ဆွန်ရယ်ဂျင်နှင့် ဟျွန်ဘင်းတို့၏ သားဦးလေး အောင်မြင်စွာ မွေးဖွား

0
419

Crash Landing On You ဇာတ်လမ်းတွဲဖြင့် လူသိများလာခဲ့သည့် နာမည်ကြီး အနုပညာရှင်စုံတွဲ ဆွန်ရယ်ဂျင်နှင့် ဟျွန်ဘင်းတို့သည် သူတို့၏သားဦးလေးကို နိုဝင်ဘာလ ၂၇ ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် အောင်မြင်စွာ မွေးဖွားခဲ့ပြီ ဖြစ်သည်။

အဆိုပါ သတင်းအား ဆွန်ရယ်ဂျင်၏ အေဂျင်စီ MSteam Entertainment က တရားဝင်ကြေညာခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့မှာတော့ ဆွန်ရယ်ဂျင်ဟာ သားယောက်ျားလေးကို ဖွားမြင်ပေးခဲ့ပါတယ်။ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာ ရှိပါတယ်” ဟု ကြေညာချက်တွင် ရေးသားထားသည်။

နှစ်ဦးစလုံး အသက် ၄၀ အရွယ်ရှိပြီ ဖြစ်သော ရယ်ဂျင်တို့စုံတွဲသည် ယခုနှစ် မတ်လတွင် သီးသန့်အခမ်းနားပွဲလုပ်ကာ လက်ထပ်ထိမ်းမြားခဲ့ပြီး ဇွန်လတွင် ကိုယ်ဝန်ရှိပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here