နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲတက်ရောက်ရန် တပ်မတော်(ရေ)မှကိုယ်စားလှယ်အဖွဲ့ စစ်ရေ ယာဉ်(ကျန်စစ်သား)ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာ

0
302

တပ်မတော်(ရေ)မှ ဗိုလ်မှူးကြီးသိန်းစိုးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်ရေယာဥ်(ကျန်စစ်သား)ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းက ထွက်ခွာသွားခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားမြို့တွင် ကျင်းပမည့် နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (International Fleet Review-IFR)သို့တက်ရောက်ရန် ရန်ကုန်မြို့၊အမှတ်(၃)ရေတပ်ဆိပ်ခံတံတား (သီလဝါ)မှထွက်ခွာသွားခဲ့ကြခြင်းဖြစ်သည်။

သန်လျင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့်တပ်မတော်(ရေ)မှ အရာရှိ၊စစ်သည်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲအား ဒီဇင် ဘာ ၆ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ကာ မြန်မာနိုင်ငံမှစစ်ရေယာဉ်(ကျန်စစ်သား)အပါအ ဝင် နိုင်ငံတကာမှစစ်ရေယာဉ်များတက်ရောက်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here