ကမ္ဘာကျော် Bottega Veneta အမှတ်တံဆိပ်နဲ့ လက်တွဲအလုပ်လုပ်ကိုင်ခွင့်ရခဲ့တဲ့ မော်ဒယ် Beauty@သက်သက်သင်း

0
1050

ကမ္ဘာကျော် Bottega Veneta အမှတ်တံဆိပ်နဲ့ လက်တွဲအလုပ်လုပ်ကိုင်ခွင့်ရခဲ့တဲ့ မော်ဒယ် Beauty@သက်သက်သင်း

 

မြန်မာပြည်ဖွားနိုင်ငံတကာမော်ဒယ်တစ်ဦးဖြစ်တဲ့ Beauty@သက်သက်သင်းဟာ ၁၉၆၆ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ ကမ္ဘာကျော်အီတလီ brand တစ်ခုဖြစ်တဲ့ Bottega Veneta အမှတ်တံဆိပ်ရဲ့ fashion show တစ်ခုမှာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။

အဲ့ဒီပါဝင်မှုနဲ့ပတ်သက်ပြီး Beauty ဟာ “အိပ်မက်တွေအမှန်တစ်ကယ်ဖြစ်လာပါပြီ၊ ဒီပွဲကြီးမှာပါဝင်ခွင့်ရရှိတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားမျှဝေခဲ့ပါတယ်။

Beauty ဟာ မြန်မာပြည်ဖွားမော်ဒယ်တစ်ဦးဖြစ်ပြီး အသက် ၂၅နှစ်ရှိပြီဖြစ်ကာ မော်ဒယ်လုပ်ငန်းကို ၂၀၁၈ခုနှစ်ဝန်းကျင်တတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ Asia’s Next Top Model ပြိုင်ပွဲမှာလည်း ပါဝင်ခွင့်ရရှိခဲ့သူတစ်ဦးဖြစ်ပြီး နောက်ဆုံး ၅ဦးအဆင့်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့သူမဟာ နိုင်ငံတကာမော်ဒယ်တစ်ဦးအနေနဲ့ ရပ်တည်နေပြီး ကမ္ဘာကျော် brand ပေါင်းများစွာနဲ့ လက်တွဲအလုပ်လုပ်ကိုင်ခွင့်ရရှိနေပြီဖြစ်ကာ ကမ္ဘာကျော် fashion show တွေမှာလည်း ပါဝင်ထားသူတစ်ဦးဖြစ်ပါတယ်။

Zaw Gyi





LEAVE A REPLY

Please enter your comment!
Please enter your name here