Home Movies စစ်ပွဲနှင့်ပိတ်ဆို့မှုများကြားမှ ရုရှားဘီလျံနာများ ၁၁ ရာခိုင်နှုန်းပိုချမ်းသာလာ

စစ်ပွဲနှင့်ပိတ်ဆို့မှုများကြားမှ ရုရှားဘီလျံနာများ ၁၁ ရာခိုင်နှုန်းပိုချမ်းသာလာ

0
204

       
ယူကရိန်းစစ်ပွဲနှင့် စီပွားရေးအင်အားကြီးနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုများရှိနေသော်လည်း ရုရှားဘီလျံနာများသည် ပြီးခဲ့သည့်နှစ်အတွင်း ၎င်းတို့၏ ပိုင်ဆိုင်မှုကို ၁၁ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ခဲ့ပြီး ဒေါ်လာ ၆၉၆ ဒဿမ ၉ ဘီလျံအထိရောက်ရှိခဲ့ကြောင်း ဖောဘီးစ်ရုရှားမှ ဖော်ပြခဲ့သည်။
       
ရုရှား၏ အချမ်းသာဆုံးပုဂ္ဂိုလ်များအားလုံးသည် ရုရှားနိုင်ငံ၏ ဆယ်စုနှစ်များစွာကြာ ကမ္ဘာ့ဈေးကွက်များသို့ တင်ပို့ခဲ့သော သဘာဝအရင်းအမြစ်များစွာနှင့် ဆက်စပ်နေပြီး ကုန်သွယ်စီးဆင်းမှုများ အနှောင့်အယှက်ကြုံရခြင်းကြောင့် ကုန်စည်ဈေးနှုန်းများမြင့်တက်သွားသည်နှင့်အမျှ ၎င်းတို့၏ ပိုင်ဆိုင်မှုမှာ မြင့်တက်လာခဲ့သည်။ သို့ရာတွင် စာရင်း၏ ထိပ်ဆုံးတွင် ဘီလျံနာအသစ်များ ထွက်ပေါ်ခြင်းမျိုးမရှိကြောင်း ဖောဘ့်စ်က မှတ်ချက်ပြုခဲ့သည်။
          
ရင်းနှီးမြှပ်နှံမှုကုမ္ပဏီ Severgroup ၏ ဒါရို-က်တာချုပ် အလက်ဇီ မော်ဒါရှော့ဗ်ကို ရုရှား၏ အချမ်းသာဆုံးဘီလျံနာအဖြစ် ဖော့ဘ်စ်က အဆင့်သတ်မှတ်ခဲ့ပြီး ၎င်း၏ ပိုင်ဆိုင်မှုသည် ဒေါ်လာ ၃၇ ဘီလျံဖြင့် ယမန်နှစ်ကထက် ၈ ဒဿမ ၄ ဘီလျံ သို့မဟုတ် ၃၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့သည်။
        
Interrors နှင့် Nornickel ၏ အကြီးအကဲ ဗလာဒီမာ ပေါ့တနင်သည် ဒေါ်လာ ၂၉ ဒဿမ ၇ ဘီလျံ ပိုင်ဆိုင်မှုဖြင့် ရုရှားတွင် ဒုတိယအချမ်းသာဆုံးအဖြစ် သတ်မှတ်ခံရသည်။
       
Lukoil ၏ အကြီးအကဲဟောင်း ဗာဂစ် အလက်ခ်ပါရော့ဗ်သည် ဒေါ်လာ ၂၉ ဒဿမ ၅ ဘီလျံဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့ပြီး Novatek ၏ စီအီးအို လီယိုနစ် မီခေးလ်ဆန်နှင့် ၎င်း၏ မိသားစုသည် ဒေါ်လာ ၂၈ ဒဿမ ၃ ဘီလျံဖြင့် စတုတ္ထနေရာတွင် ရှိနေကြောင်း ဖော့ဘ်စ်က ဖော်ပြခဲ့သည်။
       
တစ်ချိန်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များထဲတွင် ပါဝင်သည်ဟု မှတ်ယူခဲ့ကြသော်လည်း ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်တွင် ဖြစ်ပွားခဲ့သော ရှုပ်ထွေးမှုများတွင် ရုရှားဘီလျံနာများ၏ ကြွယ်ဝမှုသည် ယခုအခါတွင် အမေရိက၏ ထိပ်တန်းနည်းပညာသူကြွယ်ကြီးများထက် များစွာနိမ့်ကျနေသည်။
         
ကမ္ဘာ့ပထမဆုံး ထရီလျံနာဖြစ်လာရန် အလားအလာရှိသော အီလွန်မတ်စ်သည် ဒေါ်လာ ၈၃၉ ဘီလျံကြွယ်ဝမှုဖြင့် ဖော့ဘ်စ်၏ ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် ဦးဆောင်နေပြီး ဂူးဂဲလ်မှ လာရီပေ့သည် ဒေါ်လာ ၂၇၅ ဘီလျံဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

Ref: ဘန်ကောက်ပို့စ်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here