အမှန်တကယ်သုံးမည့်သူများအတွက် ရောင်းချပေးသည့် ရွှေဒင်္ဂါးများကို မသမာသောနည်းဖြင့် ဝယ်ယူကာ အမြတ်ရှာရောင်းချမှုများရှိနေသည့်အတွက် ဝယ်ယူသူများ၏ ဝင်ငွေရလမ်းကို စစ်ဆေးမည်ဟုဆို

0
269

နိုင်ငံတော်မှ ရောင်းချပေးသည့် ရွှေဒင်္ဂါးပြားများကို ဝယ်ယူသူများထဲတွင် မတော်လောဘဖြင့် စီးပွားရှာသူများ နောက်ကွယ်တွင် ပါဝင်နေသည့်အတွက် နောက်နောင်တွင် ရွှေဒင်္ဂါး ဝယ်ယူသူများ၏ ဝင်ငွေရလမ်းကိုပါ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး‌တို့တွင် ရွှေဒင်္ဂါးပြားများ ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ရောင်းချပေးခြင်းမှာ ကိုယ်တိုင်အမှတ်တရ အဖြစ်သိမ်းဆည်းထားရန်နှင့် အမှန်တကယ်အသုံးပြုလိုသူများအား ရောင်းချပေးရန် ရည်ရွယ်ရောင်းချပေးခဲ့ခြ င်းဖြစ်ကြောင်း သိရသည်။

မူလက ယင်းသို့ ရည်ရွယ်ရောင်းချခဲ့ခြင်းဖြစ်သော်လည်း မတော်လောဘဖြင့် စီးပွားရှာသူများက အခြေခံ လက်လုပ်လက်စားလူတန်းစားများကို နောက်ကွယ်မှ ငွေကြေးစိုက်ထုတ် ဝယ်ယူပြီး ပြန်လည်၍ အရည်ကြိုကာ အထည်ပျက်အဖြစ် ပြုလုပ်ပြီး အမြတ်ရှာ ရောင်းချမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုယ်ကျိုးရှာ စီးပွားရှာမှုများ ရှိနေသည့်အတွက် နောက်နောင်တွင် ရွှေဒင်္ဂါးပြားများ ရောင်းချပါက ဝယ် ယူသူ များ၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်းအပြင် ဝင်ငွေရလမ်းကိုပါ စစ်ဆေးသွားရန် ကျောက်မျက်ဌာနမှ စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေဒင်္ဂါးပြားများ ရောင်းချရာတွင် တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား စသဖြင့် သတ်မှတ်ကာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ကျောက်မျက်အရောင်းပြခန်းများမှတဆင့် နေပြည်တော် ၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စတင် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရွှေဒင်္ဂါးပြားရောင်းချမှုတွင်ယနေ့ နိုဝင်ဘာ (၂၄) ရက်တွင် တစ်ကျပ်သားလျင် ၂၄၉၀၀၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here