Thursday, August 6, 2026

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန်...

ဒေသတွင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မြန်မာ့အရေး နိုင်ငံရေးနည်းလမ်းဖြင့်...

မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်း၊ တပ်မတော်က နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများကြောင့် ငါးနှစ်ကျော်ကြာမြင့်နေသည့် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ်...

မြန်မာ–ထိုင်း လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း မြန်မာနှင့် ထိုင်း နှစ်နိုင်ငံသည် လုံခြုံရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ အလုပ်သမားရေးရာနှင့်...

မြန်မာ-ထိုင်း နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဖွံ့ဖြိုးရေး၊ အာကာသနည်းပညာနှင့်...
HomeInternationalလူအိုများမှတ်ဉာဏ်ချွတ်ယွင်းမှုပြသနာကိုဖြေရှင်းနိုင်ရန် တရုတ်ကြိုးပမ်း

လူအိုများမှတ်ဉာဏ်ချွတ်ယွင်းမှုပြသနာကိုဖြေရှင်းနိုင်ရန် တရုတ်ကြိုးပမ်း

ပေကျင်း၊ဇန်နဝါရီ ၄

တရုတ်နိုင်ငံ၌ သက်ကြီးရွယ်အိုအရေအတွက်သည်လျင်မြန်စွာ တိုးပွားလာနေကာသူတို့ ကိုယ်တိုင် နှင့် သူတို့၏ မိသားစုဝင်များကို အခက်တွေ့စေသည့် မှတ်ဉာဏ် ချွတ်ယွင်းသောရောဂါပြသနာကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတော်အဆင့် ဆောင်ရွက်ချက်စီမံကိန်းကို တရုတ်နိုင်ငံက စတင်လုပ်ဆောင်လိုက်ပြီဖြစ်ကြောင်းသိရသည်။

နိုင်ငံတော်ကျန်းမာရေးကော်မရှင်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့အပါအဝင် အဖွဲ့အစည်းပေါင်း ၁၅ ခုက ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ် ၇ ခုဖြင့်လုပ်ဆောင်သွားမည်ဖြစ်ကာ ၂၀၃၀ ပြည့်နှစ်တွင် အောင်မြင်ရန်ရည်မှန်းထားသည်ဟုသိရသည်။

စီမံကိန်းအရ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါအတွက် ဘက်ပေါင်းစုံမှ စဉ်ဆက်မပြတ်ကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစနစ်ကိုချမှတ်ခြင်း၊ကာကွယ်မှု လုပ်ငန်းများကို လုပ်ဆောင်ခြင်းခြင်း၊စစ်ဆေးခြင်း၊ရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့် ပြန်လည် ထူထောင်ခြင်း နှင့် စောင့်ရှောက်ခြင်း များပါဝင်ပြီး ယင်းသို့ပြုစုစောင့်ရှောက်ရေးစင်တာများကို ၂၀၃၀ ပြည့်နှစ်ကိုနောက်ဆုံးထား၍ ထူထောင်သွားမည်ဟုလည်းသိရသည်။

တရုတ်နိုင်ငံ၌ သက်ကြီးရွယ်အိုအရေအတွက်တိုးမြင့်လာသည်နှင့်အမျှ မှတ်ဉာဏ် ချွတ်ယွင်းသော ရောဂါကို ခံစားနေရသူဝေဒနာရှင်များတိုးပွားလာပြီး လူမှုအသိုင်းအဝိုင်းအတွက်လည်း စိုးရိမ်စရာအနေအထားတစ်ခုဖြစ်လာသဖြင့် ယခုအစီအစဉ်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၌ သက်ကြီးရွယ်အိုများအကြားအဖြစ်များသည့် အယ်လ်ဇိုင်းမားနှင့် အခြား မှတ်ဉာဏ် ချွတ်ယွင်းမှု ရောဂါများဖြစ်ပွားသည့်အရေအတွက်သည် ၂၀၂၁ ခုနှစ်က ၁၆ သန်းကျော်အထိမြင့်တက်သွားကြောင်းသိရပြီး တရုတ်နိုင်ငံရှိ ရောဂါဝေဒနာရှင်အရေအတွက်သည် တစ်ကမ္ဘာလုံးရှိ ဝေဒနာရှင်များ၏ ၃၀ ရာခိုင်နှုန်းနီးပါးရှိသည်ဟုလည်းသိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။     “ကျွန်တော်တို့ တစ်ခါမှ မကြုံဖူးသေးတဲ့ အပူလွန်ကဲမှုဟာ နေ့စဉ်နဲ့အမျှ ဆက် တိုက်ဖြစ်နေပါတယ်။ တစ်ချိန်က နိုင်ငံခြားသတင်းတွေမှာသာ မြင်တွေ့ခဲ့ရတဲ့ အပူလှိုင်းအခြေအနေတွေဟာ အခုဆိုရင် ကျွန်တော်တို့အတွက် လက်တွေ့မျက်မြင်ဖြစ်လာပါပြီ” ဟု ကြာသပတေးနေ့က ပြုလုပ်သော အပူလှိုင်းတုန့်ပြန်ဆောင်ရွက်ရေး အစည်းအဝေးတွင် သမ္မတ လီက ပြောကြားခဲ့သည်။        အပူလှိုင်းလျော့ကျသွားချိန်အထိ ရရှိနိုင်သမျှ...

ဒေသတွင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မြန်မာ့အရေး နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်းရန် အခွင့်အလမ်းသစ်ပေါ်ပေါက်

မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်း၊ တပ်မတော်က နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများကြောင့် ငါးနှစ်ကျော်ကြာမြင့်နေသည့် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ် ပေါ်ပေါက်လာကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။ အဓိကလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NUG တို့ပါဝင်ဖွဲ့စည်းထားသည့် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ၏ သဘောထားပြောင်းလဲလာမှုကလည်း ယင်းအခြေအနေကို ပိုမိုထင်ရှားစေကြောင်း သုံးသပ်ထားသည်။ SCEF သည် ဇူလိုင်လအတွင်း ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီးနောက် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကတိပြုထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံသို့ ယခုသီတင်းပတ်အတွင်း ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ...

မြန်မာ–ထိုင်း လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်မည်

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း မြန်မာနှင့် ထိုင်း နှစ်နိုင်ငံသည် လုံခြုံရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ အလုပ်သမားရေးရာနှင့် နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် သဘောတူညီခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ သနာဒီရက်၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတတာဝန် စတင်ထမ်းဆောင်ခဲ့သည့်အပေါ် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဧပြီလအတွင်း သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက် ပထမဆုံးသွားရောက်သည့် နိုင်ငံများအနက် ထိုင်းနိုင်ငံကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071