ဇွဲကပင်တောင်တွင် တက္ကသိုလ်ကျောင်းသူအမျိုးသမီးငယ်တစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ တိမ်းရှောင်နေသူအား ဖမ်းဆီးရမိ

0
938

ဇွဲကပင်တောင်တွင် တက္ကသိုလ်ကျောင်းသူအမျိုးသမီးငယ်တစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ တိမ်းရှောင်နေသူအား ဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်တောင်တွင် တက္ကသိုလ်ကျောင်းသူအမျိုးသမီးငယ်တစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသူကို ယမန်နေ့ ညပိုင်းက ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ယင်းထွက်ပြေးတိမ်းရှောင်သူကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ယမန်နေ့ ည၉နာရီအချိန်တွင် ကြာအင်းဆိပ်ကြီးမြို့အနီး ဖမ်းဆီးရမိကာ ထိန်းသိမ်းထားရှိသည်ဟု ဆိုသည်။

“ ထုံးအိုင်နယ်မြေရဲစခန်းကို လွဲပေးမယ်လို့ ကြားတယ်။ ထုံးအိုင်နယ်မြေ ရဲစခန်းကလည်း ပုဒ်မ ၃၀၂ နဲ့ အမှု ဖွင့်ထားပါတယ်။” ဟုဆိုသည်။

ဖမ်းဆီးရမိသူမှာ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ ၊ နွားခြံကုန်းကျေးရွာနေ ဒယ်ကလစ်ဆိုသူဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော မတ် ၃၀ ရက်၌ သေဆုံးသူ တက္ကသိုလ်ကျောင်းသူ မဇာခြည်လှိုင်မှာ ဇွဲကပင်တောင်ပေါ်သို့ တက်ရာမှ ပြန်ဆင်းလာခြင်းမရှိဘဲ နှစ်ရက်နီးပါးကြာ
ပျောက်ဆုံးနေရာမှ ဧပြီ ၁ ရက် နံနက် ၈နာရီခွဲ အချိန်ခန့်တွင် ဦးခေါင်းကြေမွဒဏ်ရာများဖြင့် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here