ငါးမည်ရကျွန်း-၂

0
152
4
စွယ်တော်တိုတ် အပေါ်ထပ်သို့ တိုးဝှေ့တက်နေသော လူအုပ်ကြီး

ယခင်အပတ် ‘ငါးမည်ရကျွန်း’ဆောင်းပါးအဆက်
https://www.popularmyanmar.com/?p=30504

အနိစ္စ၊ ဒုက္ခ၊ အနတ္တကြားက သီဟိုဠ် စွယ်တော်မြတ်

စွယ်တော်တိုက် တည်ရှိတဲ့ ကန္ဒီမြို့လေး ဟာ တောင်ပေါ်မြို့ ဖြစ်တဲ့ အပြင် မြင်မြင် ကရာ တောင် စောင်းလေးတွေ မှာ အိမ် ကလေး တွေ က အစီအရီ မို့ ဘယ်နေရာ က လှမ်း ကြည့် ကြည့်ရှုချင် စဖွယ်မြင်ကွင်းနဲ့ နေချင်စဖွယ် ရာသီ ဥတုလေးပါ။

စွယ်တော်တိုက် တည်ရှိတဲ့ ဝင်းခြံကြီးရဲ့ရှေ့မှာ ဟိုးခေတ်က Queen’s Hotel၊ ဘယ်ဘက် မှာ ရေကန် နဲ့ တောင်တန်း၊ အနောက် ဘက်မှာလည်း တောင်၊ အဲဒီ တောင် စောင်းလေးတွေ မှာ အိမ်လေးတွေ နဲ့မို့ လှတဲ့ ရှုခင်းပါ။ ဒါကြောင့် အဲဒီ နားမှာ မင်္ဂလာမောင်မယ်တွေ Pre Wedding  ဓာတ်ပုံတွေ လာရိုက် ကြပါတယ်။ ကန္ဒီမြို့ စွယ်တော်တိုက် အရှေ့မှာ မှာရှိတဲ့ Queen’s Hotel ဆို တာကလည်း သမိုင်း မှတ်တမ်းမှာ ပါဝင်ခဲ့တဲ့ အဆောက် အအုံပေါ့။ အဲဒီဟိုတယ်မှာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင် တဲ့ ကိုယ်စားလှယ် အဖွဲ့ နဲ့ လော့ဒ် လူဝီ မောင့်ဘက်တန် ခေါင်းဆောင် တဲ့ ကိုယ်စားလှယ် အဖွဲ့တို့ ၁၉၄၅ ခု စက်တင်ဘာလ ၆ ရက်မှ ၇ ရက် နေ့အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြတုန်း က တည်းခိုခဲ့ဖူးပါတယ်။

5
ပုံတွင် ပါရှိသော စွယ်တော်မှာ လက်ပံတန်းတွင် ပူဇော်ခံထားသည့် စွယ်တော်ဖြစ်ပြီး သီရိလင်္ကာ ရှိ စွယ်တော် နှင့် ပုံစံတူပင်ဖြစ်သည်။

ကျွန်မတို့ မြန်မာ ဘုရားဖူး အဖွဲ့ တွေဟာ စွယ်တော်တိုက် ကို ရောက် ရောက်ချင်း ညဘက် တစ်ကြိမ်၊ နောက် တစ်နေ့ အရုဏ် ဆွမ်းကပ်ချိန် နဲ့ နေ့လယ်ဘက် စွယ်တော် ကြုတ် ဖွင့်ချိန် ဆိုပြီး ၃ ခေါက် ရောက်ခဲ့ကြပါ တယ်။ ဘုရားဖူး ကားတွေ ဟာ Queen’s ဟိုတယ်ရှေ့ ရပ်ပြီး အဲဒီ နားက ရှေ့ဝင်းတံခါးကနေ လမ်း လျှောက် ဝင်ကြရပါတယ်။  ကျွန်မတို့ က ဘေးပေါက် ကနေ ဝင်ကြရပါ တယ်။ စွယ်တော် ကိန်း ဝပ်ရာ စွယ်တော်တိုက် က နှစ်ထပ်ဖြစ်ပြီး သူ့ကို အခြား အဆောက်အအုံ များက ဝိုင်းရံထားတဲ့ ပုံစံပါ။ ဘေး အဆောက်အအုံတွေ နဲ့လည်း အပေါ် ထပ် လျှောက် လမ်းလောက်ပဲ ချိတ်ဆက်ထားတဲ့ သဘောက ဘေးက ပြိုရင်လည်း အလယ်က စွယ်တော် တိုက်ကို ထိခိုက်မှု နည်းအောင် စီမံ ထားတယ် ထင်ပါ တယ်။

