ကရင် တိုင်းရင်းသား စစ်ဘေးရှောင်ပြည်သူတွေ အတွက် စားသောက်စရာများလှူဒါန်းခဲ့တဲ့မီးနို

0
344

အဆိုတော် မီးနို ကလတ်တလောမှာ သူမရဲ့ပရိသတ်တွေနဲ့အတူ ကရင်တိုင်းရင်းသားစစ်ဘေးရှောင်ပြည်သူတွေ အတွက် အဓိက လိုအပ်တဲ့ ပစ္စည်း များ လှူဒါန်းခဲ့ကြောင့် သူမရဲ့ ဖေ့ဘုတ်စ်စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။

မီးနိုရဲ့ ပရိတ်သတ် မောင်နှမ တွေနဲ့အတူကရင်တိုင်းရင်းသားစစ် ဘေး ရှောင်ပြည်သူ တွေအတွက်အလှူ လေးက တော့ အထ မြောက် သွားခဲ့ပါပြီရှင်…🙏

မီးနိုတို့ရဲ့ ပရိတ်သတ် မောင်နှ မ တွေအားလုံးရဲ့ စေတနာသဒ္ဓါတရား ‌တွေဖြစ်တဲ့ ဆန်အိတ် ၅၀၊ ငါး သေတ္တာဘူး ၁၀၀၀၊ စစ် ဘေး ရှောင်နယ် မြေ မှာ အဓိကလိုအပ် နေတဲ့ဆေးဝါးပစ္စည်းများအပါအဝင် အလှူရှင်တို့ရဲ့ အဝတ်အစားများကို နေရပ်စွန့်ခွာ ရှောင်တိမ်း နေရတဲ့မီးနိုတို့ရဲ့ ကရင်တိုင်းရင်းသားညီအကို မောင်နှမ တွေဆီကို အောင် အောင်မြင်မြင်ပို့ဆောင်လှူဒါန်း ပေးနိုင်ခဲ့ပါပြီ ✨

ခုလိုစု ပေါင်းအလှူ လေးဖြစ် မြောက် ဖို့အတွက် မီးနိုဆီကိုယုံယုံကြည်ကြည် နဲ့ ပါဝင် လှူဒါန်း ပေးကြတဲ့ မီးနိုရဲ့ ပရိတ်သတ် မောင်နှမ အားလုံးနဲ့ မြေပြင်အ ခြေ နေ အမျိုးမျိုးကြားက နေ သွား ရောက်ပို့ ဆောင်လှူဒါန်း ပေးတဲ့ မီးနိုတို့ရဲ့ အဖွဲ့သား တွေအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲကျေးဇူးတင် ကြောင်း ပြောပါရ စေ 🥺🤍

မီးနိုတို့ရဲ့ စု ပေါင်းအလှူ လေးက စစ် ဘေး ရှောင်တိုင်းရင်းသား မောင်နှမ တွေအတွက် တစ်ဖက်တစ်လှမ်းက နေအကူအညီအ ထောက် အပံ့ လေးဖြစ်သွားတယ်ဆိုရင်ပဲ မီးနိုတို့ ကျေနပ်ရပါပြီ။”လို့ ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here