Saturday, April 25, 2026

စစ်ပွဲနှင့်ပိတ်ဆို့မှုများကြားမှ ရုရှားဘီလျံနာများ ၁၁ ရာခိုင်နှုန်းပိုချမ်းသာလာ

       ယူကရိန်းစစ်ပွဲနှင့် စီပွားရေးအင်အားကြီးနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုများရှိနေသော်လည်း ရုရှားဘီလျံနာများသည် ပြီးခဲ့သည့်နှစ်အတွင်း ၎င်းတို့၏ ပိုင်ဆိုင်မှုကို ၁၁ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ခဲ့ပြီး ဒေါ်လာ...

မြန်မာနိုင်ငံအနေဖြင့် SEA Esports Nations...

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF)သည် အရှေ့တောင်အာရှဒေသ၏ အရေးပါသော Esports ပြိုင် ပွဲကြီးဖြစ်သည့် SEA Esports Nations Cup (SNC) 2026...

အပူချိန်မြင့်တက်မှုကြောင့် ပြည်တွင်းဈေးကွက်တွင် ဖရဲသီးရောင်းအားတိုးလာ

ပြည်ပစျေးကွက်အလားအလာကျဆင်းလာမှုကြောင့် ပြည်တွင်းစျေးကွက်ကို ဦးတည်ရောင်းချနေသည့် ဖရဲသီးများမှာ လက်ရှိရာသီအပူချိန်မြင့်တက်လာမှုနှင့်အတူ ဝယ်လိုအားတိုးလာကာ အရောင်းအဝယ်ကောင်းမွန်လာကြောင်း နေပြည်တော်ဒေသရှိ ဖရဲစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။ နေပြည်တော်ဒေသအတွင်း တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များတွင် ဖရဲစိုက်ပျိုးမှုများရှိနေပြီး...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း တရုတ်...

အာရှယူ-၁၇ အမျိုးသမီးဖလား ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ ယူ-၁၇ အမျိုးသမီး လက်ရွေးစင်အသင်းသည် ယနေ့ ဧပြီ (၂၅)...
HomeArticlesChatGPT ကပညာရေးစနစ်ကို အိပ်မက်ဆိုးတွေမက်စေတော့မှာလား...

ChatGPT ကပညာရေးစနစ်ကို အိပ်မက်ဆိုးတွေမက်စေတော့မှာလား ? ChatGPTအပိုင်း(၅)

 ChatGPT ဟာ သူ့ကိုမေးသမျှမေးခွန်းတိုင်းကိုဖြေပေးနိုင်ယုံတင်မကဘဲ တကယ်ကို လက်ရာမြောက်တဲ့စာစီစာကုံးတွေပါရေးပေးနိုင်စွမ်းရှိပါတယ်။ ChatGPT ဟာ စာမလုပ် ချင်ဘဲဉာဏ်များတတ်တဲ့ ကျောင်းသားတွေရဲ့လက်ထဲကို အရင်ကမရှိခဲ့ဖူးတဲ့ လိမ်ညာလှည့်စားနိုင်တဲ့စွမ်းရည်တွေထည့်ပေးလိုက်သလိုဖြစ်နေပါတယ်။ 

 အမှန်ပါပဲ…သူ့မှာ ကျောင်းသားတစ်ဦးရဲ့ အိမ်စာကို စက္ကန့်ပိုင်းအတွင်း လုပ်ပေးနိုင်တယ်ဆိုတာထက်ကိုပိုတဲ့ စွမ်းဆောင်ရည်မျိုးရှိနေပါတယ်။ မင်နီဆိုးတား တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ Multiple-choice မေးခွန်းနဲ့ စာစီစာကုံးမေးခွန်းတွေပါတဲ့ ဥပဒေကျောင်း ၄ ကျောင်းကစာမေးပွဲ ၄ ခုကို ChatGPT အားဖြေဆိုခိုင်းကြည့်ရာမှာ C+ အဆင့်ရအောင် ဖြေဆိုနိုင်ခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ChatGPT ရဲ့ AI ဟာ C+ အဆင့်ရတဲ့ ကျောင်းသားတွေနဲ့တောင်ယှဉ်နိုင်စွမ်းရှိနေပြီဖြစ်ပါတယ်။