စွယ်တော်တိုက် အောက်ထပ် ရှေ့မှာ ဆင်စွယ်ကြီးတွေက အဟန့် ကောင်းစွာနဲ့ ပူဇော်နေ ကြပါတယ်။ အဲဒီ အောက်ထပ် ကနေ အပေါ်ထပ် တက်တဲ့ အတွင်း လှေ ကား ကိုတော့ ဂေါပက အဖွဲ့ကသာ သုံးခွင့်ရှိပါ တယ်။ အဲဒီ အောက် ထပ် က အခန်း မှာလည်း ဆင်စွယ် ကြီးတွေနဲ့ ဘုရား ဆင်း တုတော်တွေ အများကြီးကို စီထားပါတယ်။ ဘုရားဖူးတွေက ဘေး အဆောက်အအုံ ကနေ အပေါ် တက်ပြီး စင်္ကြလမ်း အတိုင်း စွယ်တော် တိုက်ထဲ တန်းစီ ဝင်ကြရ တာပါ။ အပေါ် စင်္ကြလမ်းကို  လမ်းကြောင်း ၃ ခု လောက်ကနေ တက်လို့ ရပါတယ်။

စွယ်တော်ကြုတ် ကို ပုံမှန်တစ် နေ့ ၃ကြိမ် အပူဇော် ခံပါတယ်။ မနက် ၅ နာရီကနေ ၇ နာရီ အထိ အရုဏ်ကပ်ချိန်၊ မနက် ၉ နာရီခွဲက နေ ၁၁နာရီ အထိ တစ်ချိန်၊ ည ၆ နာရီ ကနေ ၈ နာရီထိ တစ်ချိန် အပူ ဇော်ခံပါတယ်။ အဲဒီလို အဖွင့် အပိတ် အချိန်တွေ မှာလည်း မဟာမြတ် မုနိ ဘုရားကြီးလိုပဲ ရေခင်းသံ တီးပြီး ဂီတ နဲ့ ပူဇော်ပါတယ်။ အဲဒီ ဗီဒီယိုဖိုင်ကို Popular News Journal ရဲ့ Facebook စာမျက်နှာ မှာ မေလ၁၄ရက် နေ့က တင်ခဲ့ဖူးပါတယ်။

1
ဟေမမာလာ မင်းသမီး နှင့် ခင်ပွန်း ရုပ်တု

“စွယ်တော်ကြုတ် ဖွင့်ပြီး စွယ် တော်အစစ် အပူဇော်ခံတာကို ၅ နှစ်တစ်ကြိမ် ဖွင့်ဖို့ သတ်မှတ်ခဲ့ဖူး တယ်။

၂ဝဝ၉ ခုနှစ်မှာ မဟိန္ဒတွေက တမီးလ် သူပုန်တွေကို စစ်အောင် နိုင်တဲ့ အထိမ်းအမှတ် အဖြစ် ၁ဝ ရက် အပူဇော် ခံဖို့ သတ်မှတ် ထားရာ ကနေ ကလေးကိုင်တဲ့ အိတ်ထဲက သံသယဖြစ်ဖွယ် ပေါက် ကွဲစေနိုင်တဲ့ ပစ္စည်းတွေ့လို့ ၇ ရက်နဲ့  ပိတ်လိုက် တာ ခု ၂ဝ၁၇ ခုနှစ်ထိပါပဲ။ ခုနှစ် ကဆုန် လပြည့် ဗုဒ္ဓနေ့ကို သီရိလင်္ကာ မှာ အလှည့်ကျ ညီလာခံလုပ်တော့ အဲဒီ ညီလာခံပိတ်ပွဲ အတွက် မေလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီကနေ ၄ နာရီထိပဲ ကြုတ်ဖွင့် အပူဇော် ခံတာ” လို့ ကန္ဒီမြို့ရောက် မြန်မာ သံဃာ တစ်ပါးဖြစ်သူ ဦးစန္ဒာသီရိ ကရှင်းပြ ပါတယ်။

