ပြင်ဦးလွင် မီးပုံးပျံပွဲ ယာဉ်ဝင်ခ သတ်မှတ်နှုန်းထက် အပိုမကောက်ရန် ညွှန်ကြား

ပြင်ဦးလွင် မီးပုံးပျံပွဲ ယာဉ်ဝင်ခ သတ်မှတ်နှုန်းထက် အပိုမကောက်ရန် ညွှန်ကြား
November 9, 2016 Asian Fame

4:49 am
ပြင်ဦးလွင် မီးပုံးပျံပွဲ ယာဉ်ဝင်ခ သတ်မှတ်နှုန်းထက် အပိုမကောက်ရန် ညွှန်ကြား
In Local

(မန္တလေး၊ နိုဝင်ဘာ ၈)

ယခုနှစ် ပြင်ဦးလွင် တန်ဆောင် တိုင်မီးပုံးပျံ ပွဲတော်၌ ယာဉ်အပ်နှံ ခွင့် ကောက်ခံရာတွင် သတ်မှတ်နှုန်း ထားထက် ပိုမကောက်ခံကြရန် ပွဲတော် ကျင်းပရေး ကော်မတီက ညွှန်ကြားထားကြောင်း သိရသည်။

”ကားဆိုင်ကယ် စတန်းတွေ က ဈေးနှုန်းတွေကို ဗီနိုင်းကပ် ထားရမယ်၊ အဲဒီထဲက ဈေးနှုန်း အတိုင်းပဲ တောင်းရမယ်၊ ပို တောင်းခွင့် မရှိဘူး၊ ပိုတောင်းတာ တွေ့ ရင် ဒါမှမဟုတ် လာတိုင်သူ ရှိရင် အဲဒီ လေလံရသူကို အရေး ယူသွားပါမယ်” ဟု ပွဲတော် ကျင်းပရေး ကော်မတီ၊ ကြီးကြပ်ရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

ပြင်ဦးလွင်မြို့ မဟာအံ့ထူး ကံသာဘုရား မီးပုံးပျံကွင်း၌ နှစ် စဉ် တန်ဆောင်တိုင် ပွဲတော်ရက်နှင့် အတူ ကျင်းပလေ့ရှိသည့် မီးပုံးပျံ ပွဲတော်တွင် ယာဉ်အပ်နှံခွင့် ဈေးနှုန်း မြင့်မားမှုကြောင့် ပွဲတော်လာများ အခက်အခဲ တချို့ရှိကြကြောင်း သိရ ပြီး အထူးသဖြင့် လူစည်ကားသည့် ရက်များတွင် ငွေကြေးပိုမို တောင်းခံမှုများရှိကြောင်း သိရသည်။

”ဆိုင်ကယ်အပ်ခက တစ် ထောင်ကောက်တဲ့ နေရာမှာ တချို့ ကအခြေအနေ ကြည့်ပြီးနှစ်ထောင် ကောက်တယ်၊ ကားအပ်ခ ငါး ထောင်ကနေ တစ်သောင်းအထိ တိုးကောက် တတ်ကြတယ်၊ တချို့ ကျေနပ်ကြပေမယ့် တချို့မကျေနပ် တော့ စကား အချေအတင်ပြော နေရတာမျိုး တွေ့ဖူး ကြုံဖူးတယ်၊ ဒါမျိုးတွေ မဖြစ်ရအောင် ဒီနှစ်တော့ ဈေးဆိုင်တွေက အစ ဈေးပိုမယူ ကြဖို့ မှာထားပါတယ်၊ လေလံဈေး တွေလည်း လျှော့ချပေးထားတော့ ဒီနှစ်ပွဲက စားရေး သောက်ရေးက အစ အဆင်ပြေမယ် ထင်ပါတယ်” ဟုလည်း ၄င်းကဆိုသည်။

ယခုနှစ်ပွဲတော်ကို ယခင် နှစ် အစီအစဉ် များကဲ့သို့ပင် ကျင်းပ သွားမည်ဖြစ်ပြီး ထူးခြားမှု အနေနှင့် လက်ဝှေ့ပွဲ၊ ပိုက်ကျော် ခြင်း၊ ဘောလီဘော၊ ချောတိုင်တက်၊ ခေါင်းအုံးရိုက် စသည့် အားကစား အစီအစဉ် များလည်း ထည့်သွင်း ကျင်းပမည်ဟု သိရသည်။

၂ဝ၁၆ ခုနှစ် ပြင်ဦးလွင်တန် ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကို နိုဝင်ဘာလ ၁၁ ရက် မှ ၁၅ ရက် အထိ ကျင်းပမည် ဖြစ်ပြီး နိုဝင် ဘာလ ၁၁ ရက် ညနေပိုင်းတွင် ဖွင့်ပွဲ အခမ်းအနားဖြင့် စတင်မည် ဖြစ်ကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*