 သူ့ရဲ့စွမ်းဆောင်ရည်က ဒါတင်မကသေးပါဘူး။ စီးပွားရေးတက္ကသိုလ်တစ်ခုက မေးခွန်းတွေကို ဖြေဆိုကြည့်ခိုင်းရာမှာ B ကနေ B- အဆင့်ရထားတယ်လို့ တွေ့ရပါတယ်။ ဒါပေမည့် ၆ တန်း အဆင့်သင်္ချာပုစ္ဆာတစ်ပုဒ်ကိုတွက်ခိုင်းတဲ့အခါမှာတော့ ထင်မှတ်မထားတဲ့အမှားတွေ တွက်ထုတ်ပေးထားပါတယ်။ အခုလိုတွက်ချက်မှုမှားတာတွေဟာ အလွန်ကြီးမားတဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။

ChatGPT ကို Google ရဲ့ Software Developer အင်တာဗျူးတစ်ခုကိုဖြေဆိုခိုင်းကြည့်ရာ မှာတော့ လစာဒေါ်လာ ၁၈၃,၀၀၀ ရမည့် Level 3 Coder အဖြစ်အလုပ်ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ဒီလိုအလုပ်မျိုးရအောင်စွမ်းဆောင်နိုင်တယ်ဆိုတာ တစ်နည်းအားဖြင့်ဆို ရရင် Networking သမားတွေအတွက် အလုပ်ရှာနိုင်တဲ့ LinkedIn ဆိုရှယ်မီဒီယာမှာ Python ရေးနိုင်စွမ်းရှိသူ User သန်း ၄၀၀ ထက် ၈၅% ကျော် စွမ်းဆောင်ရည်ရှိနေတယ်လို့ ပြောနိုင်ပါတယ်။ 

လိမ်ညာလှည့်စားဖို့အတွက် AI ကနေထုတ်ပေးလိုက်တဲ့စာသားတွေကိုအသုံးပြုခြင်းက တက္ကသိုလ်တွေ၊ ကျောင်းတွေနဲ့ အခြားပညာရေးနယ်ပယ်အသီးသီးအတွက်အရေးကြီးတဲ့ မေးစရာမေးခွန်းတွေ ပေါ်ပေါက်လာစေပါတယ်။

အလားတူ အဖွဲ့အစည်းအချို့ကလည်း OpenAI အပါအဝင် အခုလက်ရှိ AI ကနေထုတ်ပေးတဲ့ စာသားတွေကိုစိစစ်နိုင်မည့် ဆော့ဖ်ဝဲလ်တစ်မျိုးကို တီထွက်နိုင်ဖို့ဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမည့်လက်တွေ့မှာ တော့ အဲ့ဒီဆော့ဖ်ဝဲလ်တွေရဲ့ အောင်မြင်နိုင်ချေဟာ ၂၆ % သာရှိသေးပြီး အပြုသဘောဆောင်တဲ့မှားယွင်းမှုဟာ ၉ % နှုန်းသာရှိပါသေးတယ်။

 ChatGPT မှာ လူသားတစ်ဦးလိုမျိုး စာရေးနိုင်စွမ်းတွေရှိနေတာ အဆန်းတော့ မဟုတ်လှပါဘူး။ အခုလိုမျိုးစာတွေရေးနိုင်ဖို့အတွက် AI language model GPT-3  နဲ့ လေ့ကျင့်ပေးထားတာကြောင့်ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်ပေးတဲ့နေရာမှာ ကွန်ပျူတာ ၂ လုံးနဲ့လေ့ကျင့်ပေးပါတယ်။ တစ်လုံးကရေးလိုက်တဲ့စာကို အခြားကွန်ပျူတာတစ်လုံးကနေ လူကနေရေးထားတာလား၊ ဒါမှမဟုတ် AI ကနေရေးပေးလိုက်တာလားဆိုတာကို ခန့်မှန်းခိုင်းပါတယ်။ အဲ့လိုလေ့ကျင့်ပေးထားတဲ့အတွက်ကြောင့် လေ့ကျင့်ချိန်ကြာလာတာနဲ့အမျှ AI model က လူသားတစ်ဦးစာရေးတာနဲ့ပိုတူအောင်ထုတ်ပေးနိုင်စွမ်းရှိလာပါတယ်။

