ဆီလီကွန်မယ် အလှကြွယ် ဆင်တူရိုးမှား ပန်းအငှား

ဆီလီကွန်မယ် အလှကြွယ် ဆင်တူရိုးမှား ပန်းအငှား
November 30, 2016 Asian Fame

6:02 am
ဆီလီကွန်မယ် အလှကြွယ် ဆင်တူရိုးမှား ပန်းအငှား

sex-doll

‘ပြစ် မျိုးမှဲ့မထင် အလှတရား ဆိုတဲ့အနက်အဓိပ္ပာယ်ကို ၂၁ရာစု မိတ်ဆွေတို့ အပြည့်ဝဆုံး နားလည် ခံစားသိရှိနိုင်ပါပြီ’၊ ‘အခန့်ညားဆုံး အမျိုးသားတွေအတွက် အကောင်း တကာ့ အကောင်းဆုံးဆိုတာတွေ အနီးဆုံးကို  ရောက်ရှိလာပါပြီခင် ဗျာ’ ဟူသော စာသားကို တွေ့ကြ လျှင် တစ်စုံတစ်ခုသော အရာကို ရိုးတိုးရိပ်တိတ်ကလေး မြင်ယောင် နေလောက်ပြီ ဖြစ်သည်။

အဘယ်ကြောင့် ဆိုသော် ယင်း စာသားများသည် Online Shopping အချို့၏ အရောင်း ကြော်ငြာစကားရပ်ဖြစ်ပြီး၊ ‘လူကြီး ကစားစရာ’ ဟု ကင်ပွန်းတပ် ခေါ် ဝေါ်နေကြသော အမျိုးသမီးတစ်ဦး ၏ ခန္ဓာဗေဒနှင့် ထပ်တူညီစွာပြု လုပ်ထားသည့်Sex Doll ဆီလီ ကွန်ရုပ်များ   ရောင်းချရာတွင် ကြော်ငြာသော စကားရပ်ဖြစ်နေ သောကြောင့်ပင်။

အဆိုပါSex Doll  ဆိုသည် နိုင်ငံရပ်ခြား တိုင်းပြည်များတွင် သာ  ယခင်က တွင်ကျယ်သည့် အရာတစ်ခုဖြစ်သော်လည်း ယခု အခါတွင် မူ မြန်မာနိုင်ငံတွင်း ပျံ့နှံ့ နေပြီလား… ဘယ်သို့ ဘယ်လို .. ဘယ်လိုတွေဖြစ်နေပြီလဲဟု အမေး ရှိခဲ့ပါသော်……

အကြောင်းအရာကား ပြီးခဲ့ သည့်ရက်ပိုင်းက လူမှုကွန်ရက်တွင် စတင်ပျံ့နှံ့လာသည့် သတင်းစာ ဖြတ်ပိုင်း အစအနတစ်ခုက စတင် ခဲ့ခြင်းဖြစ်သည်။ ‘ဂျပန်နိုင်ငံထုတ် လူကြီးကစားစရာ ဆီလီကွန်အ ရုပ်များ နေပြည်တော်မှ အများဆုံး မှာယူနေဟုဆို’ ဟူသော သတင်း   ခေါင်းစဉ်က မြန်မာလူထုအတွက် ဟယ်… အောင်မလေး … ဟိုက်.. ဟာ.. ဟင်.. ဟီး ဟီး.. စသဖြင့် အာမေဋိတ်  အသံပေါင်းများစွာ ကို သောသော ညံစေခဲ့သည်။

လတ်တလော ဖြစ်ပွားနေ သည့် တိုက်ပွဲများ၊ ရခိုင်အရေး၊ သက်ငယ်မုဒိမ်း၊ ရန်ကုန်တိုင်းအ တွင်းပေါက်ကွဲမှု သတင်းများဖြင့် စိုးတ ထိတ်ထိတ် ရင်ခုန်ခဲ့ရသည့် မြန်မာလူထုအတွက် အဆိုပါ သတင်းမှာ ပြုံးရမလို၊ ငိုရမလိုဖြစ် စေခဲ့ပြီး လူထုကြားဝယ် အထူးပျံ့နှံ့ ခဲ့သည် မှာတော့ အမှန်ပင် ဖြစ် သည်။

