မိုင်းပျဥ်းမြို့နယ်ရှိ ကျိုင်းတုံ-တောင်ကြီးသွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကား ၃ စီးအား လူတစ်စုကဓားပြတိုက်

0
286

မိုင်းပျဥ်းမြို့နယ်ရှိ ကျိုင်းတုံ-တောင်ကြီးသွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကား ၃ စီးအား လူတစ်စုကဓားပြတိုက်

ရှမ်းပြည်နယ်၊မိုင်းပျဥ်းမြို့နယ်၊တံတာမြို့အနီးရှိ ကျိုက်းတုံ-တောင်ကြီးသွားကားလမ်းတွင် စက် တင်ဘာ ၂၃ ရက်ညပိုင်းက ကား ၃ စီးအား လူတစ်စုက တားဆီး၍ဓားပြတိုက်သွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ည ၁၀ နာရီကျော်ခန့်က ကျိုင်းတုံ-တောင်ကြီးသွား ပြည်ထောင်စုလမ်းမကြီးအတိုင်း ရွှေဥဒေါင်းကားလိုင်းမှ ခရီးသည် ၁၄ ဦးလိုက်ပါလာသည့် အန်ဇာတုံး(အဖြူရောင်)ကား၊ ဦးလှမျိုးမောင်းလာသည့် Probox ကား၊ အောင်စိုးမိုးကားလိုင်းမှ ခရီးသည် ၅ ဦးလိုက်ပါလာသည့် Wish ကားတို့ သည် ကျိုင်းတုံဘက်မှတောင်ကြီးမြို့ဘက်သို့ မောင်းနှင်လာခဲ့သည်။

ထိုသို့ မောင်းနှင်လာစဥ် မိုင်တိုင်အမှတ် ၅၈၁ အနီးအရောက် တူမီးသေနတ်များ၊ဓားများကိုင်ဆောင်ထားသည့် အမည်မသိအမျိုးသား ၇ ဦးက ပိတ် ဆို့၍ ရပ်တန့်ခိုင်းခဲ့သည်။

ထို့နောက် ကား ၃ စီးပေါ်တွင် လိုက်ပါလာသူများထံမှ ငွေကျပ် ၂၉ သိန်းကျော်နှင့်ဖုန်း ၉ လုံးအားလုယက်ယူဆောင်၍ ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူ ၇ ဦးအား ဖမ်းဆီးရမိရေးအတွက် တုံတာမြို့နယ်ရဲစခန်းက (ပ)၆/၂၀၂၂ ၊ အမှုကြီးအမှတ်စဥ် ၁/၂၀၂၂ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၅ အရအမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here