ရန်ကုန်ဘဝ နှင့်အတူ နပန်းလုံး နေကြရသော ဒုက္ခသည် စခန်းပြန်များ

ရန်ကုန်ဘဝ နှင့်အတူ နပန်းလုံး နေကြရသော ဒုက္ခသည် စခန်းပြန်များ
May 19, 2017 Asian Fame

12:30 pm
ရန်ကုန်ဘဝ နှင့်အတူ နပန်းလုံး နေကြရသော ဒုက္ခသည် စခန်းပြန်များ

y1

မြန်မာပြည်သို့ ပြန်တော့မည် ဟု ဆုံးဖြတ်လိုက်ကတည်းက သူ့ ကလေးများအား စိတ်ကြိုက် ကစား ကြစမ်းဟု ကိုသန့်ဇင်မောင် ပြော ခဲ့ သည်။

သူတို့မိသားစု ဆယ်နှစ်ကျော် နေလာခဲ့သည့် ထိုင်းနိုင်ငံ နူပိုဒုက္ခ သည် စခန်းဝယ် ပစ္စည်းပစ္စယများ ကို ထုပ်ပိုးနေရင်းက ”မင်းတို့ ကြိုက်သလောက် စိတ်ရှိ လက်ရှိ ကစားကြစမ်းကွာ။ ဘာလို့လဲဆို တော့ မြန်မာပြည် ပြန်ရောက်ရင် အဲသလို ကစားကြရတော့မှာ မ ဟုတ်ဘူး” ဟု စိတ်မကောင်းစွာဖြင့် ကလေးများကို ပြောခဲ့သေးသည်။

သူ့သားနှစ်ဦး ဖြစ်ကြသည့် ခန့်မင်းနှင့် ခန့်လင်းတို့မှာ ယင်း နူပိုဒုက္ခသည် စခန်းတွင်ပင် မွေး ဖွား ကြီးပြင်းလာကြ သူများဖြစ်လေ ၏။ ဒါကို သူတို့အိမ်ဟုသာ သူတို့ သိကြသည်။ ဝါးတဲလေး၏ ဝါးကြမ်းခင်းပေါ်အိပ်၊ အပြင်ရှိ ဘုံ ရေကန်တွင် ရေချိုးကာ ကြီးပြင်း လာကြသော ခန့်မင်းနှင့် ခန့်လင်းတို့ သည် ဒုက္ခသည်စခန်းရှိ အခြား သော ကလေးများနည်းတူပင် စခန်းဝင်းအတွင်း ဝယ် ပြေးလွှား ဆော့ ကစားခဲ့ကြ သည်။

”ကလေးတွေရဲ့ အနာဂတ်နဲ့ မိန်းမရဲ့ကျန်းမာရေးအတွက် ပြန်ချင် နေတာကတော့ ကြာပါပြီ” ဟု ကိုသန့်ဇင်မောင်က ပြောပါသည်။

သူ့ဇနီး မသပြေစိုးမှာ လမ်း လျှောက်ရာတွင် အခက်အခဲ ရှိ နေပြီး လောလောဆယ်တွင် မည် သို့မျှ ကုသမရဖြစ်နေလေ၏။

၂ဝ၁၆ ခုနှစ် အောက်တိုဘာ လတွင်မူ UNHCR  နှင့် မိတ်ဖက် အဖွဲ့အစည်းတို့၏ အကူအညီဖြင့် နူပိုနှင့် သန်ဟင်း ဒုက္ခသည် စခန်း တို့မှ မိမိတို့ သဘော အလျောက် မြန်မာပြည်ပြန်လိုသူ ပထမအ သုတ် လူ ၇၁ ဦးအုပ်စုတွင် ကိုသန့် ဇင်မောင်တို့ မိသားစုပါလာသည်။ အများစုမှာ ကရင်ပြည်နယ်သို့ ပြန် ကြသူများဖြစ်ပြီး၊ တနင်္သာရီ၊ ပဲခူး နှင့် ရန်ကုန် တို့သို့ပြန်ကြသူများမှာ အနည်းငယ်မျှသာ ရှိလေ၏။

ထိုမှ ခြောက်လ ကြာသည် တွင်မူ ကိုသန့်ဇင်မောင် တို့ မိသား စုသည် ရန်ကုန်ရှိ သူ့ညီမ၏ အခန်း တွင် နေထိုင်လျက်ရှိကြလေပြီ။ သားနှစ်ဦးမှာမူ ကျောင်းမတက်ရ သည့် အချိန်များတွင် တတိယ ထပ်တိုက်ခန်းထဲတွင်သာ ဆော့ ကစားနေကြရ၏။

