မူဆယ်တွင် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သတ် ဖြတ်ခဲ့သူ (၄) ဦးထဲမှ (၃) ဦးကို သေဒဏ်အပြင် အလုပ်နှင့် နှစ်ရှည်ထောင်ဒဏ်များပါ သီးခြားကျခံရ အမိန့်ချ
ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ကာ သတ် ဖြတ်ခဲ့မှုမှ ကျူးလွန်သူများအား သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ သီးခြားကျခံရန် တရားရုံးကအမိန့်ချ မှ တ်ခဲ့ကြောင်း သိရသည်။
မတ်လ (၁၂)ရက် နေ့လည် ၃ နာရီခွဲခန့်က အသက် (၂၁) နှစ်အရွယ် အမျိုးသမီးတစ်ဦးအား အမျိုးသား (၄) ဦးက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူး လွန်သူများဖြစ်သည့် ချောက်ရို့၊ မောင်ထွေး (ခ) အားရှန်၊အားရှင်(ခ)မြင့်ဦးနှင့်အားချန်(ခ)သိန်းဦး တို့အား မူဆယ်ခရိုင်တရား ရုံးက စက်တင်ဘာ ၂၃ ရက်(ယမန်နေ့)က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ အမိန့်ချမှတ်ရာတွင် ချောက်ရို့၊မောင်ထွေး (ခ)အားရှန်၊အားရှင်(ခ)မြင့်ဦးတို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂ ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆(၁)အရ ထောင်ဒဏ်နှစ်၂၀ နှင့် ရာဇသ တ်ကြီးဥပဒေပုဒ်မ ၃၀၂(ဂ)၃၄ အရ သေဒဏ်တို့အား သီး ခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အလားတူ အားချန်(ခ)သိန်းဦးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂/၁၁၄ အရ အလုပ်နှင့်ထောင် ဒဏ် ၁၀ နှစ်အမိန့်ချမှတ်ခဲ့သည်။
ပြစ်မှုကျူးလွန်သူ ၄ ဦးသည် အသက်(၂၁)နှစ်အ ရွယ်ရှိ အမျိုးသမီးအား ကားဝယ်ယူမည်ဟုပြော ဆိုခေါ်ဆောင် ခဲ့သဖြင့် သွားရောက်ရာမှပျောက် ဆုံးသွားခဲ့သဖြင့် ၎င်း ၏ အမဖြစ်သူမှ လိုက်လံရှာ ဖွေစုံစမ်းရာ မတ် ၁၃ ရက်နံနက်ပိုငိးတွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ ကချင်သ င်္ချိုင်းအတွင်းအုတ်ဂူများကြား၌ ဒဏ်ရာများဖြင့် သေဆုံးနေ သည်ကို တွေ့ရှိရသဖြင့် မူဆယ်မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့သည်။
ထို့ကြောင့် မူဆယ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ရှာဖွေဖော်ထုတ်ဖမ်း ဆီးပြီးနောက် မူဆယ်ခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။