 AI ကထုတ်ပေးတဲ့စာလား၊ လူရေးထားတဲ့စာလားဆိုတာကို အလွယ်တကူစိစစ်ဖို့ဆိုရင် AI ကရေးထုတ်လိုက်တဲ့စာသားထဲကို လျို့ဝှက်ကုဒ်ထည့်ပြီးစစ်ဆေးနိုင်လိမ့်မယ်လို့ အချို့တွေက ယူဆကြပါတယ်။ ဒါပေမည့်လည်း ဒီလိုစမ်းသပ်ကြည့်ရင်တောင် AI ဘယ်လိုအလုပ်လုပ်‌နေသလဲဆိုတာကိုသိရဖို့က အတော်ကို ခက်ခဲမှာပဲဖြစ်ပါတယ်။

တစ်နည်းအားဖြင့်ဆိုရရင် AI နည်းပညာထွန်းကားလာမည့် အနာဂတ်ကမ္ဘာကြီးထဲမှာ ဘယ်လိုတွေဆက်လက်နေထိုင်ရမလဲဆိုတာကို ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ ကျောင်းသားတွေအနေနဲ့ ပြင်ဆင်ထားရပါတော့မယ်။ AI နည်းပညာနဲ့ဖွံ့ဖြိုးတိုးတက်လာမည့် ကမ္ဘာလောကသစ်ကြီးထဲမှာ အလုပ်တွေကို AI နဲ့လုပ်ဆောင်ခြင်းဆိုတာက လူတွေရဲ့လုပ်ငန်းခွင်နဲ့ဘဝအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာပါလိမ့်မယ်။ 

 နောက်ပြီး သင်ရိုးညွှန်းတမ်းတွေထဲမှာ AI နည်းပညာအကြောင်းတွေပါလာမှာဖြစ်သလို AI ကိုနားလည်ထားခြင်းက ပညာရေးကဏ္ဍအတွက် မရှိမဖြစ်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာစေတော့မှာဖြစ်ပါတယ်။

 AI နည်းပညာကြောင့် သင်ကြားလေ့လာရေးနည်းလမ်းတွေဟာလည်း ပြောင်းလဲတိုးတက်လာတော့မှာဖြစ်ပြီး ကျောင်းသားတွေရဲ့အဆင့်သတ်မှတ်ပေးတာမျိုးကအစ AI ကိုအသုံးပြုလာနိုင်တာကြောင့် ဆရာဆရာမတွေအတွက်လည်း အရင်ကထက် အဆင်ပြေလာစေမှာဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့စွမ်းဆောင်ရည်နဲ့လေ့လာမှုပုံစံကို သိမြင်နိုင်ဖို့ အတွက်လည်း AI က ကူညီပေးမှာဖြစ်တာကြောင့် ကျောင်းသားတွေကို ဘယ်လိုနည်းနဲ့ ပိုပြီးသင်ကြားပေးနိုင်မလဲဆိုတာကအစ ဆရာ၊ဆရာမတွေကိုအကြံဉာဏ်ပေးနိုင်မှာဖြစ်ပါတယ်။

ကျောင်းသားတွေအတွက်တော့ နားမလည်တဲ့စာတွေကိုချက်ချင်းမေးလိုက်တာနဲ့ ပြန်ဖြေပေးနိုင်တဲ့ ဆရာတစ်ဦးအဖြစ်နဲ့တင်မကဘဲ စာပါကူလုပ်ပေးနိုင်မည့်အဖော်တစ်ဦး အဖြစ်လည်း AI ကကူညီပေးနိုင်ပါတယ်။ ပညာရေးကဏ္ဍမှာ AI အသုံးပြုခြင်းနဲ့ ပတ်သက်လို့ထည့်သွင်းစဉ်းစားရမည့် စိန်ခေါ်မှုတွေ၊ ကန့်သတ်ချက်တွေရှိတယ်ဆိုပေမည့်လည်း AI နည်းပညာ ဟာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေအတွက် သင်ယူလေ့လာမှုနည်းလမ်းတွေကို တစ်ဖြေးဖြေးချင်း အဆင့်မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။

အပိုင်း(၄)

အပိုင်း(၃)

အပိုင်း(၂)

အပိုင်း(၁)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ပွဲနှင့်ပိတ်ဆို့မှုများကြားမှ ရုရှားဘီလျံနာများ ၁၁ ရာခိုင်နှုန်းပိုချမ်းသာလာ