”ကျွန်တော် စခန်းကို လွမ်း တယ်ဗျ” ဟု အသက် ၇ နှစ်ရှိသူ ခန့်မင်းက ပြောပါသည်။

”ဒီမှာက သူငယ်ချင်းလည်း နည်းနည်းပဲ ရှိတယ်။ ပြီးတော့ အဖေကလည်း အပြင်ထွက် မဆော့ ရဘူးလို့ ပြောတယ်။ တိုက်ခန်း ထဲမှာ ဆော့ ရတာက ပျင်းစရာ ကြီး” ဟုလည်း သူက ပြောပါသေး သည်။

2သူ့ကလေး များ ရွယ်တူ သူငယ် ချင်းတွေနှင့် အံဝင်ခွင်ကျ မဖြစ်ကြ သည်ကို ဖခင်ဖြစ်သူ ကလည်း သိ ပါသည်။ စကားပြောတာ ကအစ မတူ သလို၊ နေပုံထိုင်ပုံ၊ စားပုံ သောက် ပုံတွေ ကပါ ဒုက္ခသည် စခန်းတွင် ကဲ့သို့ မတူခြားနားနေ သဖြင့် ကလေးတွေ အတွက် အရာ ရာမှာ အံဝင်ခွင်ကျဖြစ်ဖို့ အတော် ကြိုးစားနေ ကြ ရခြင်းပင်။

”အဆင်ပြေ လာမှာပါကွာ။ သူငယ်ချင်းတွေ လည်း ရလာမှာပါ လို့ပဲ ပြောနေရ တယ်” ဟု ကိုသန့် ဇင်မောင်က ပြောပါသည်။

အသက် ၄၈ နှစ် ရှိပြီ ဖြစ် သော ကိုသန့်ဇင်မောင်ကိုယ်တိုင် ကတော့ ပတ်ဝန်းကျင်နှင့် အသား ကျနေပြီဖြစ်၏။ သက် ကြီးစောင့် ရှောက်ရေး သင်တန်းကိုလည်း ၂ လကြာ တက်ခဲ့ပြီးပြီ။ သင်တန်း ဖော်များ၊ ဆရာများ၊ ရထားပေါ် ဝယ် နေ့စဉ် ဆုံနေရ သူ များနှင့် လည်း မိတ်ဆွေတွေဖြစ်နေလေပြီ။

ထို့နောက်တွင်မူ စခန်းမှ ရန် ကုန်သို့ ပထမအသုတ် ပြန်ရောက် သူများအတွက် အစိုးရက စီစဉ်ပေး သည့် ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာ တိုက်ခန်းသို့ သူတို့   မိသား စုပြောင်းကြရန် စီစဉ်ရပြန်သည်။

ထို တန်ဖိုးနည်းအိမ်ရာ ဝယ် ယူရန်အတွက် အစိုးရ၏ အစီအစဉ် အတိုင်း ဆောင်ရွက်ရန် UNHCR နှင့် မိတ်ဖက် အဖွဲ့အစည်းများ ပထမ အရစ်ငွေကို တာဝန်ယူ၏။ ကျန်အရစ်များတွင် လစဉ်ပေးသွင်း ရမည့် မြန်မာငွေ ရှစ်သောင်းကျပ် အတွက် လိုအပ်သည့် ငွေကြေး ကိုမူ ဆွေမျိုးများ မိတ်ဆွေ များဆီက ချေးရသည်။

”ကျွန်တော်တို့ လက်ရှိ အခြေ အနေအတွက် နည်းနည်းတော့ စိတ်ပူမိတယ်ဗျ” ဟု ယာဉ်မောင်း လိုင်စဉ်မရသေးသလို အလုပ် လည်း ရှာနေ ဆဲဖြစ်သော ကိုသန့် ဇင်မောင်က ပြောသည်။

”ဒါပေမယ့် စခန်းမှာတုန်းက ကျွန်တော် လေ့လာခဲ့တာတွေ အ များကြီးပါ။ ဒီတော့ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု ရှိပါတယ်။ ကျွန် တော်နဲ့ သင့်တော်တဲ့ အလုပ်ကို လည်း မကြာခင်ရမှာပါ” ဟုလည်း သူက ပြောပါသေးသည်။

အလုပ်ရှာနေစဉ်ပင် အခြား ရည်မှန်းချက် တစ်ခု သူ့တွင်ရှိနေ သေး၏။ ယင်းမှာကား ရွှေလင်ပန်း အိမ်ရာ စီမံကိန်းတွင် သက် ကြီး  စောင့်ရှောက်ရေး ဌာန ဖွင့်ရန်ပင် ဖြစ်လေသည်။

