နေပြည်တော်စည်ပင်အောက်ရှိ စားသောက်ကုန်အရောင်းဆိုင်များမှလွဲ၍ ကျန်အရောင်းဆိုင်များကို အကန့်အသတ်မရှိ ယာယီ ပိတ်

0
171

နေပြည်တော် ဇူလိုင် ၇

နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနကွပ်ကဲမှုအောက်ရှိ ဖွင့်လှစ်ရောင်းချနေသည့် ဈေးဆိုင်ခန်းများ အားလုံးတွင် စားသောက်ကုန် အရောင်းဆိုင်များမှအပ အခြားအရောင်းဆိုင်များ အားလုံးကို ဇူလိုင် ၆ ရက်မှစ၍ ရက် အကန့်အသတ်မရှိ ယာယီပိတ်လိုက်တာပါ။

နေပြည်တော်စည်ပင်ဈေးများဌာနအောက်မှာ ရောင်းချလျက်ရှိတဲ့ အရောင်းဆိုင်ခန်းတွေ အနေနဲ့ Covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပွဲရုံဆိုင်ခန်းများ၊ RC ဆိုင်ခန်းများ၊ ကုန်စုံ/ကုန်စိမ်း၊ သားငါးရုံများနှင့် wet market ရုံတို့တွင် ရောင်းချလျက်ရှိသော စားသောက်ကုန် ဆိုင်ခန်းများမှအပ ကျန်ဆိုင်ခန်းများ ကို ၂၀၂၁ခုနှစိ၊ ဇူလိုင်လ ၆ ရက်ကစပြီး အကန့်အသတ်မရှိ ယာယီ ပိတ်လိုက်တာပါ။

” ဈေးများဌာနကွပ်ကဲမှုအောက်မှာ ရှိတဲ့ အရောင်းဆိုင်ခန်းတွေထဲက စားသောက်ကုန်ရောင်းတဲ့ အရောင်းဆိုင်ခန်းတွေ ကလွဲရင် ကျန်တာ အကုန်ယာယီပိတ်ဖို့ ညွှန်ကြားတာပါ။ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနအောက် မှာက ဈေးပေါင်း ၃၂ ဈေးရှိပြီး ပုံမှန်ရောင်းချနေတဲ့ဈေးပေါင်း က ၂၇ ဈေး ရှိပါတယ်” လို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပိတ်လိုက်တဲ့ အရောင်းဆိုင်တွေကတော့ ရွှေဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ ဖုန်းဆိုင်၊ စာအုပ်ဆိုင်၊ စာရေးကိရိယာဆိုငိ၊ ကုန်မာဆိုင်၊ စိုက်ပျိုးရေးပစ္စည်းဆိုင်၊ ဆောက်လုပ်ရေးပစ္စည်းဆိုင်၊ လူသုံးကုန်နှင့်စတိုးဆိုင်၊ ဖိနပ်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုငိ၊ အပ်ချုပ်ဆိုငိ၊ ကွန်ပျူတာဆိုင် အစရှိတဲ့ ဆိုင်တွေအားလုံ းတို့ဖြစ်ကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here