       ယူကရိန်းစစ်ပွဲနှင့် စီပွားရေးအင်အားကြီးနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုများရှိနေသော်လည်း ရုရှားဘီလျံနာများသည် ပြီးခဲ့သည့်နှစ်အတွင်း ၎င်းတို့၏ ပိုင်ဆိုင်မှုကို ၁၁ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ခဲ့ပြီး ဒေါ်လာ ၆၉၆ ဒဿမ ၉ ဘီလျံအထိရောက်ရှိခဲ့ကြောင်း ဖောဘီးစ်ရုရှားမှ ဖော်ပြခဲ့သည်။       ရုရှား၏ အချမ်းသာဆုံးပုဂ္ဂိုလ်များအားလုံးသည် ရုရှားနိုင်ငံ၏ ဆယ်စုနှစ်များစွာကြာ ကမ္ဘာ့ဈေးကွက်များသို့ တင်ပို့ခဲ့သော သဘာဝအရင်းအမြစ်များစွာနှင့် ဆက်စပ်နေပြီး ကုန်သွယ်စီးဆင်းမှုများ အနှောင့်အယှက်ကြုံရခြင်းကြောင့် ကုန်စည်ဈေးနှုန်းများမြင့်တက်သွားသည်နှင့်အမျှ ၎င်းတို့၏ ပိုင်ဆိုင်မှုမှာ မြင့်တက်လာခဲ့သည်။ သို့ရာတွင် စာရင်း၏ ထိပ်ဆုံးတွင် ဘီလျံနာအသစ်များ ထွက်ပေါ်ခြင်းမျိုးမရှိကြောင်း ဖောဘ့်စ်က မှတ်ချက်ပြုခဲ့သည်။          ရင်းနှီးမြှပ်နှံမှုကုမ္ပဏီ...

မြန်မာနိုင်ငံအနေဖြင့် SEA Esports Nations Cup (SNC) 2026 တွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF)သည် အရှေ့တောင်အာရှဒေသ၏ အရေးပါသော Esports ပြိုင် ပွဲကြီးဖြစ်သည့် SEA Esports Nations Cup (SNC) 2026 တွင် မြန်မာ့လက်ရွေးစင်အသင်းက ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်လိုက်သည်။ ​ဗီယက်နမ်နိုင်ငံ၊ Ho Chi Minh City ၌ မေလ(၈) ရက်မှ (၉)ရက်အထိ ကျင်းပမည့် အဆိုပါပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ကစားသမားများက PUBG Mobile - Romeo, Marnett ၊ Teamfight Tactics (Women)...

အပူချိန်မြင့်တက်မှုကြောင့် ပြည်တွင်းဈေးကွက်တွင် ဖရဲသီးရောင်းအားတိုးလာ

ပြည်ပစျေးကွက်အလားအလာကျဆင်းလာမှုကြောင့် ပြည်တွင်းစျေးကွက်ကို ဦးတည်ရောင်းချနေသည့် ဖရဲသီးများမှာ လက်ရှိရာသီအပူချိန်မြင့်တက်လာမှုနှင့်အတူ ဝယ်လိုအားတိုးလာကာ အရောင်းအဝယ်ကောင်းမွန်လာကြောင်း နေပြည်တော်ဒေသရှိ ဖရဲစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။ နေပြည်တော်ဒေသအတွင်း တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များတွင် ဖရဲစိုက်ပျိုးမှုများရှိနေပြီး ဒေသထွက်ဖရဲများအပြင် တောင်ငူ၊ ပဲခူးနှင့် ဒိုက်ဦးဒေသများမှလည်း ဖရဲသီးများ ဝင်ရောက်ရောင်းချလျက်ရှိသည်။ ယခင်က ထိုဖရဲများကို တရုတ်နိုင်ငံအပါအဝင် ပြည်ပစျေးကွက်များသို့ တင်ပို့ရောင်းချခဲ့သော်လည်း လက်ရှိတွင် ပြည်တွင်းစျေးကွက်ကိုသာ အဓိကထား ရောင်းချလာရကြောင်း သိရသည်။ ဖရဲရောင်းချသူတစ်ဦးက “အရင်ကတော့ အရောင်းမကောင်းဘူး၊ အခုတော့ ရာသီဥတုပူလာတော့ အေးစာဖြစ်တဲ့ ဖရဲသီးကို လူတွေ ဝယ်စားလာကြတယ်၊ အလုံးလိုက်ရောင်းတဲ့ဆိုင်တွေရော ခွဲစိတ်ရောင်းတဲ့သူတွေရော ရောင်းကောင်းလာပါတယ်”ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071