ထိုထဲတွင်မှSex Doll ကို အများဆုံး ဝယ်ယူအားပေးနေ သည့် လူကြီးမင်းအပေါင်းသည် ကား အစိုးရမင်းအပေါင်းရုံးစိုက် ရာ နေပြည်ေ တ်ာတိုင်းဌာနေမှဖြစ် သည်ဟူသော အကြောင်းအရာ ကား ပို၍ပင် စိတ်ဝင်စားစရာ      ကောင်းနေ၏။ ထို့ပြင် မုံရွာ၊ စစ်ကိုင်း၊ မကွေး စသည့်ဒေသများမှ လည်း ဝယ်ယူမှုများ ရှိကြောင်း အွန်လိုင်း အရောင်းအဝယ်သမား တစ်ဦး၏ ပြောစကားကို သတင်း တွင် ဖော်ပြ ထား ပြန်သည်။

ထို့ကြောင့် နိုင်ငံရပ်ခြား တိုင်းပြည်များတွင်ခေတ်စား လျက်ရှိသော အရုပ်မနှင့် လိင်ကိစ္စ ဆောင်ရွက်ခြင်းသည် မြန်မာတွင် လည်း   ခေတ် စားခဲ့လေပြီလားဟု မေးစရာ ပေါ်လာခြင်းပင်။

အဆိုပါ ‘လူကြီးကစားစရာ’ ဟူသော အရုပ်များမှာ အမျိုး သမီးတစ်ဦးနှင့် ကြန်အင်လက္ခဏာ တူညီစွာ ဆီလီကွန်ဖြင့် ပြုလုပ် ထားသော အရုပ်ဖြစ်သည်။ အီ လက်ထရွန်းနစ် နည်းပညာကိုသုံး ၍လည်း အသံနှင့် တုန်ခါမှုတို့ကို ပံ့ပိုးပေးထားသေးသည်။ တရုတ်လုပ်၊ ဂျပန်လုပ်၊ အနောက်နိုင်ငံလုပ် စသဖြင့် အစားစားရှိပြီး ရောင်း ဈေးအားဖြင့် ဒေါ်လာ ၁၁ဝဝ ခန့် မှ ဒေါ်လာ ၂ဝဝဝဝ ကျော်ထိ နှုန်း ထားအမျိုးမျိုး ရှိလေသည်။ မျက် လုံးအရောင်၊ ဆံပင်အရောင်၊ အ သားအရောင်၊ နှုတ်ခမ်းအရောင်၊ အသက်အရွယ်၊ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်၏ အရွယ်အစားတို့ ကိုလည်း မိမိစိတ်ကြိုက်ရွေးချယ် မှာယူနိုင်သေးသည်။

နာမည်ကျော် နိုင်ငံတကာ အရောင်းအဝယ်ဆိုက်တစ်ခုတွင်မူ ဒေါ်လာ ၂ဝဝဝ တန် တစ်ပတ်ရစ်Sex Doll အရုပ်များကို ကန်ဒေါ် လာ ၆ဝဝ ခန့်ဖြင့်ရောင်းချလျက် ရှိသည်။ ဝယ်ယူရာတွင်လည်း ဖုန်း ဆက်လိုက်ရုံဖြင့် အိမ်အရောက်ပို့ စနစ်ဖြင့် ရောင်းချလျက်ရှိရာ ကြီး ငယ်ရွယ်လတ် မိမိရုပ်လုံးမပြရဘဲ ရရှိလျက်ရှိပြန်သည်။

မြန်မာနိုင်ငံတွင်မူ အွန်လိုင်း ဈေးကွက်တွင်သာ ဝယ်ယူရရှိနိုင် သေးပြီး အပြင်အရောင်းဆိုင်ဖြင့် ရောင်းချခြင်းမျိုးကား မကြားမိပါ သေးေ ချ။

