အဆိုတော်ဘဝကို စွန့်လွှတ်လိုက်ပြီဖြစ်တဲ့ ရိန်မိုး

0
1165

သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်ရင်ထဲမှာ နေရာတစ်ခုပေးခံ ခဲ့ရတဲ့ အဆိုတော် ရိန်မိုးဟာ ဇွန်လ၂၄ရက်နေ့ ကစပြီး သူမြတ်နိုးတဲ့ အနုပညာ အလုပ် ကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း သူ့ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။

“ ဘဝမှာ ကျတော် ဘယ်တော့မှ မစွန့်လွတ်ဘူး ဘယ်တော့မှ နောက်မဆုတ်ဘူးလို့ ဘဝနဲ့ရင်းလို့ ချော်လဲလို့ ပြုတ်ကျလို့ ဒါဏ်ရာတွေ အများကြီး နဲ့ရှိနေခဲ့ အချိန်များတောင် ကျတော် ဆိုတာ ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး သို့ပေမယ့်လည်း ကနေ့ အခြေအနေ အချိန်ခါ တစ်ခုမှာ စွန့်လွတ်လိုက်ရပါပီး😪အမှန်က ကျတော့ကိုချစ်သော ကျတော်ကချစ်သော အမျိုးများအတွက် (2021) ဒီနှစ်ထဲမှာ ကျတော့ ရဲ့ကြီးကျယ်ခမ်းနားတဲ့ One man show live တစ်ခုကို နုတ်ဆက်ပွဲနဲ့အတူကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း ခုတော့ မဖြစ်နိုင်တော့လို့ 24/6/2021 ဒီနေ့ ဒီရက် ဒီအချိန် ကနေပီး ကျတော် ရိန်မိုး သည် ဂီတလောကထဲကနေပီး လုံးဝအပြီးအပိုင် နုတ်ဆက်လိုက်ပါကြောင်းကို ကျတော့ရဲ့ ချစ်တဲ့ ပရိတ်သတ်များ အမျိုးများ မိတ်ဆွေများ အပေါင်းသင်းများ အားလုံးကို အပြီးတိုင် နုတ်ဆက်လိုက်ပါတယ်ခင်ဗျား🙏🙏🙏ကျတော်သေသည့်တိုင်အောင် ဂီတက ကျတော့နှလုံးသားထဲမှာ “ထာဝရသေဆုံးမသွားဘူး “ထာဝရ ကျတော့အပေါ် သစ္စာရှိတဲ့ ဂီတကို ကျတော် သစ္စာဖောက်လိုက်ပါပြီ။ ခွင့်လွတ်ပါ ကျတော်ချစ်သော” ဂီတ”❤️❤️❤️” လို့ရေးသားထားပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here