဦးက ယခုပြောင်း လဲမှုသည် တက္ကသိုလ်ဝင်ခွင့် စိစစ် ရွေးချယ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်   ဖြစ်သည်ဟု  ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်ခွင့်ရွေး ချယ်သည့် ပုံစံသည် တက္ကသိုလ် အလိုက် လျှောက်ထားသည့် ကျောင်းသားများအား အမှတ် အများ အနည်း စဉ်၍ တက္ကသိုလ်မှ လက်ခံနိုင်သည့် အရေအတွက် အတိုင်း ဦးရေ စိစစ်လက်ခံခြင်း ဖြစ်သည်ဟု ၄င်းကရှင်းပြသည်။

►ဆေးဘက်ဆိုင်ရာ တက္ကသိုလ်တွေ လူတိုးခေါ်

ဆေးဘက်ဆိုင်ရာ တက္ကသိုလ် များထဲမှ ဆေးတက္ကသိုလ် ၅ ခု အတွက် ဝင်ခွင့်လက်ခံသည့် ဦးရေ သည် ယခင်နှစ်ကထက် ၁ဝဝ တိုး သွားပြီး အခြေခံကျန်းမာရေး တက္ကသိုလ်အတွက် ဝင်ခွင့်ဦးရေ သည် ယခင်နှစ်ကထက် ၅ဝ ဦး ပိုလာခဲ့သည်။

ယင်းအပေါ် ဆေးဘက်ဆိုင် ရာ တက္ကသိုလ်များကို ကွပ်ကဲရ သည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြောခွင့်ရ ဒုတိယအမြဲ တမ်းအတွင်းဝန် ဦးစိန်ဝင်းက      ”တက္ကသိုလ်တွေကနေ လက်ခံသင် ကြားပေးနိုင်တဲ့ ဦးရေအတိုင်း တက္ကသိုလ်တွေက အတိုးအလျှော့  လုပ်ကြပါတယ်။ ဒီမူအတိုင်းပါပဲ” ဟုပြောသည်။

အရပ်ဘက်ဆိုင်ရာ ကျန်းမာ ရေးအဖွဲ့အစည်းအချို့က အစိုးရ အဖွဲ့သစ်  အနေဖြင့် ဆေးဘက် ဆိုင်ရာ တက္ကသိုလ်များအတွက် ယခုနှစ် ဝင်ခွင့်ကို ပြီးခဲ့သည့်နှစ်က ထက် ပိုတိုးပြီး ခေါ်ယူမှုအချို့ကို ကြိုဆိုခဲ့သော်လည်း ၂ဝ၁၁ ခုနှစ်  အထိ ဆေးဘက်ဆိုင်ရာ တက္က သိုလ်များအတွက် ဝင်ခွင့်လက်ခံ သည့်ဦးရေ ၃၉ဝဝ အထိ ရှိခဲ့ ကြောင်း၊ ထို့အတွက် ထိုပမာဏ အထိ ရောက်အောင် ဆောင် ရွက် ပေးသင့်သည်ဟု ထောက်ပြကြသည်။

ကချင်ပြည်နယ် အခြေစိုက်  လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီ အထွေထွေ အတွင်းရေး မှူး ဦးလာမာလေး က ”ပြည်မမှာ ဆရာဝန် သူနာပြုတွေ ပေါများ သလောက် တောင်တန်းဒေသ တွေမှာ ဆရာဝန်၊ ဆရာမတွေ ဟာ တော်တော်လေး လိုအပ်လျက် ရှိနေတာကို အများသိပြီးသားပါ။ ဒါ့ကြောင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်အတွက် ဝင်ခွင့်လက်ခံ ဦးရေကို လာမယ့်နှစ်တွေမှာ ပိုတိုး ပြီး ခေါ်ပေးသင့်ပါတယ်” ဟု ထောက်ပြသည်။

ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် မှ တာဝန်ရှိသူတစ်ဦးကလည်း ယခင် အစိုးရလက်ထက်က  ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့မှ တက္က သိုလ်ဝင်တန်းအောင် တိုင်းရင်း သား လူငယ်လေးများကို အမှတ် ကန့်သတ်ပြီး ဆေးတက္ကသိုလ်တက် ခွင့်ပေးသည့် ပုံစံကဲ့သို့  နည်းလမ်း တစ်မျိုးဖြင့် လုပ်ဆောင်ပေးသင့် ကြောင်း  ထောက်ပြသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ တက်စက ဆေးတက္ကသိုလ် ၄ ခု အတွက် ဝင်ခွင့်ဦးရေကို ၂၄ဝဝ အထိ ခေါ်ခဲ့ဖူးသော်လည်း နောက် တစ်နှစ် တွင် ၁၄ဝဝ အထိ လျှော့ချ ပစ်ခဲ့သည်ကို နားမလည်ခဲ့ကြောင်း ၄င်းကပြောသည်။

”ခုဆို ဆေးကျောင်းသား လက်ခံတဲ့ပမာဏ လျှော့ချလိုက်မှု ဟာ ၅ နှစ်ကျော်ပါပြီ။ အဲဒါဟာ လာမယ့် ၅ နှစ်မှာ ဆရာဝန်ရှား မယ့် အကျိုးဆက်ကို တောင်တန်း ဒေသတွေဟာ အခုထက်ပိုပြီးခံစား ရပါတော့မယ်။ နောက်မျိုးဆက် တွေ မခံစားရအောင်တာဝန်ရှိသူ တွေ ကြိုလုပ်သင့်ပြီလို့ ပြောချင်ပါ တယ်” ဟု ၄င်းက ဆက်ပြောသည်။

