တောင်ငူဘုရင် နတ်သျှင်နောင်အ ကြောင်းပုံဖော်ထားသည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို ငို ပြော ဇာတ်တော်ကြီး တင်ဆက်ကပြမှုကို နစက ဥက္ကဋ္ဌ ကြည့်ရှုအားပေး

0
647

တောင်ငူဘုရင် နတ်သျှင်နောင်အ ကြောင်းပုံဖော်ထားသည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို ငို ပြော ဇာတ်တော်ကြီး တင်ဆက်ကပြမှုကို နစက ဥက္ကဋ္ဌ ကြည့်ရှုအားပေး

 “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို ငို ပြောဇာတ်တော်ကြီးအား မြန်မာ့သမိုင်းတွင် ရတုရေးသားရာ၌ တံခွန်စိုက်ထူခဲ့သည့် တောင်ငူဘုရင်နတ်သျှင်နောင်နှင့်ရာဇဓာတုကလျာမင်းသ မီးတို့၏ အချစ်ဇာတ်ကြောင်း၊ ရာဇဓာတုကလျာ ၏ ရင်နင့်ဖွယ်ရာဖြစ်ရပ်၊ ပဒေသရာဇ်များ၏ အားပြိုင်မှုမှ ဖြစ်ပေါ်လာသည့် နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းများကိုနောက်ခံ၍ စစ်ရေးစစ်ရာတွင် ရဲစွမ်းသတ္တိရှိသည်သာမက အနုသုခုမပညာတွင်လည်း လက်ရာပြောင်မြောက်ခဲ့သည့် နတ်သျှင်နောင်သည် နိုင်ငံအတွင်းပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားကို အကြွင်းမဲ့ယုံစား၍ ပူးပေါင်းဆောင်ရွက်မိရာမှ မလှပသည့် သမိုင်းနိဂုံးဖြင့် ဇာတ်သိမ်းရသည်ကို တင်ဆက်ကပြခြင်းဖြစ်သည်။

ဇာတ်တော်ကြီးအား မြန်မာ့ရိုးရာအစဉ်အလာ သ မားစဉ်နှင့်အညီ ဘုရားကန်တော့ခန်း၊ဇာတ်တော်ကြီးသမားစဉ် အပျိုတော်ထွက်ခန်းနှင့်နှစ်ပါး သွားခန်းတို့ဖြင့် စတင်အစပျိုးကပြဖျော်ဖြေပြီးနောက် ဇာတ်ကွက်အလိုက်ကပြဖျော်ဖြေခဲ့ကြသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်း သိမ်းစောင့်ရှောက်သည့်အနေဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊အနုပညာဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့်အနုပညာရှင်များ ပူးပေါင်း၍ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေတင်ဆက်ခြင်းဖြစ်သည်။

အဆိုပါ “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို ငို ပြော ဇာတ်တော်ကြီးကို နစက ဥက္ကဋ္ဌ၊နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဖြစ်သူတို့ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

နစက ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့ ရိုးရာယဉ်ကျေးမှုအနုသုခုမအမွေအနှစ်များကို ရှာဖွေခြင်း၊ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်တိုးတက်ပြန့်ပွားစေရန်၊အများပြည်သူများ စိတ်အပန်းပြေစေရန် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို အခြေခံသည့် ဖျော်ဖြေရေးအစီအစဉ်များကို ဖော်ထုတ်ပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here