မိုးကုတ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရေး လုပ်ငန်းများကို ရပ်ကွက် အုပ်ချုပ်ရေးပိုင်းက ဝင်ရောက် လုပ်ဆောင်နေရ

မိုးကုတ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရေး လုပ်ငန်းများကို ရပ်ကွက် အုပ်ချုပ်ရေးပိုင်းက ဝင်ရောက် လုပ်ဆောင်နေရ
January 18, 2017 Asian Fame

5:25 pm
မိုးကုတ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရေး လုပ်ငန်းများကို ရပ်ကွက် အုပ်ချုပ်ရေးပိုင်းက ဝင်ရောက် လုပ်ဆောင်နေရ

mdy (မိုးကုတ်၊ ဇန်နဝါရီ ၁၇)

မိုးကုတ်မြို့တွင် မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားမှု ဖမ်းဆီး နှိမ်နင်းရေးလုပ် ငန်းများကို  ရပ်ကွက် အုပ်ချုပ်ရေးပိုင်းက လုပ်ဆောင် နေ ရသည့် အခြေအနေ ဖြစ်နေ ကြောင်း မြို့ခံ များထံမှ သိရသည်။

ဇန်နဝါရီ ၁၃ ရက်မှ စတင်ကာ မိုး ကုတ်မြို့ ရှောလီဝိုင်း ရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်သော မူးယစ် ဆေးဝါး တား ဆီး နှိမ်နင်းရေးနှင့် ရပ်ကွက် လုံခြုံရေး အဖွဲ့ဖြင့် မူးယစ်ဆေးဝါး ရောင်း ဝယ် သူများအား ရှောင်တခင် ဝင်ရောက် ဖမ်းဆီးမှုများ၊ ရပ်ကွက် အတွင်း မူးယစ် ဆေးဝါးရောင်းချခြင်း မပြုရန် ဗီနိုင်း ပိုစ တာများဖြင့် လှည့်လည် လှုံ့ဆော်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ရှောလီဝိုင်း ရပ်ကွက်အုပ်စု အုပ်ချုပ် ရေးမှူး ဦးစိုးမြင့်က ”အရောင်းအဝယ် လုပ် တယ်လို့ သိရတာနဲ့ ကျွန်တော် တို့က အုပ်စု နဲ့ သွားဖမ်းတယ်။ ပြီးရင် ရဲစခန်းပို့တယ်။ ဒီအစီအစဉ် စပြီး ကတည်းက ၆ ယောက် ဖမ်းဆီးနိုင်ခဲ့တယ်။ ကျွန်တော့် ရပ်ကွက်မှာ ကျွန်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီးနောက် ပိုင်း အရက် မူးယစ်ဆေးစွဲပြီး ပြဿနာဖြစ် လို့ လင်မယား ကွာရှင်းတာ ၁၅ ခါဖြစ်ပြီးပြီ။ တချို့လည်း ဆေးဖြတ်ချင် ကြပေမယ့် ငွေ ကြေး မတတ်နိုင်လို့ မဖြတ်နိုင်သူတွေ ရှိ တယ်။ အခမဲ့ ဆေးဖြတ်ပေးမယ့်နေရာ ပြန် လည် ထူထောင်ရေး စခန်း တစ်ခုတော့ ရှိ သင့်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင် ရေး အသင်း ရုံးခွဲကို မိုးကုတ်တွင် ဖွင့်လှစ် ထားသော်လည်း အတည်တကျ မဖြစ်သေး သဖြင့် လုပ်ငန်း ဆောင်ရွက်မှု ကဏ္ဍတွင် အခက်အခဲ တချို့ ရှိနေသေးကြောင်း သိရ သည်။

”ကျွန်တော်တို့က ဖမ်းဆီးတဲ့ ကိစ္စမလုပ် ပါဘူး။ ပညာပေး လုပ်ငန်းတွေ လုပ်ပါတယ်။ အခုက အသင်းရုံး ကလည်း အတည်တကျ မရှိတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်တာ တွေ မလုပ်နိုင်သေးပါဘူး၊ တိုင်းအစိုးရ ဝန်ကြီး ကတော့ မြေနေရာ ရှိရင် ရန်ပုံငွေချ ပေး မယ် ပြောပါ တယ်။ မူးယစ်ဆေးစွဲသူကို ကုသပေးပြီး ပြန်လည် ထူထောင်ရေးစခန်း တစ်ခု ဖွင့်နိုင်အောင် ကျွန်တော်တို့ ကြိုး ပမ်းနေပါ တယ်”ဟု မြန် မာနိုင်ငံ မူးယစ် ဆေးဝါး ဆန့်ကျင်ရေး အသင်း (မိုးကုတ်မြို့) ဥက္ကဋ္ဌဦးအောင်နိုင် က ပေါ်ပြူလာနယူးစ် သို့ ပြောသည်။

လတ်တလောတွင် အဆိုပါ အသင်း ရုံးခန်းအား မိုးကုတ်မြို့ မဟာမြတ်မုနိ ဘုရား ဂေါပက ရုံးခန်းတွင် ယာယီ ဖွင့်လှစ်ထားရ ပြီး ဖြစ်နိုင် လျှင် အသုံးပြုမှု မရှိတော့သည့် ဘိုးဘွားရိပ်သာ မြေနေရာနှင့် အဆောက် အအုံကို အငှားစနစ်ဖြင့်ဖြစ်စေ အသုံးပြု ခွင့်ရချင်ကြောင်း အသင်းဝင်များက ပြော သည်။ မိုးကုတ်တွင် အခကြေးငွေဖြင့် မူး ယစ်ဆေးဝါး ဖြတ်ပေးသည့် နေရာတစ်ခုရှိ ပြီး ငွေကြေး မတတ်နိုင် သူများ အတွက် အ ခမဲ့ဆေးဖြတ်ခန်း တစ်ခု ရှိသင့်ကြောင်း မြို့ ခံများက ပြောသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*