သဘာဝတရားရိပ်သာမှ သံဃာတော်များလိုက်ပါလာသည့်ကား၂ စီး သေနတ်များဖြင့်ပစ်ခတ်ခံရ၊ သံဃာတော်တစ်ပါးပျံ လွန်တော်မူခဲ့ပြီး ၃ ဦးဒဏ်ရာရ

0
490

တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ကဒဲကျေးရွာလမ်း ဆုံအနီး၌ နိုဝင်ဘာ ၂၂ ရက်ညပိုင်းက ရန်ကုန် တိုင်း၊သန်လျင်သဘာဝတရားရိပ်သာမှ သံဃာ တော်များလိုက်ပါလာသည့် ကား ၂ စီးအား လက် နက်ကိုင်အဖွဲ့ဝင်များက သေနတ်များဖြင့်ပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။

ယင်းနေ့နံနက် ၁၁ နာရီခွဲခန့်က သန်လျင်မြို့ သ ဘာဝတရားရိပ်သာမှ သံဃာတော် ၂ ပါး၊သီလရှင် ၃ ပါး၊ အမျိုးသား ၇ ဦးနှင့်အမျိုးသမီး ၄ ဦး(စုစု ပေါင်း ၁၆ ဦး)တို့သည် ကား ၂ စီးဖြင့် ကော့သောင်းမြို့မှထားဝယ်မြို့သို့ ထွက်ခွာလာခဲ့ကြသည်။

ည ၉ နာရီခွန့်ခန့်၌ တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ကဒဲကျေးရွာလမ်းဆုံအနီးအရောက် လက်နက် ကိုင်အဖွဲ့ဝင်များက လမ်း၏ယာဘက်မီတာ ၂၀၀ ခန့်အကွာမှ သေနတ်များဖြင့်ပစ်ခတ်ခဲ့၍ ကား ၁ စီးမှာလမ်းဘေးသို့ထိုးကျပြီး ကျန် ၁ စီးမှာရပ် တန့်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရ၍ ကားပေါ်တွင်လိုက်ပါလာသည့် ဘဒ္ဒန္တဇနက(၂၅ နှစ်)၏ ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ ပျံ လွန်တော်မူသွားခဲ့ပြီး ဒေါ်အေးသီတာလွင်၊ဦးနန်းဦးနှင့်ဦးသက်အောင်ဇော်တို့တွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သည်။

ထို့ပြင် လက်နက်ကိုင်အဖွဲ့ဝင်များက ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ကားပေါ်၌လိုက်ပါလာသူများအား ကဒဲကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပျံလွန်တော်မူခဲ့သည့် သံဃာတော်အား နိုဝင်ဘာ ၂၃ ရက်နံနက် ၈ နာရီခန့်တွင် ကဒဲကျေးရွာသင်္ချိုင်း၌ မြေမြှုပ်သ င်္ဂြိုဟ်ကာ မွန်းလွဲပိုင်းတွင် ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူများအား ဆေးကုသမှုခံယူရန် လုံခြုံရေးအဖွဲ့ဝင်များက ထားဝယ်မြို့နယ်မြေခံတပ်မတော်ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြပြီး အခင်းဖြစ်နေရာတစ်ဝိုက်တွင် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here