ဖားကန့်၊ပြင်ဦးလွင်နှင့်ပုသိမ်မြို့အပါအဝင် မြို့နယ်၁၃မြို့နယ်ကို Stay at homeမှ ပယ်ဖျက်

0
559

(Unicode)

ဖားကန့်၊ပြင်ဦးလွင်နှင့်ပုသိမ်မြို့အပါအဝင် မြို့နယ်၁၃မြို့နယ်ကို Stay at homeမှ ပယ်ဖျက်

နိုဝင်ဘာ ၂၀ ရက်၊ နံနက်(၄)နာရီအချိန်မှစ၍ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်နှင့် မုံရွာမြို့နယ် ၊မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၊ မကွေးမြို့နယ်၊ မင်းဘူးမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မင်းတုန်းမြို့နယ်၊ မင်းလှမြို့နယ်၊ သရက်မြို့နယ်နှင့် အောင်လံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တို့အား မိမိနေအိမ်တွင် နေထိုင် ရန် Stay at home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကကြေညာသည်။

သက်ဆိုင်ရာမြို့နယ်များအတွင်း နေထိုင်သည့်ပြည်သူများအနေဖြင့် COVID-19ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များကို တိကျစွာလိုက်နာသဖြင့် လွန်ခဲ့သော(၁၄)ရက်အတွင်း ကိုဗစ် ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိရမှုလျော့နည်းလာခြင်း၊ ဓာတ်ခွဲအတည်ပြု လူနာများမှာလည်း တစ်ဦးမှတစ်ဦးသို့ အစုလိုက်ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခြင်း၊ Stay at home အစီအစဉ်ဆောင်ရွက်စဉ်ကာလအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းများ အား သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူများက အလေးထားဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူအားလုံးကို ရှာဖွေဖော်ထုတ်၍ ဓာတ်ခွဲနမူနာရယူ စစ်ဆေးရာတွင်လည်း လွန်ခဲ့သော(၁၄)ရက်အတွင်း ထပ်မံတွေ့ရှိရမူလျော့နည်းလာခြင်း၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ နှီးနွယ်သည့်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပြည်သူလူထုက ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့မှုများကြောင့် ပိုးတွေ့လူနာများ လျော့နည်းလာကြောင်း စိစစ်တွေ့ရှိရ၍Stay at homeမှ ပယ်ဖျက်ခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ကြေညာသည်။

အထက်ပါမြို့နယ်များအား Stay at home အစီအစဉ်မှ ပယ်ဖျက်ပြီးနောက်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာကြရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်အသိပေးထားသည်။

(Zawgyi)

ဖားကန႔္၊ျပင္ဦးလြင္ႏွင့္ပုသိမ္ၿမိဳ႕အပါအဝင္ ၿမိဳ႕နယ္၁၃ၿမိဳ႕နယ္ကို Stay at homeမွ ပယ္ဖ်က္

ႏိုဝင္ဘာ ၂၀ ရက္၊ နံနက္(၄)နာရီအခ်ိန္မွစ၍ ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး ကြၽန္းလွၿမိဳ႕နယ္ႏွင့္ မုံ႐ြာၿမိဳ႕နယ္ ၊မေကြးတိုင္းေဒသႀကီး ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ မေကြးၿမိဳ႕နယ္၊ မင္းဘူးၿမိဳ႕နယ္၊ ဆင္ေပါင္ဝဲၿမိဳ႕နယ္၊ မင္းတုန္းၿမိဳ႕နယ္၊ မင္းလွၿမိဳ႕နယ္၊ သရက္ၿမိဳ႕နယ္ႏွင့္ ေအာင္လံၿမိဳ႕နယ္၊ မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕နယ္၊ ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕နယ္တို႔အား မိမိေနအိမ္တြင္ ေနထိုင္ ရန္ Stay at home အစီအစဥ္တြင္ အက်ဳံးဝင္ျခင္းမွ ပယ္ဖ်က္လိုက္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနကေၾကညာသည္။

သက္ဆိုင္ရာၿမိဳ႕နယ္မ်ားအတြင္း ေနထိုင္သည့္ျပည္သူမ်ားအေနျဖင့္ COVID-19ေရာဂါ ကာကြယ္ေရးစည္းကမ္းခ်က္မ်ားကို တိက်စြာလိုက္နာသျဖင့္ လြန္ခဲ့ေသာ(၁၄)ရက္အတြင္း ကိုဗစ္ ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ ထပ္မံေတြ႕ရွိရမႈေလ်ာ့နည္းလာျခင္း၊ ဓာတ္ခြဲအတည္ျပဳ လူနာမ်ားမွာလည္း တစ္ဦးမွတစ္ဦးသို႔ အစုလိုက္ကူးစက္ျဖစ္ပြားမႈ ေလ်ာ့နည္းလာျခင္း၊ Stay at home အစီအစဥ္ေဆာင္႐ြက္စဥ္ကာလအတြင္း က်န္းမာေရးအသိပညာျမႇင့္တင္ျခင္းလုပ္ငန္းမ်ား အား သက္ဆိုင္ရာအစိုးရဌာန၊ အဖြဲ႕အစည္းမ်ားႏွင့္ ျပည္သူမ်ားက အေလးထားေဆာင္႐ြက္ခဲ့ျခင္း၊ ဓာတ္ခြဲအတည္ျပဳလူနာႏွင့္ ထိေတြ႕ဆက္စပ္ခဲ့သူအားလုံးကို ရွာေဖြေဖာ္ထုတ္၍ ဓာတ္ခြဲနမူနာရယူ စစ္ေဆးရာတြင္လည္း လြန္ခဲ့ေသာ(၁၄)ရက္အတြင္း ထပ္မံေတြ႕ရွိရမူေလ်ာ့နည္းလာျခင္း၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ က်န္းမာေရးဌာနမွဝန္ထမ္းမ်ား၊ ႏွီးႏြယ္သည့္ဌာန၊ အဖြဲ႕အစည္းမ်ား၊ ေစတနာ့ ဝန္ထမ္းမ်ားႏွင့္ ျပည္သူလူထုက ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားတြင္ တက္တက္ႂကြႂကြ ပါဝင္ေဆာင္႐ြက္ခဲ့မႈမ်ားေၾကာင့္ ပိုးေတြ႕လူနာမ်ား ေလ်ာ့နည္းလာေၾကာင္း စိစစ္ေတြ႕ရွိရ၍Stay at homeမွ ပယ္ဖ်က္ျခင္းျဖစ္သည္ဟု က်န္းမာေရးဝန္ႀကီးဌာနက ေၾကညာသည္။

အထက္ပါၿမိဳ႕နယ္မ်ားအား Stay at home အစီအစဥ္မွ ပယ္ဖ်က္ၿပီးေနာက္တြင္လည္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားေသာ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ျခင္းႏွင့္ သက္ဆိုင္သည့္ စည္းကမ္းခ်က္မ်ားကို တိက်စြာ လိုက္နာၾကရန္ က်န္းမာေရးဝန္ႀကီးဌာနက ႏႈိးေဆာ္အသိေပးထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here