Thursday, August 6, 2026

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန်...

ဒေသတွင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မြန်မာ့အရေး နိုင်ငံရေးနည်းလမ်းဖြင့်...

မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်း၊ တပ်မတော်က နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများကြောင့် ငါးနှစ်ကျော်ကြာမြင့်နေသည့် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ်...

မြန်မာ–ထိုင်း လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း မြန်မာနှင့် ထိုင်း နှစ်နိုင်ငံသည် လုံခြုံရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ အလုပ်သမားရေးရာနှင့်...

မြန်မာ-ထိုင်း နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဖွံ့ဖြိုးရေး၊ အာကာသနည်းပညာနှင့်...
HomeInternationalဟနွိုင်သည် ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့တော်ဖြစ်လာ

ဟနွိုင်သည် ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့တော်ဖြစ်လာ

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်သည် မကြာသေးခင် ရက်သတ္တပတ်များအတွင်း၌ ထူထဲသောမီးခိုးမြူဖုံးလွှမ်းမှုများဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ကြီးများစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။ ယင်းအတွက်ကြောင့် အစိုးရက ပြဿနာ ပြေလျော့စေရေးအလို့ငှာ လျှပ်စစ်ကားများ(EVs) ပိုမိုအသုံးပြုရေး ကိုတွန်းအားပေးဆောင်ရွက်မည်ဟု ဆိုခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ လေထုညစ်ညမ်းမှုသတင်းအချက်အလက်များကို ဖုန်းအက်ပ်တစ်ခုမှတဆင့် ဖော်ပြပေးနေသော လွတ်လပ်သည့်အဖွဲ့အစည်းဖြစ်သော AirVisual ၏ အဆိုအရ ဇန်နဝါရီ ၃ ရက်နေ့နံနက်ပိုင်းတိုင်းတာချက်အရ ဟနွိုင်မြို့တော်တွင် PM2.5 ဟု ခေါ်သော လေထုအတွင်း အဆိပ်အတောက် အမှုန်အမွှားများပါဝင်မှုအဆင့်သည် တစ်ကုဗမီတာလျှင် ၂၆၆ မိုက်ခရိုဂရမ်ရှိခဲ့ကာ လေထုအညစ်ညမ်းဆုံးမြို့ကြီးများတွင် အမြင့်ဆုံးအဆင့်ဖြစ်သည်ဟု ဆိုခဲ့သည်။

အာရှတွင် စီးပွားရေး အလျင်မြန်ဆုံး တိုးတက်နေသည့် ဒေသတွင်း ကုန်ထုတ်လုပ်မှုအချက်အချာဖြစ်သော အရှေ့တောင်အာရှနိုင်ငံသည် ၎င်း၏ အဓိကမြို့ကြီးများ၌ လေထုညစ်ညမ်းမှုကို နှစ်များစွာ ဆိုးဆိုးဝါးဝါး ကြုံတွေ့နေရသည်။

အများအားဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ၊ အမှိုက်မီးရှို့ခြင်းနှင့် စက်မှုလုပ်ငန်းများကြောင့် ထူထပ်သော မီးခိုးမြူများဖြစ်ပေါ်သည်။

မိမိတို့လို အသက်အရွယ်ကြီးသူများသည် အသက်ရှုရခက်စေသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများကြုံလာပါက သိသိသာသာ ပိုခံစားရနိုင်သည်ဟု အသက် ၆၄ နှစ်အရွယ် မြို့ခံတစ်ဦးဖြစ်သူ လူမင်ဒပ်က ပြောဆိုခဲ့ပြီး လေထုအခြေအနေသည် မကြာခင်ကစ၍ ပိုဆိုးလာပုံရကြောင်း ဆိုခဲ့သည်။

ကြာသပတေးနေ့က သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန အစည်းအဝေးတစ်ခုတွင် လေထုညစ်ညမ်းမှုကို လျှော့ချရေးကြိုးပမ်းချက် တစ်စိတ်တစ်ပိုင်းအနေဖြင့် လျှပ်စစ်ကားများ အသွင်ကူးပြောင်းရေးကို အရှိန်မြှင့်လုပ်ဆောင်ရန် ဒုတိယဝန်ကြီးချုပ် ထရန်ဟောင်ဟာက တိုက်တွန်းခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

လက်ရှိအနေအထားအရ ဟနွိုင်သည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် အနည်းဆုံး ဘတ်စ်ကား ၅၀ ရာခိုင်နှုန်းနှင့် တက္ကစီ ၁၀၀ ရာခိုင်နှုန်းကို လျှပ်စစ်ကားများဖြစ်စေရန် ရည်မှန်းထားကြောင်း သိရသည်။

Ref: တီဘီအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။     “ကျွန်တော်တို့ တစ်ခါမှ မကြုံဖူးသေးတဲ့ အပူလွန်ကဲမှုဟာ နေ့စဉ်နဲ့အမျှ ဆက် တိုက်ဖြစ်နေပါတယ်။ တစ်ချိန်က နိုင်ငံခြားသတင်းတွေမှာသာ မြင်တွေ့ခဲ့ရတဲ့ အပူလှိုင်းအခြေအနေတွေဟာ အခုဆိုရင် ကျွန်တော်တို့အတွက် လက်တွေ့မျက်မြင်ဖြစ်လာပါပြီ” ဟု ကြာသပတေးနေ့က ပြုလုပ်သော အပူလှိုင်းတုန့်ပြန်ဆောင်ရွက်ရေး အစည်းအဝေးတွင် သမ္မတ လီက ပြောကြားခဲ့သည်။        အပူလှိုင်းလျော့ကျသွားချိန်အထိ ရရှိနိုင်သမျှ...

ဒေသတွင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မြန်မာ့အရေး နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်းရန် အခွင့်အလမ်းသစ်ပေါ်ပေါက်

မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်း၊ တပ်မတော်က နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများကြောင့် ငါးနှစ်ကျော်ကြာမြင့်နေသည့် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ် ပေါ်ပေါက်လာကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။ အဓိကလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NUG တို့ပါဝင်ဖွဲ့စည်းထားသည့် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ၏ သဘောထားပြောင်းလဲလာမှုကလည်း ယင်းအခြေအနေကို ပိုမိုထင်ရှားစေကြောင်း သုံးသပ်ထားသည်။ SCEF သည် ဇူလိုင်လအတွင်း ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီးနောက် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကတိပြုထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံသို့ ယခုသီတင်းပတ်အတွင်း ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ...

မြန်မာ–ထိုင်း လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်မည်

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း မြန်မာနှင့် ထိုင်း နှစ်နိုင်ငံသည် လုံခြုံရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ အလုပ်သမားရေးရာနှင့် နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် သဘောတူညီခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ သနာဒီရက်၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတတာဝန် စတင်ထမ်းဆောင်ခဲ့သည့်အပေါ် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဧပြီလအတွင်း သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက် ပထမဆုံးသွားရောက်သည့် နိုင်ငံများအနက် ထိုင်းနိုင်ငံကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071