ကမ္ဘာပတ်လမ်းကြောင်းကို ဖြတ်သန်းသွားမည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု သိပ္ပံပညာရှင်တို့ ရှာဖွေတွေ့ရှိ

0
1074

နိုင်ငံတကာ နက္ခတ်ပညာရှင် အဖွဲ့တစ်ဖွဲ့သည် ကမ္ဘာပတ်လမ်းကြောင်းကို ဖြတ်သန်းသွားမည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုကို ရှာဖွေတွေ့ရှိကြောင်း၊ ယင်းသည် ၁ ကီလိုမီတာခွဲ(ဝ.၉မိုင်ခန့်) အချင်းရှိသည့် ဥက္ကာခဲကြီးတစ်လုံးဖြစ်ကြောင်း၊ ကမ္ဘာက နေကိုပတ်နေသည့် လမ်းကြောင်းကို ယင်းဥက္ကာခဲက ကန့်ဖြတ် ဝင်ရောက်ဖြတ်သန်းရာတွင် ကမ္ဘာနှင့် တိုက်မိနိုင်သည့် အခွင့်အလမ်းမှာမူ မရှိသလောက် နည်းပါးကြောင်း တနင်္လာနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ဂြိုဟ်သိမ်ဂြိုဟ်မွှားကို ချီလီနိုင်ငံရှိ Victor M. Blanco အာကာသအဝေးကြည့်မှန်ပြောင်းအား အဆင့်မြင့်ကိရိယာတစ်ခုနှင့် ပူးတွဲအသုံးပြု၍ အခြား ဂြိုဟ်သိမ်ဂြိုဟ်မွှား ၂ခုနှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး 2022 AP7 ဟု အမည်ပေးခဲ့သည်။

“2022 AP7 သည် ကမ္ဘာ၏ ပတ်လမ်းကို ဖြတ်ကျော်ကာ အန္တရာယ်ရှိနိုင်သော ဂြိုဟ်သိမ်တစ်ခု ဖြစ်လာနိုင်သော်လည်း လက်ရှိအချိန်တွင်သိရှိရသည့်အချက်အလက်များအရ ယခု သို့မဟုတ် အနာဂတ်တွင် ကမ္ဘာနှင့် တိုက်မိမည့် လမ်းကြောင်းနှင့်ပတ်သက်၍ မတွေ့ရသေးပါ” ဟု ရှာဖွေတွေ့ရှိမှုကို ဦးဆောင်သူ နက္ခတ်ပညာရှင် Scott Sheppard က ပြောကြားခဲ့သည်။

သို့ရာတွင် ယခု အသစ်ရှာဖွေတွေ့ရှိခဲ့သော 2022 AP7 သည် ရှစ်နှစ်တာကာလအတွင်း ကမ္ဘာမြေအတွက် အန္တရာယ်ဖြစ်နိုင်ချေရှိသော အကြီးဆုံးအရာဝတ္ထုကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်၏ရန်ပုံငွေဖြင့် စူးစမ်းလေ့လာရေးစခန်းများစွာကို လုပ်ဆောင်နေသည့် NORLab သုတေသနအဖွဲ့ကြီးက ဆိုသည်။

Source: New potentially hazardous asteroid discovered


LEAVE A REPLY

Please enter your comment!
Please enter your name here