ပဏာမမြန်မာ့လက်ရွေးစင်အသင်းက လက်ရွေး စင်ဟောင်းဇော်မင်းထွန်းပါဝင်ကစားသည့် ချွန်ဘူရီအသင်းအား ၄ ဂိုးပြတ်ဖြင့်အနိုင်ရရှိ

0
119

ထိုင်းနိုင်ငံတွင် လေ့ကျင့်မှုများပြုလုပ်နေသည့် ပဏာမမြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင် ဘာ ၂၉ ရက်ည ၆ နာရီက ထိုင်းလိဂ်အဆင့်(၂) ချွန်ဘူရီအသင်းနှင့်နိုင်ငံတကာခြေစမ်းပွဲအဖြစ် ချွန်ဘူရီအသင်း၏အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။

ထိုသို့ ယှဥ်ပြိုင်ကစားရာ ပဏာမမြန်မာ့လက်ရွေး စင်အသင်းသည် ပထမပိုင်းနှင့်ဒုတိယပိုင်းတို့တွင် မတူညီသည့် ကစားသမားများဖြင့် ယှဥ်ပြိုင်က စားခဲ့ကာ ချွန်ဘူရီအသင်းတွင်လည်း မြန်မာ့လက် ရွေးစင်ဟောင်း ဇော်မင်းထွန်း ဝင်ရောက်ကစားခဲ့သည်။

ပထမပိုင်းတွင် ပဏာမမြန်မာ့လက်ရွေးစင်အ သင်း၌ ဂိုး-ကျော်ဇင်ဖြိုး(အသင်းခေါင်းဆောင်)၊ နောက်တန်း- ရဲရင့်အောင်၊ သီဟထက်အောင်၊ ရဲမင်းသူ၊ ဟိန်းဇေယျာလင်း၊ ဝင်းမိုးကျော်၊ အ လယ်တန်း- လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ အောင်နိုင်ဝင်း၊ ရှေ့တန်း-အီစိုး၊ဝင်းနိုင်ထွန်း တို့ကဝင်ရောက်က စားခဲ့ကြသည်။

ထိုသို့ ဝင်ရောက်ကစားပြီးနောက် ပွဲချိန် ၄၅ မိနစ်တွင် တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ၁ ဂိုးစတင်သွင်းယူပေးခဲ့သည်။

ဒုတိယပိုင်းတွင် ပဏာမမြန်မာ့လက်ရွေးစင်အ သင်းသည် ဂိုး- ဆန်းဆက်နိုင်၊ နောက်တန်း- နန္ဒကျော်၊ ကျော်ဇင်လွင်၊ ဇော်ရဲထွန်း၊ ဒေးဗစ်ထန်း၊ အလယ်တန်း-ရန်နိုင်ဦး၊ ရန်ကျော်ထွေး၊ ဝေလင်းအောင်၊ မြတ်ကောင်းခန့်၊ သက်ဝေမိုး၊ ရှေ့တန်း- နိုင်ဇင်ထက် တို့ဝင်ရောက်ကစားခဲ့ပြီး ပွဲချိန် ၅၁ မိနစ်တွင် နိုင်ဇင်ထက်က ဒုတိယ ဂိုးသွင်းယူခဲ့ပြီး ၆၆ မိနစ်တွင် ချွန်ဘူရီအသင်းက ချေပဂိုး ၁ ဂိုး ပြန်လည်သွင်းယူခဲ့သည်။

ထို့နောက်  ပွဲချိန် ၈၅ မိနစ်တွင် လင်းထက်စိုး၊ ၈၈ မိနစ်တွင် ရန်ကျော်ထွေး တို့ကဂိုးများဆက်လက်သွင်းယူခဲ့သဖြင့် ပွဲအပြီးတွင် ပဏာမမြန်မာ့လက် ရွေးစင်အသင်းက ချွန်ဘူရီအသင်းအား ၄ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here