ရုရှားကို ဆန့်ကျင်ပိတ်ဆိုမှုများသည် ဥရောပကို ကြီးမားစွာထိခိုက်ဟု ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးပြောကြား

0
151

ရုရှားကို ဆန့်ကျင်ပိတ်ဆို့မှုများသည် ဥရောပကို ကြီးမားစွာထိခိုက်ဟု ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးပြောကြား

ယူကရိန်းနိုင်ငံနဲ့စစ်မက်ဖြစ်ပွားမှုဆိုင်ရာ အခြေအနေတွေကြောင့် ရုရှားအပေါ် ဥရောပသမဂ္ဂက ကြီးမားတဲ့ ပိတ်ဆိုအရေးယူမှုတွေ ချမှတ်လိုက်တာဟာ ဥရောပနဲ့ ဥရောပသားတွေကို ကြီးကြီးမားမား ထိခိုက်နစ်နာစေတယ်လို့ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး  Peter Szijjarto က ကုလသမဂ္ဂ အထွေထွေညီလာခံခေတ္တနားချိန်အတွင်း သတင်းဌာနအချို့က တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့ပါတယ်။

“ဥရောပသမဂ္ဂရဲ့ ပိတ်ဆိုအရေးယူမှုမူဝါဒကို နိုင်ငံရေးအရမဟုတ်ဘဲ ပရော်ဖက်ရှင်နယ်အမြင်နဲ့ကြည့်ရင်တော့ ဥရောပအတွက် အလွန်ထိခိုက်စေတယ်ဆိုတာ ထင်ရှားပါတယ်။ ငွေကြေးဖောင်းပွမှုဟာ တဟုန်ထိုးတက်လာပြီး စွမ်းအင်ဈေးနှုန်းတွေလဲ မြင့်တက်နေပါတယ်။ ကုန်စည်တွေနဲ့ စားသောက်ကုန် ဈေးနှုန်းတွေက မိုးထိုးနေပါတယ်။ဒါကြောင့် ဒီအရေးယူပိတ်ဆိုမှု မူဝါဒဟာ ဥရောပနဲ့ ဥရောပပြည်သူတွေ အတွက် ကြီးမားစွာထိခိုက်စေတယ်လို့ပြောတာဖြစ်ပါတယ်” လို့Peter Szijjarto က ပြောတာဖြစ်ပါတယ်။

Ref: Anti-Russian sanctions hugely harm Europe — Hungarian minister


LEAVE A REPLY

Please enter your comment!
Please enter your name here