ယခုရက်သတ္တအပါတ်အတွင်းစီးပွားရေးဆိုင်ရာ အနှစ်ချုပ်

0
1994

ယခုရက်သတ္တအပါတ်အတွင်းစီးပွားရေးဆိုင်ရာ အနှစ်ချုပ်

ကျင်စန်းကျော့ဂိတ်ပြန်ဖွင့်လှစ်လိုက်တဲ့သတင်း၊အထောက်အထားခိုင်လုံရင် ငွေကျပ်သိန်း၁၀၀အထိထုတ်ယူနိုင်တော့မယ့်သတင်း၊မြန်မာမတ်ပဲ အိန္ဒိယသိုတင်သွင်းမှုဆက်လက်အားကောင်းနေမယ့်သတင်း၊မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်မှာ (MACCS) စနစ်ကို ဧပြီ ၁ ရက်ကစတင်အသုံးပြုနေပြီဆိုတဲ့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။

ပထမဦးဆုံးသတင်းအနေနဲ့ ကျင်စန်းကျော့ဂိတ်ပြန်လည်ဖွင့်လှစ်တဲ့သတင်းပဲဖြစ်ပါတယ်။

ကပ်ရောဂါကြောင့် ရက်ပိုင်းယာယီပိတ်ခဲ့တဲ့ ကျင်စန်းကျော့ဂိတ် (မူဆယ်-ဝမ်တိန် မန်မိုင် လမ်းကြောင်း) ကို မတ်လ ၂၇ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

မူဆယ်နယ်စပ်ကုန်သည်ကြီးတစ်ဦးက”ဟိုဘက်မှာပိတ်မိနေတဲ့၊ဒီဘက်ကနေသွားလိုမရတဲ့ ကားတွေကအများကြီး၊ခုလမ်းဖွင့်သွားပြီ။မြန်မာဘက်က ဖရဲ၊သခွါး၊ရာဘာတွေအတွက် အဆင်ပိုပြေသွားတယ်”လို့ ပြောဆိုပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ အထောက်အထားခိုင်လုံရင် ငွေကျပ်သိန်း၁၀၀အထိထုတ်ယူနိုင်တော့မည့်သတင်းပဲဖြစ်ပါတယ်။

ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ၊ ဧပြီလ ၁ ရက် နေ့ကစပြီး ယခင်သတ်မှတ်ပမာဏ ကျပ်သိန်း (၂၀) နှင့် ကျပ်သိန်း (၂၀၀) သတ်မှတ်ချက်ကိုကျော်လွန်ပြီးအစိုးရဌာနများ သတ်မှတ်အသုံးစရိတ်အတွက်ငွေသားထုတ်ယူခြင်းကို တစ်ပတ်မှာ အများဆုံး ကျပ်သိန်း (၁,၀၀၀)၊စက်မှုဇုန်စက်ရုံများအတွက် တစ်ပတ်ကို အများဆုံး ကျပ်သိန်း (၁,၀၀၀) ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ဆိုရင် ကျန်းမာရေးနဲ့ ဘာသာရေးဆိုင်ရာကိစ္စရပ်များအတွက် အထောက်အထားများ ပြည့်စုံခိုင်လုံရင် တစ်ပတ်ကိုအများဆုံး ကျပ်သိန်း (၁၀၀) ထုတ်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

New Account များအပေါ် လက်ရှိဆောင်ရွက်ပေးလျက်ရှိတဲ့ အတိုင်း ငွေသားပေးသွင်းထားတဲ့ ပမာဏအပေါ် ငွေသား ထုတ်ယူခွင့်အပြည့်အဝရှိပြီး ဘဏ်စာရင်းအဟောင်းသို့ ငွေသားနဲ့ဝင်ရောက်ခြင်းဖြစ်ပါက ငွေသား ပေးသွင်းတဲ့ ပမာဏအတိုင်း ငွေသားပြန်လည်ထုတ်ပေးရမယ့် သတ်မှတ်ချက်တွေကတော့ ပြောင်းလဲမှုမရှိဘူးလို့သိရပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်ကတော့ မြန်မာမတ်ပဲ အိန္ဒိယသို့တင်သွင်းမှုဆက်လက်အားကောင်းနေမည့်သတင်းပဲဖြစ်ပါတယ်။

အိန္ဒိယအစိုးရက မြန်မာမတ်ပဲတင်သွင်းမှုကို ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ ထပ်မံသက်တမ်းတိုးပေးလိုက်ခြင်းဟာ အိန္ဒိယနိုင်ငံရဲ့ မတ်ပဲအရောင်းအဝယ်အပေါ်အကျိုးသက်ရောက်မှုများစွာဖြစ်ခဲ့တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲဧရာကုန်သွယ်မှုဗဟိုဌာနက ဧပြီ၁ရက်မှာ ခန့်မှန်းထုတ်ပြန်လိုက်ပြီး မြန်မာမတ်ပဲ အိန္ဒိယသိုတင်သွင်းမှုဆက်လက်အားကောင်းနေမှာဖြစ်ပါတယ်။စျေးအနည်းငယ်ကျဆင်းနိုင်ပေမယ့် ရေရှည်မှာတော့ မြန်မာ့ပဲစျေးက အမာဘက်မှာရှိနေမှာလို ပဲကုန်သည်တိုက သုံးသပ်ထားကြတာရှိပါတယ်။

နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ အကောက်ခွန်ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ Myanmar Automated Cargo Clearance System (MACCS) စနစ်ကို မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်တွင် ဧပြီ ၁ ရက်ကစပြီးစတင်အသုံးပြုနေပြီဆိုတဲ့သတင်းဖြစ်ပါတယ်။

အဆိုပါနယ်စပ်ဒေသများမှာMACCS စနစ်ကို အသုံးပြုခြင်းအားဖြင့် သွင်းကုန်/ ထုတ်ကုန်ရှင်းလင်း ရေးလုပ်ငန်းစဉ်တွေကို ယခင် Manual စနစ်နဲ့ ဆောင်ရွက်ခဲ့ရာမှ Automation စနစ်သို့ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်တယ်လို့အကောက်ခွန်ဦးစီးဌာနကပြောဆိုထားပါတယ်။

MACCS စနစ်ကြောင့် ကုန်သွယ်မှုလွယ်ကူချောမွေ့ လာမည်ဖြစ်ကာ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဖွံဖြိုး တိုးတက်လာမယ်လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here