ရထားလုံးသူ့အချစ်

0
385

ငါတို့မြို့ဟာ . . .
ပိန်းကြာရွက်ပေါ်က ရေ
ပိန်းကြာရွက်ပေါ်က နှင်း
လေကလေး ချွန်လို့
တေးကလေးကို နှင်လို့
ပန်းနုရောင်ဆွယ်တာလေး ခြုံကာလွှမ်း
မြို့ကလေးရဲ့ ရင်ခွင်ထဲ
သူဟာ ကျောင်းပို့၊ ကျောင်းကြို
ဆေးရောင်လွင်လွင်လေးနဲ့ လက်ယပ်ခေါ်သယောင်။

သူ့ဘဝ သူ့အလှ
ခြူသံလွင်လွင်လေးနဲ့
စိတ်ကို မြှင့်ထားကြမယ်
ရထားလုံးလေးရေ . . .
မျှော်သူမျှော် ပေါ်မလာ
ဆည်းဆာက ချုပ်ငြိမ်းခဲ့ပြီ . . . ။

အလင်းဆာသူ အလင်းရှာဖို့
ဘဝဆာသူ ဘဝမနာဖို့
အလွမ်းတွေကို အိပ်မွေ့ချထားခဲ့ . . .
မြို့လေးရေ . . . ဆက်သွယ် သန္တိ မမြဲသော ရုပ်နာမ်
ပြောင်းလဲခြင်းတွေနဲ့ . . . ။

ခေတ်ကို ထင်ဟတ်ဖို့
နောက်ပြန် လှည့်ကြည့်ဖို့ မဟုတ်
”အတိတ်က သင်ခန်းစာ”
ကောင်းစွာအသုံးချဖို့
ငါတို့ ပိတောက်တွေလို ထိန်ထိန်တောက်အောင်
ငါတို့လိုရာ အရုဏ်ဦးမှာ
ပန်းလို ဖူးပွင့်ဖို့ . . . ။

အစွဲအလမ်း အစွန်းအထင်းများနဲ့
အစွန်ဖျားမှာ . . .
ငါတို့ စိတ်နောက်လိုက်ပါ လိုရာရောက်ဖို့ . . . ။

ညိုဦးလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here