3:10 pm
ဝေရှိုင်းကျော်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
အစိုးရသစ် လက်ထက် ၉ လ ကျော်အတွင်း တရားမဝင်သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၁ ဦးနှင့် မြန်မာနိုင်ငံသား ၆ ထောင် ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သစ် တော ဦးစီးဌာနမှ သိရသည်။ ထိုသို့ ဖမ်းဆီးရာတွင် သစ်တန် ချိန် ၄၁၇၅၈ နှင့်အတူ ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်နှင့် နှိုင်း ယှဉ်ကြည့်ပါက အစိုးရသစ်လက် ထက် တရားမဝင်သစ်များ ခိုးထုတ်မှုမှာ အမြင့်ဆုံးအဆင့်ကိုရောက်ရှိ နေပြီဖြစ်ကြောင်း သစ်တောဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းက ပြောသည်။
”ပြောမယ်ဆိုရင် တရားဝင်သစ်တွေ မိတာကတော့ ရလဒ်ကောင်း မဟုတ်ပါဘူး။ အခုလိုခိုးထုတ်တာတွေများတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေပါ ရှိလာပါတယ်” ဟု ၎င်းက ပြောသည်။ သစ်ခိုးထုတ်သူများအား ဖမ်းဆီးမှုတွင် မွန်ပြည်နယ်မှာ တရားခံ ၁၁ဝ၇ ဦးဖြင့် အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းသည် ၇၄၄ ဦးဖြင့် ဒုတိယ အများဆုံးဖြစ်ကာ အခြား ပြည်နယ်နှင့် တိုင်းများတွင်လည်း ဖမ်းဆီးရမိကြောင်း၊ ၎င်းတို့နှင့် အ တူ သစ်ခိုးထုတ်ရာတွင် အသုံးပြုသည့် ယာဉ်ယန္တရားပေါင်း ၂၁၁ဝ ဖမ်းဆီးရမိခဲ့ကြောင်း ဦးဇော်မင်း က ပြောသည်။ ထို့အပြင် သစ်စက်အင်ဂျင် ၄၂၅ ခု၊ လွှဝိုင်း ၃၄၅ ခု၊ ချိန်းဆော စက်လွှ ၂၆၂ ခု နှင့်အခြားဆက်စပ် လှည်း၊ ကျွဲ၊ နွားများကိုလည်း ဖမ်း ဆီးရမိခဲ့ကြောင်း အထက်ပါဌာန မှ သိရသည်။
တစ်နိုင်ငံလုံးတွင် သစ်ထုတ်ယူ ခွင့်ကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တွင် ရပ်ဆိုင်းလိုက်ပြီး ပဲခူးရိုးမတွင် ကျွန်းနှင့် သစ်မာထုတ်ယူခြင်းကို ၁ဝ နှစ်အထိ ရပ်နားထားမည်ဖြစ် ကြောင်း သယံဇာတနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။ လတ်တလောတွင် သစ်တော ဦးစီးဌာနအနေဖြင့် တရားမဝင် သစ်ခိုးထုတ်မှုများကို ထိန်းသိမ်း ကာကွယ်တားဆီးခြင်းနှင့် ရှာဖွေ ဖော်ထုတ် ဖမ်းဆီးအရေးယူခြင်း စသည့်နည်းလမ်း နှစ်ခုဖြင့် ဆောင်ရွက်ကြောင်း သစ်တောဦးစီးဌာန ချုပ်ရုံး စစ်ဆေးရေးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ ယခင်အစိုးရ လက်ထက်လွန် ခဲ့သည့် ၅ နှစ်တာကာလအတွင်း တရားမဝင်သစ်ခိုးထုတ်မှုနှင့်ပတ် သက်၍ နိုင်ငံခြားသား ၂၉၅ ဦး၊ နိုင်ငံသား ၃ဝ၉၃၉ ဦး၊ တရားမဝင် သစ်တန်ချိန် ၂ သိန်းကျော်၊ ယာဉ် နှင့်စက်ယန္တရား ၈၃၉၁ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။