မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ၂၉ ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်လှူဒါန်းပူဇော်

0
505

မန္တလေးမြို့ မဟာမုနိရုပ်ရှင် တော်မြတ်ကြီးအား (၂၉)ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ် လှူ ဒါန်းပူဇော်ပွဲအခမ်းအနားကို နိုဝင် ဘာလ ၂၂ ရက် နံနက် ၆ နာရီက ဘုရားရင်ပြင်တော်၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား ရေတော် ဆရာတော်၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဂေါပက အဖွဲ့ဝင်များက မသိုးမြတ်သင်္ကန်း တော်ကို လွှမ်းခြုံကပ်လှူပူဇော်ကြပြီး လက်အုပ်ချီမိုးကန်တော့ကြကာ သာ ဓုအနုမောဒနာခေါ်ဆိုခဲ့ကြသည်။

ထို့နောက် မိုးကောင်းဓမ္မာရုံရှေ့ရှိ မဏ္ဍပ်၌ မသိုးမြတ်သင်္ကန်းတော် ရက်လုပ်လှူဒါန်းပူဇော်ပွဲတွင် လုပ် အားဒါနလှူဒါန်းကြသော အဖွဲ့အသီး သီးတို့အား ဂုဏ်ပြုပွဲကျင်းပရာ ဝန် ကြီးချုပ်၊ မြို့တော်ဝန်နှင့် မဟာမုနိ ဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌတို့က အင်းလေးဒေသ၊ ရေကြည်ပေါက်၊ အုန်းတောကျေးရွာများမှ ရက်ကန်း ပညာရှင်များ၊ ကိုးလုံးတကာ စက် ချုပ်ပညာရှင်များနှင့် ဗုဒ္ဓဝေယျာဝစ္စ အဖွဲ့များ၊ စက်ချုပ်စက်လှူဒါန်း သော အလှူရှင်မိသားစုများအား ဆုတော်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များကို အသီးသီးပေးအပ်ခဲ့ကြ သည်။

မသိုးသင်္ကန်းတော်သည် အ တိုင်းအတာအနေဖြင့် ဧကသီသင်္ကန်း တော်မှာ အလျား ၁၈ တောင်၊ အနံ ၁၆ တောင်(အုတ်ကွက်တော် ၅၈၉ ကွက်၊ အခန်း ၃၁ ခန်း)ရှိပြီး ယုန်ချည်ပေါင် ၅ဝ ဖြင့်လည်းကောင်း၊ သင်းပိုင်သင်္ကန်းတော်မှာ အလျား ရှစ်တောင်၊ အနံ ငါးတောင်ရှိပြီး ဝါချည်ဖြင့်လည်းကောင်း၊ တဘက် တော်မှာ အလျား ၇ ပေ ၆ လက်မ၊ အနံ ၃ ပေရှိပြီး သိုးမွေးချည်ဖြင့် လည်းကောင်း ရက်လုပ်လှူဒါန်းခဲ့ ကြသည်။

မဟာမုနိရုပ်ရှင်တော် မြတ်ကြီးအား မသိုးသင်္ကန်းတော် ရက်လုပ် လှူဒါန်းပူဇော်ခြင်းကို ၁၉၈၇ ခုနှစ်မှ ယနေ့ထိ ၂၉ ကြိမ် မြောက်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး ရက် ကန်းပညာရှင်များအဖွဲ့နှင့် ကိုးလုံ တကာ စက်ချုပ်ပညာရှင်များအဖွဲ့ စုစုပေါင်း ၁၂ဝ ဦးတို့က လွှမ်းခြုံပူ ဇော်မည့် မသိုးမြတ်သင်္ကန်းတော်ကို ညတွင်းချင်းအပြီး လုပ်အားဒါန ပြုကာ ရက်လုပ်ပူဇော်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here