အဆိုပါ ဆီလီကွန်အရုပ်များ ကို နေပြည်တော်မှဝယ်ယူမှုအများ ဆုံးဖြစ်သည်ဟူသော သတင်းထွက် ပေါ်လာပြီး နောက်တွင် လူမှုကွန် ရက်စာမျက်နှာများ၌Sex Doll  သည် လွန်စွာရေပန်းစားလာတော့ သည်။ သတင်းကို Like နှင့်Share လုပ်သူပေါင်း များစွာဖြင့် ရေပန်း စားခဲ့သည်မှာ ယနေ့တိုင် ပင်ဖြစ်သည်။ အထူးသဖြင့် အရုပ် ဖြစ်သည့်အတွက် လိုအပ်သလိုအ သုံးပြုနိုင်ပြီး ပြန်လည် သန့်စင်ဆေး  ကြော ၍ ရသည့်အတွက်ကြောင့် မိန်းမယူထားသကဲ့သို့ ဖြစ်ပြီး ရှာ ကျွေးစရာပင် မလိုတော့ကြောင်း အမျိုးသားထုက မှတ်ချက် ပြုကြ   ပြန်တော့ သည်။ အဆိုပါ အ ကြောင်းအရာကို ဝေမျှထားသည့် အကြောင်းအရာ အောက်တွင် မှတ်ချက်ရေးသားသူ အမျိုးသမီး ပေါင်း   မြောက်မြား စွာလည်း ရှိ သည်။ အထူးသဖြင့်  လှောင်ပြောင် မှု များသာလျှင်  အများဆုံး ဖြစ်သည်ကို မှတ်ချက်များတွင်  တွေ့ရသည်။

 အမျိုးသမီးတစ်ဦး ဆိုလျှင်    ”အစစ်လောက်တော့ အရုပ်က ကောင်းမလား” ဟုရေးသားထား လေသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဖေ့စ်ဘွတ်ခ် သုံးစွဲသူ မခြူးခြူး အောင်က ”အမျိုးသမီးတွေ နေရာ အစားထိုးတာတို့ ဘာတို့လုပ်လို့မှ မရတာ အရုပ်က အရုပ်ပေါ့။ ဟို တစ်ခုပဲ ဖြည့်ဆည်းလို့ရမှာလေ။ မှုခင်းပပျောက်တာတို့ ဘာတို့နဲ့ တော့ သိပ်မဆိုင်လှပါဘူး။ ဈေးဒီ လောက်ကြီး တာ တော်ရုံ ဘယ် သူ မှ မဝယ်နိုင်ဘူး။ နောက်ပြီး စက်ပါ ဆိုမှ ချို့ယွင်းတာ ဘာညာ ရှိမပေါ့ လေ။ ကောင်းကျိုးတော့ သိပ်မတွေ့ လှပါဘူး” ဟု မှတ်ချက်ပြုသည်။

မချယ်ရီအောင် ဟူသော အ ကောင့်ပိုင်ရှင်ကမူ ”နောက်ပြီး အဲဒီအရုပ်ကိုပဲ ယောက်ျားတွေက စိတ်ဝင်စားပြီး အဲဒီအရုပ်နဲ့ပဲအ မြဲ အတူ ရှိနေချင်တဲ့စိတ်တွေ ရှိ လာခဲ့မယ်ဆိုရင်တော့ လူတွေရဲ့ တိုးတက်ချင်စိတ်၊ ရည်မှန်းချက် တွေ၊  ပန်းတိုင်တွေ ပျောက်ကုန် မယ်ဆို ရင်တော့ မကောင်းဘူး ပေါ့။ ကောင်းတာကတော့ ငါတို့ မိန်းမတွေလို တော့ ထမင်း ကျွေးစရာမလိုဘူး။ နား ညည်း စရာတွေ၊  ရစ်ခံရ စရာတွေ မရှိတော့ဘူး။ အဲဒါ တွေက ယောက်ျားတွေအများဆုံး ပေးနိုင်တဲ့ ဆင်ခြေတစ်ခုတော့ ဖြစ်လာနိုင်မယ်” ဟု ဆိုပြန်သည်။

အချို့က အရုပ်ဖြစ်သည့်အ တွက် ကြာလျှင် ရိုးသွားနိုင်ကြောင်း ထင်မြင်ချက် ပေးကြပြန်သည်။ မည်သို့ပင်ဖြစ်စေ  Sex Doll ကား ယခု လူမှုကွန်ရက်များပေါ်တွင် လွန်စွာ လှောင်ပြောင် ဝေဖန်စရာ ကိစ္စတစ်ခုအဖြစ် ရေပန်းစားနေ သည်ကတော့အမှန်ပင်ဖြစ်သည်။

