Thursday, May 14, 2026

ရထားလမ်းများဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းအဆင့်မြှင့်တင်နိုင်ရေးကိုပါ ထည့်သွင်းတွက်ချက်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ...

ရထားလမ်းများအဆင့်မြှင့်တင်ခြင်း၊ အသစ်ဖောက် လုပ်ခြင်းတို့ပြုလုပ်ရာ၌ ခရီးသွားလုပ်ငန်းအဆင့်မြှင့်တင်နိုင်ရေးကိုပါ ထည့်သွင်းတွက်ချက်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာ ကြားသည်။ ယနေ့ မေ ၁၄ ရက်တွင် ပုဗ္ဗသီရိမြို့နယ်ရှိ...

ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်၍ ပြည်သူများ ယုံကြည်အားကိုးအသုံးပြုနိုင်ရန်...

Public Transportation များအနက် ရထားပို့ဆောင်ရေးစနစ်သည် အကောင်းမွန်ဆုံးသော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သဖြင့် ပြည်သူများ ယုံကြည်စိတ်ချစွာ အပြည့်အဝအားကိုး အသုံးပြုနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...

အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့်...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်တို့သည် မေ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော်တွင်...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် BRICS အဖွဲ့၏ အခန်းကဏ္ဍအပေါ်...

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် ကမ္ဘာ့အစီအစဉ်၏ အဓိကအခြေခံဖြစ်နေဆဲဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက ဆွေးနွေးညှိနှိုင်းမှုနှင့် သံတမန်ရေး၏ အရေးပါမှုကို ပိုမိုထင်ရှားစေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ်...
HomeInternational

Category: International

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက်...

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။ “အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းခြင်းသည် ဆက်သွယ်မှုကို ချောမွေ့စေရုံသာမက အတူလိုက်နာစောင့်ထိန်းအပ်သော အမျိုးသားစံတန်ဖိုးများကို ခိုင်မြဲပေးပြီး ပိုမိုစည်းလုံးညီညွတ်၍ စွမ်းဆောင်ရည်ကောင်းသော လူ့အဖွဲ့အစည်းကို ဖန်တီးပေးလိမ့်မည်” ဟု အမိန့်ထုတ်ပြန်ချက်တွင် ဆိုထားသည်။ သမ္မတ အမိန့်သည် အင်္ဂလိပ်စကားပြော မဟုတ်သူများကို ဌာနဆိုင်ရာများနှင့် ပြည်ထောင်စု ရန်ပုံငွေလက်ခံဌာနများက ဘာသာစကား အကူအညီပေးရမည်ဆိုသော ကလင်တန်လက်ထက် အုပ်ချုပ်ရေးအမိန့်ကို ဖျက်သိမ်းလိုက်သော်လည်း ဌာနဆိုင်ရာများအနေဖြင့် လက်ရှိမူဝါဒများကို ဆက်ထိန်းသိမ်းရန်နှင့် အခြားဘာသာစကားပြောသူများကို စာရွက်စာတမ်းပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများပေးရန် ခွင့်ပြုသည်။ ပြည်တွင်း၌ အင်္ဂလိပ်စကားပြော အမေရိကန်နိုင်ငံသား လေးပုံသုံးပုံကျော် ရှိသော်လည်း နိုင်ငံတွင် စပိန်စကားပြော နိုင်ငံသား ၄၂ သန်းခန့်နှင့် တရုတ်စကားပြောသူ ၃ သန်းခန့်ရှိကြောင်း သိရသည်။ Ref: ဘန်ကောက်ပို့စ်

စင်္ကာပူ၌ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဓါတ်ငွေ့တာဘိုင်တည်ဆောက်မည်

စင်္ကာပူ၊ဇန်နဝါရီ ၄ စင်္ကာပူနိုင်ငံ၌ ၂၀၂၉ ခုနှစ်တွင် စတင်လည်ပတ်ရန်လျာထားသော ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဓါတ်ငွေ့တာဘိုင်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ “စွမ်းအင်ဝယ်လိုအားမြင့်တက်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေအတွက် စွမ်းအင်ပေးနိုင်ဖို့ လုံလောက်တဲ့စွမ်းအင်ထုတ်စနစ်ရှိဖို့က အရေးကြီးပါတယ်၊အခုစတင်အကောင်အထည်ဖော်တဲ့စနစ်ဟာ ကာဗွန်အထွက်နည်းတဲ့ စွမ်းအင်ထုတ်လုပ်ရေးအနာဂတ်ကိုကူးပြောင်းဖို့ဖြစ်ပါတယ်” ဟုဆက်လက်ပြောကြားခဲ့သည်။ စင်္ကာပူအခြေစိုက် လျှပ်စစ်လက်လီရောင်းချသူ Pacific Light Power က လုပ်ဆောင်မည့်...