အစိုးရသစ်က ဆေးကျောင်း သားဦးရေ ယခုနှစ်တွင် တိုးမြှင့်ခေါ် ယူလိုက်သော်လည်း သွားဘက် ဆိုင်ရာ ဆေးတက္ကသိုလ်တို့အတွက် ဝင်ခွင့်လက်ခံသည့် ဦးရေမှာမူ အယောက် ၁ဝဝ လျှော့ချခဲ့သည်။

ထို့အတွက်ကြောင့် ယခုနှစ် အတွက် ဆေးဘက် ဆိုင်ရာတက္က သိုလ်များအား ဝင်ခွင့်ဦးရေတိုးမြှင့် လိုက်သည့် အစိုးရအဖွဲ့သစ်၏ လုပ်ဆောင်မှုသည် ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက်နှင့် နှိုင်းယှဉ်ပါက ဦးရေ ၅ဝ သာ တိုး  သွားသည်ဟု ဆိုရမည့်ပုံပေါက်   နေကြောင်း ပညာရေးလေ့လာသူ  တစ်ဦးက ပြောသည်။

►နည်းပညာကဏ္ဍဝင်ခွင့် အခြေအနေ

လေကြောင်းနှင့် အာကာသ တက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်(အဆင့်မြင့်)နှင့် မန္တလေး ကွန်ပျူတာတက္ကသိုလ်(အဆင့်မြင့်) အပါအဝင် အခြားကွန်ပျူတာ တက္ကသိုလ်များအတွက် ဝင်ခွင့်ကို ပြီးခဲ့သည့်နှစ်ကထက် ဦးရေ အနည်းငယ် ပိုခေါ်ခဲ့ သော်လည်း အခြားသော နည်းပညာတက္ကသိုလ် တို့အတွက် ဝင်ခွင့်လက်ခံသည့် ဦးရေကို ၁၈ဝ အထိ လျှော့ချလိုက် ခဲ့ရာ နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များ ကဏ္ဍတွင်လည်း ဦးရေ ၃ဝ ကိုသာ ပြီးခဲ့သည့်နှစ်က ထက် ခေါ်ယူခဲ့သည့်ပုံပေါက်သွား သည်။

►စီးပွားရေးပညာရှင်တွေကို မွေး ထုတ်မပေးတော့ဘူးလား

ရန်ကုန်၊ မုံရွာနှင့် မိတ္ထီလာတို့ တွင်သာ ဖွင့်လှစ်ထားသည့် စီး ပွားရေးတက္ကသိုလ် ၃ ခုအတွက် ယခုနှစ် ဝင်ခွင့်ခေါ်ယူမှုသည် ပြီး ခဲ့ သည့်နှစ်ကနှင့် နှိုင်းယှဉ်ပါက အယောက် ၁ဝဝ တိုးသွားသည်။

ပြီးခဲ့သည့်နှစ်က ၂၉၅ဝ သာ ဝင်ခွင့်လက်ခံရာမှ ယခုနှစ်တွင် ၃ဝ၅ဝ အထိ တိုးလိုက်သော ကြောင့်ဖြစ်သည်။

သို့သော်လည်း ကျောင်းသား တိုးမြှင့်မှုက မုံရွာစီးပွားရေးတက္က သိုလ်တွင်သာ ဦးရေ ၁ဝဝဝ မှ ၁၂ဝဝ အထိ တိုးခဲ့ပြီး၊ ပြီးခဲ့သည့် နှစ်က လက်ခံဦးရေ ၇၅ဝ ရှိခဲ့သည့် မိတ္ထီလာ စီးပွားရေးတက္ကသိုလ်ကမူ ယခုနှစ်တွင် ၆၅ဝ ဖြစ်သွားသည်။

►ပညာရေးအတွက် အနည်းငယ်  တိုးပြီး နိုင်ငံခြားဘာသာအတွက် လူတွေ လျှော့လိုက်တယ်

၂ဝ၁၁ ခုနှစ်က စပြီး နှစ်စဉ် ဦးရေ ၃ဝဝ သာ လက်ခံသည့် ရန် ကုန်သည် ယခင်အတိုင်းသာ ဝင် ခွင့်လက်ခံခဲ့ပြီး စစ်ကိုင်းပညာရေး တက္ကသိုလ်တွင် မူလကထက် ၁ဝဝ တိုးကာ ယခုနှစ်တွင် ဦးရေ ၄ဝဝ လက်ခံခဲ့သည်။ ရန်ကုန်နှင့် မန္တလေး တွင်သာရှိသည့် နိုင်ငံခြား ဘာသာ တက္ကသိုလ်တို့အတွက် ယခုနှစ် ဝင်ခွင့်လက်ခံမှုသည် ပြီးခဲ့သည့်နှစ် ကထက် လျော့နည်းခဲ့သဖြင့် နိုင်ငံ ခြားဘာသာ တက္က သိုလ်ကျောင်း သားများအကြား ဂယက်ရိုက်ခဲ့ သည်။

အထူးသဖြင့် မန္တလေးနိုင်ငံ ခြားဘာသာ တက္ကသိုလ်တွင် ဖြစ် သည်။ အဘယ့်ကြောင့်ဆိုသော ပြီးခဲ့သည့်နှစ်ကထက် ဦးရေ ၁ဝဝ   လျှော့ခေါ်လိုက်သည့် အတွက် ကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က တာဝန်ရှိ သူအချို့က ပြောင်းလဲမှုပြုလုပ်ရ မည့် ဝန်ကြီးဌာနထဲမှာ ပညာရေး ဝန်ကြီးဌာနပါဝင်သည်ဟု ထောက် ပြကြပါသည်။

P – News

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*