မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF)သည် အရှေ့တောင်အာရှဒေသ၏ အရေးပါသော Esports ပြိုင် ပွဲကြီးဖြစ်သည့် SEA Esports Nations Cup (SNC) 2026 တွင် မြန်မာ့လက်ရွေးစင်အသင်းက ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်လိုက်သည်။
ဗီယက်နမ်နိုင်ငံ၊ Ho Chi Minh City ၌ မေလ(၈) ရက်မှ (၉)ရက်အထိ ကျင်းပမည့် အဆိုပါပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ကစားသမားများက PUBG Mobile – Romeo, Marnett ၊ Teamfight Tactics (Women) – Aylin, Wine နှင့် Total Football – Zipo တို့ကိုယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို Vietnam Gameverse 2026 အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကျင်းပခြင်းဖြစ်ပြီး၊ မြန်မာ့အလံကို အရှေ့တောင်အာရှနိုင်ငံများအကြားလွှင့်ထူကာ နိုင်ငံဂုဏ်ဆောင်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) ကတိပြုထားသည်။
