တေးသံရှင်တွေအများကြီးပြန်ဆိုခဲ့ဖူးတဲ့သီချင်းမို့ ဖိအားတွေရှိခဲ့တယ်ဆိုတဲ့ သဒ္ဒါနန်းထိုက်

0
529

တေးသံရှင်တွေအများကြီးပြန်ဆိုခဲ့ဖူးတဲ့သီချင်းမို့ ဖိအားတွေရှိခဲ့တယ်ဆိုတဲ့ သဒ္ဒါနန်းထိုက်

တေးသံရှင်သဒ္ဒါနန်းထိုက်ဟာ တေးရေးဦးဝင်းမော်(ရွှေသံစဥ်တေးဂီတ) ရေးစပ်ထားတဲ့ ‘အမှတ်တရ’ သီချင်းကိုပြန်လည်သီဆိုထားပြီး သူမအနေနဲ့ တေးသံရှင်များစွာကသီဆိုဖူးကာ အောင်မြင်တဲ့တေးသီချင်းတစ်ပုဒ်ဖြစ်တာကြောင့် ဖိအားတွေရှိခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ဒီသီချင်းဟာ TikTok မှာလူကြိုက်များကာ လိုက်ပါဆော့ကစားသူ များစွာရှိနေပြီး သဒ္ဒါနန်းထိုက်ကတော့ ကကွက်လေးတွေထွင်ပြီးဆော့ထားတဲ့ TikTok ပုံစံမျိုးကို ပိုသဘောကျတယ်လို့သိရပါတယ်။

ဒါ့အပြင်သူမက “ဒီသီချင်းလေးနဲ့ပတ်သက်ပြီး ပရိသတ်ရဲ့တုံ့ပြန်မှုကတော့ အမျိုးမျိုးရှိပါတယ်၊ လူငယ်ကြိုက်ပုံစံလေးဖြစ်သွားတော့ ပိုကြိုက်ကြတာလဲရှိသလို အရင်ပုံစံကို ပိုကြိုက်ကြတာလဲရှိပါတယ်၊ အကောင်းမြင်ပြီးချစ်ပေးကြတဲ့သူတွေရော ဝေဖန်ထောက်ပြပေးတဲ့သူတွေရော အကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်” လို့ဆိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here