 နေပြည်တော်မှ အများဆုံး ဝယ်ယူနေသည် ဟူသော ဆီလီ ကွန်လူကြီးကစားစရာ အရုပ်များ က ယခုမူ တိုင်းပြည်တစ်လွှား ဟိုးဟိုးေ ကျာ်၍ ယင်းနှင့် ပတ် သက်သည့် အကြောင်းအရာများ ကလည်း ပိုမို၍ပင် လူသိစေရန်  ကြော်ငြာနေသကဲ့သို့ ဖြစ်နေတော့ သည်။ ယင်း ကားယခုတလော မြန် မာအွန်လိုင်း လူမှုကွန်ရက်များပေါ် တွင် အကျော်ကြားဆုံးအကြောင်းအရာတစ်ခုအဖြစ် ထင်ပေါ်သွား ခဲ့ပြီ ဖြစ် သည်။

မည်သို့ပင်ဖြစ်စေ အွန်လိုင်း တွင် အဆိုပါ အရုပ်ရောင်းချသော စာမျက်နှာထဲသို့ အသင်စတင်ဝင် ရောက်လိုက်ပါက ကြော်ငြာစာ သားနှစ်ကြောင်းက သင့်ကိုဆီးကြို နေမည်ဖြစ်သည်။

အွန်လိုင်းသုံးစွဲသူ ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင် ကိုကျော်ဆွေမင်း ဆိုသူကမူ ၄င်း၏ စာမျက်နှာတွင် အောက်ပါ အတိုင်းရေး သား ထား  လေတော့သည်…… ဆွဲချင် ယမ်းချင်စိတ်ပေါ်နေလား၊ မိန်းမ ငယ်လေးတွေကို စိမ်းစိမ်းကြီးစိုက် ကြည့်ပြီး မချင့်မရဲဖြစ်နေပြီ လား၊ လူ့ဘဝအနှစ်သာရတွေ ကင်းမဲ့နေ ပြီလို့ခံစားရနေလား၊ လောက စည်းစိမ်လေးခံချင်လို့ တစ်လမ်းဝင်တစ် လမ်းထွက်လျှောက် ရှာနေ သလား၊ အရမ်းမူးပြီး ဘယ်အ ပေါက်တွေ့တွေ့ ဝင်ခွေ့မယ် စိတ် ကူးနေလား၊ ဒီစိတ်တွေပေါ်နေ လျှင် မိတ်ဆွေ အန္တရာယ် ရှိနေ ပြီ….. သင့်သေဒဏ်ဘေးမှ လွတ်အောင် ကျွန်ုပ်တို့NGO မှ ကူညီပါရစေ!!!

“Silicon Valley လူမှုဖြည့်ဆည်း ရေးဂေဟာ’ အမှတ် xxx  … လမ်းကို ကြွလှမ်းခဲ့ပါ။ အချိန်အ ကန့်အသတ်မရှိပါ။ ကျေနပ်သ လောက် တည်းခိုနေနိုင်ပါသည်။ အိမ်ထောင်သည်များ ဘွတ်ကင် တစ်ပတ် ကြိုတင်ပါ။

မှတ်ချက်။ အရုပ်များ ဆံပင်ဆောင့် ဆွဲခြင်းသည်းခံပါ။ ဘက်ထရီ အား ကုန်နေပါကအသံမထွက်ပါ၊ စား သုံးနေစဉ် ဘက်ထရီကုန်သွားပါ က ဝင်မလဲပေးပါ၊ ဂေဟာ၊ မီး၊ ရေ၊ စရိတ်အတွက် ရောင်းချသော ကြက်ဥဆိုင်တွင် အကြွေးအားပေး ခြင်းသည်းခံပါ၊ နေပြည်တော်မှ အ ရုပ်ပြန်လည် လှူဒါန်းလိုသော အ လှူရှင်များကို သာဓုအနုမောဒနာ ကမ္ပည်းမော်ကွန်းထိုးပေးပါမယ်။ xxxxx ဟူ၍ ပင်ဖြစ်တော့သည်။

စာဖတ်ပရိသတ်အပေါင်း ဖိစီး မွန်းကျပ်နေကြသော ဘဝအမော များ ပြေပျောက်ကာ စိတ်နှလုံး ရွှင် ပြုံးကြစေရန် ရည်ရွယ်၍ ယခုအ ပတ် Popular Choice  အဖြစ်ရေး သားတင်ပြလိုက်ရပါသတည်း…။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*