သူတို့လို ဒုက္ခသည် စခန်းမှ ပြန်လာကြသည့် အခြား မိသားစု တွေမှာလည်း သူ့အရပ် သူ့ဇာတ် အလိုက် ရုန်းကန်နေ ရသည်များ ရှိေ ကြာင်း ကိုသန့်ဇင်မောင်၏ ဇနီး ကပြောပါသည်။

3”တစ်ယောက် ကတော့ ဆန် ဆိုင်လေးဖွင့်ပြီး သူတို့သမီးက တော့ အလှပြင်ဆိုင်မှာ အလုပ် လုပ်နေရတယ်။ နောက် တစ် ယောက် ကတော့ ရွှေ လင်ပန်းမှာပဲ လက်သမား လုပ်နေလေရဲ့” ဟု သူက ပြောပါသည်။

သူမကိုယ်တိုင်လည်း ကျန်း မာရေးအခြေအနေ တိုးတက်လာ ပါသည်။ အသက် ၃၅ နှစ် ရှိနေ ပြီဖြစ်သော သူမ၏ ခြေထောက်မှာ လည်း ကုသမှု များကြောင့် ဝေဒ နာသက်သာနေပါပြီ။ လေဖြတ်နေ သော သူမမိခင်ကြီးနှင့် ရန်ကုန် တွင် ပြန်ဆုံရခြင်းကလည်း သူ့အ တွက် တအား တက်စေ ပြန်ပါ သည်။

ဒုက္ခသည်စခန်းတွင် ကြာမြင့် စွာနေထိုင် လာရသူတွေ မြို့ပြနှင့် အဆင်ပြေစေရန်အတွက် အချိန် တော့ယူရမည်ဖြစ်သည်။

”စခန်းမှာနေခဲ့တုန်းက ကျွန်မ တို့အားလုံးဟာ မိသားစုကြီး တစ်ခု လို နေခဲ့ကြတာ။ တူတူနေခဲ့ကြတဲ့ မိတ်ဆွေတွေကို ကျွန်မလွမ်းလိုက် တာရှင်”ဟု မသပြေစိုးက ပြောပါ သည်။

”ရန်ကုန်ကတော့ ကားတွေလူ တွေ အများကြီး ဖြစ်လာတာပဲ။ ဒါပေမယ့် ကိုယ့်အိမ်နီးချင်း ကိုယ်မတွေ့ရဘူးလေ။ သူတို့ အခန်း တံခါးတွေက အမြဲပိတ်ထားကြတာ ပဲ တွေ့တယ်” ဟုလည်း သူမက ပြောပါသေးသည်။

သည်လို စိန်ခေါ်မှုတွေ ရင် ဆိုင်နေလင့်ကစား သူတို့မိသားစု သည် မိမိတို့အခြေအနေ တိုးတက် ပြောင်းလဲရေး အတွက် သန္နိဋ္ဌာန်ချ ထားကြပါသည်။

”တကယ်လို့ဖြစ်မယ် ဆိုရင် အလုပ် လေးငါးခု ကျွန်တော်လုပ် မယ်ဗျာ။ ကျွန်တော့် အစီအစဉ်က နောက်ငါးနှစ်မှာ ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ကားနဲ့ဖြစ်ရမယ်။ ကလေး တွေကို အဆင့်မြင့် ကျောင်းမှာထား နိုင်ရမယ်။ မိသားစုလည်း ပျော် ပျော်ရွှင်ရွှင် နေနိုင်ရမယ်။ ဒါတွေ ဖြစ်လာမယ်လို့လည်း ကျွန်တော်ယုံ ကြည်ပါတယ်” ဟု ကိုသန့်ဇင်မောင် ကပြောပါသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခ သည်စခန်း များတွင် မြန်မာတွေ ၁ဝ၂ဝဝဝ ခန့်ကျန်နေသေးသည်။ ယမန်နှစ်က ပထမ အသုတ်ပြန် သွားကြသူတွေ၏ သတင်းများကို ကြားရပြီး ပြန်ချင်နေကြသူတွေ ပို များလာ၏။ မြန်မာပြည်ပြန်ရောက် နေကြသူတွေ၏ အခြေအနေ တိုး တက်မှုများက စခန်းတွင် ကျန်နေ သေးသူတွေ သူတို့အနာဂတ်အ တွက် ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ချရန် သတင်း အချက်အလက်များ ဖြစ်လေတော့သည်။

ရန်မျိုးအောင်
Ref: From camp to city, Myanmar returnees grapple with Yangon life By Vivian Tan

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*