လူအိုများမှတ်ဉာဏ်ချွတ်ယွင်းမှုပြသနာကိုဖြေရှင်းနိုင်ရန် တရုတ်ကြိုးပမ်း

ပေကျင်း၊ဇန်နဝါရီ ၄ တရုတ်နိုင်ငံ၌ သက်ကြီးရွယ်အိုအရေအတွက်သည်လျင်မြန်စွာ တိုးပွားလာနေကာသူတို့ ကိုယ်တိုင် နှင့် သူတို့၏ မိသားစုဝင်များကို အခက်တွေ့စေသည့် မှတ်ဉာဏ် ချွတ်ယွင်းသောရောဂါပြသနာကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတော်အဆင့် ဆောင်ရွက်ချက်စီမံကိန်းကို တရုတ်နိုင်ငံက စတင်လုပ်ဆောင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ နိုင်ငံတော်ကျန်းမာရေးကော်မရှင်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့အပါအဝင် အဖွဲ့အစည်းပေါင်း ၁၅ ခုက ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ် ၇...

တရုပ်၏တိဘက်ဆည်စီမံကိန်းကို စိုးရိမ်ကြောင်း အိန္ဒိယက...

အိန္ဒိယနိုင်ငံအတွင်းသို့ စီးဝင်သော တိဗက်ဒေသရှိ Yarlung Zangbo မြစ်ကြောင်းပေါ်တွင် တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်ဆည်တည်ဆောက်‌ရေးစီမံကိန်းနှင့်ပတ်သက်၍ နူးဒေလီက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ပေကျင်းကို အသိပေးတင်ပြထားသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့သည်။ တိဘက်ရှိ ရေအားလျှပ်စစ်စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်နှင့် မြစ်အောက်ပိုင်းရေပေးဝေမှုကို ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိမည်မဟုတ်ဟု တရုတ်အရာရှိများက ပြောထားစေကာမူ ယင်းဆည်တမံနှင့်ပတ်သက်၍...

ကန်နိုင်ငံခြားရေးဝန်ကြီး တောင်ကိုရီးယား၊ ဂျပန်နှင့်...

ဆိုးလ်တွင် နိုင်ငံရေးအကျပ်အတည်းကြုံနေရချိန်၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် ဇန်နဝါရီလ ၄ ရက် နေ့မှ ၉ ရက် နေ့ အထိ တောင်ကိုရီးယား၊ ဂျပန်နှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားလိုက်သည်။ ဒီဇင်ဘာလ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာမှုနှင့်ပတ်သက်၍ နိုင်ငံတော်ပုန်ကန်မှုဆိုင်ရာ...

ကိုဗစ်ဖြစ်ပြီး ၅နှစ်အကြာတွင် နောက်ထပ်ဗိုင်းရပ်စ်အသစ်တစ်မျိုး...

Covid-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် ငါးနှစ်အကြာတွင် Human metapneumovirus (HMPV) ဆိုသည့် ဗိုင်းရပ်စ်အသစ်တစ်မျိုးကို တရုတ်နိုင်ငံ၌ကိုင်တွယ်ဖြေရှင်း‌နေရကြောင်း သိရသည်။ သတင်းအစီရင်ခံစာများနှင့် ဆိုရှယ်မီဒီယာများတွင် ယင်း ဗိုင်းရပ်စ် လျင်မြန်စွာ ပျံ့နှံ့နေကြောင်း အချို့က ဆိုကာ အတည်မပြုနိုင်သော သတင်းများကလည်း ဆေးရုံများတွင် လူများရှိ‌နေကြ‌ကြောင်းဆိုကြသည်။ အွန်လိုင်းတွင် မျှဝေထားသည့် ဗီဒီယိုများတွင်...

ရွေးကောက်ခံ ၅ နိုင်ငံကလုံခြုံရေးကောင်စီအဖွဲ့ဝင်များအဖြစ်...

ကုလသမဂ္ဂ၊ဇန်နဝါရီ ၃ ဒိန်းမတ်၊ဂရိ၊ပါကစ္စတန်၊ပနားမားနှင့်ဆိုမာလီယာအစရှိသည့် နိုင်ငံ ၅ နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သောအဖွဲ့ဝင်များအဖြစ် ရွေးကောက်ခံရပြီးနောက် စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်းသိရသည်။ ၎င်းတို့၏နှစ်နှစ်တာ တာဝန်ယူရမည့်သက်တမ်းသည် ခရစ္စမတ်နှင့်နှစ်သစ်ကူးအားလပ်ရက်အပြီး ၂၀၂၅ ခုနှစ်အတွက် ကောင်စီ၏လုပ်ငန်းများကိုပြန်လည်လည်ပတ်ချိန် ဖြစ်သောဇန်နဝါရီလ ၁ ရက်နေ့က တရားဝင်စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။ ၎င်း ၅ နိုင်ငံသည် ယခင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အီကွေဒေါ၊ဂျပန်၊မောလ်တာ၊မိုဇမ်ဘတ်နှင့်ဆွစ်ဇာလန်တို့နေရာ၌ အစားထိုးဝင်ရောက်လာသည့်နိုင်ငံများဖြစ်သည်။...

BRICS ထိပ်သီးအစည်းအဝေးကြိုတင် ပြင်ဆင်ရေးကော်မတီဖွဲ့စည်း

ရီယိုဒီဂျနေးရိုးလ်၊ဇန်နဝါရီ ၃ ဘရာဇီးလ်သည် ယခုနှစ်အတွက် BRICS ၏ အလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူရမည်ဖြစ်ရာ BRICS ထိပ်သီးအစည်းအဝေးအပါအဝင် ၎င်းနှင့်ဆက်စပ်နေသည့် လှုပ်ရှားမှုများနှင့် စီမံချက်များအားလုံးကို ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ရန် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများတွင်ဖော်ပြထားသည်။ ယခုအသစ်ဖွဲ့စည်းလိုက်သောကော်မတီသည် BRICS နှင့်ပတ်သက်ဆက်စပ်သည့် စီမံချက်များနှင့်လှုပ်ရှားဆောင်ရွက်မှုများ၊ပွဲလမ်းသဘင်များအတွက် အဖွဲ့အစည်းဆိုင်ရာနှင့်ငွေကြေးဆိုင်ရာအကူအညီများ ကို ပေးအပ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ လတ်တလောဆုံးဖြတ်ချက်များအရ ဖေဖော်ဝါရီနှင့်ဇူလိုင်ကြားတွင် အစည်းအဝေးပေါင်း ၁၀၀ ကျော်ကို...

ပြည်ပရောက်ဆီးရီးယားသမ္မတဟောင်း မော်စကို၌ အဆိပ်ခတ်လုပ်ကြံခံရ

ဒိုဟာ၊ဇန်နဝါရီ ၃ ပြည်ပရောက်ဆီးရီးယားသမ္မတဟောင်း ဘာရှားအယ်လ်အာဆက်သည် အစိုးရပြိုကွဲပြီးကတည်းက မော်စကို၌ ခိုလှုံနေခြင်းဖြစ်ကာ ယခုအခါ ၎င်းအား အဆိပ်ခတ်လုပ်ကြံခဲ့သည်ဟူသောသတင်းများလည်းထွက်ပေါ်လာခဲ့သည်။ The Sun သတင်းဌာန၏အဆိုအရ အသက် ၅၉ နှစ်အရွယ်ရှိ အာဆက်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ၎င်းအနေဖြင့် အသက်ရှူရခက်ခဲသည်ဟုငြီးငြူခဲ့ပြီး အပြင်းအထန်ချောင်းဆိုးကာ ရင်ကြပ်သလိုဖြစ်လာသည်ဟုသိရသည်။ ၎င်း၏အခြေအနေသည် ရုတ်ချည်းဆိုသလိုဆိုးရွားလာသဖြင့် နေထိုင်ရာတိုက်ခန်း၌ပင် ဆေးကုသမှုခံယူခဲ့ရပြီး...

ဟနွိုင်သည် ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့တော်ဖြစ်လာ

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်သည် မကြာသေးခင် ရက်သတ္တပတ်များအတွင်း၌ ထူထဲသောမီးခိုးမြူဖုံးလွှမ်းမှုများဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ကြီးများစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။ ယင်းအတွက်ကြောင့် အစိုးရက ပြဿနာ ပြေလျော့စေရေးအလို့ငှာ လျှပ်စစ်ကားများ(EVs) ပိုမိုအသုံးပြုရေး ကိုတွန်းအားပေးဆောင်ရွက်မည်ဟု ဆိုခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ လေထုညစ်ညမ်းမှုသတင်းအချက်အလက်များကို ဖုန်းအက်ပ်တစ်ခုမှတဆင့် ဖော်ပြပေးနေသော လွတ်လပ်သည့်အဖွဲ့အစည်းဖြစ်သော AirVisual ၏ အဆိုအရ ဇန်နဝါရီ...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!