စွယ်တော် အပူဇော်ခံတဲ့ အချိန် မှာ သူတို့ တိုင်းပြည်ခေါင်းဆောင် များ၊ ဗုဒ္ဓ ညီလာခံ ရောက် ရှိနေတဲ့ နိုင်ငံတကာမှ ကိုယ်စားလှယ်တွေ၊ သတင်း ကြားထားတဲ့ ဘုရားဖူးတွေနဲ့ တိုးဝှေ့နေတာ များ ဘယ်လို ရုပ်လုံး ဖော်ရမယ်တောင် မသိ။ နိုင်ငံစုံ ဘုရားဖူးများ ကျပ်ကျပ်ညပ်ညပ် နဲ့ တန်းစီနေ ချိန်မှာ မြန်မာဘုရားဖူး တို့ မှာလည်း အသက်ရှူ ခက်အောင် ကျပ်လှတဲ့ကြားက ဘုရားကို အာရုံပြု ပူဇော်ဖို့ သစ်ခွပန်းတွေကို မကျိုး ကြေရအောင် ကိုင်ဆောင်ထားတဲ့ သဒ္ဓါတရားက အများကြား ထင်ရှား လွန်းနေပါတယ်။

တိုးဝှေ့တန်းစီရသည့်ဘဝက အောက်ထပ်မှ အပေါ်ထပ်ထိ အောင်ကြားမှ လှေကားပင် ကျိုးကျ မလား ထင်ရ။ အပေါ်မှာက ပို၍ ပူလောင်ကျပ်သပ်လှသည်မို့ အားလုံး ချွေးတွေဟာ ရေတွေစိုနေသလို ရွှဲ နစ်။ ဘုန်းကြီးတွေလည်း သင်္ကန်းတွေ တုတ်တုတ်ရွှဲ၊ လူတွေရဲ့ ဝတ်ဖြူ စင်ကြယ် ဝမ်းဆက်လည်း ပေတူးရွှဲ နစ်။ ကမ္ဘာပျက်တော့မှာမို့ နောဧ သင်္ဘောပေါ်အလုအယက် တက်နေ ကြသလိုပဲ။ အပေါ်ထပ်ရောက်တာနဲ့ ကင်မရာ အားလုံး ရိုက်ခွင့်မရှိဘဲအိတ် ထဲ တစ်ခါတည်းထည့်ပြီး ကော်ချောင်း အသေးနဲ့ ချည်ပြီး ပိတ်ပေးလိုက်တာ။

အပေါ်ထပ်မှာလည်း ကြိုးတွေနဲ့ တန်းပြီးလမ်းကြောင်း လုပ်ပေးထား ပေမယ့် လူတိုးတဲ့ ဒဏ်မခံနိုင်လို့ ကြိုးချည်ထားတဲ့ ပြတင်းပေါက် သံပန်းပါ ပြုတ်ထွက်ပြီး ဝရုန်းသုန်း ကားလုပ်မရတဲ့ ကြားက ဝရုန်းသုန်း ကား ဖြစ်ကြရတဲ့ဘဝ။ တစ်ခါတလေ ခြေထောက်တွေလွတ်ပြီး လူအုပ် ကြားထဲညပ်နေတာ။ ခြေဖျား ထောက်ပြီးမှ ခေါင်းမော့ လေရှူရတာ။ ကလေးတွေ ကလည်း အော်ဟစ်ငို၊ လူကြီးတွေလည်း ဒုက္ခမျိုးစုံရောက်။ တချို့လည်း ဆက်မတိုးနိုင်လို့ နောက် ပြန်လှည့်နဲ့ စီမံခန့်ခွဲမှု အားနည်း ခြင်းကို လူတိုင်း ခံစားကြရချိန်ပါပဲ။

Swal-Taw-2
စွယ်တော်တိုတ် အောက်ထပ် အ၀င်ဝ

အဲဒီလောက် ခက်တဲ့အနေ အထားမှာ စွယ်တော်ကို ၄ ခါပြန် ဖူးခွင့်ရတဲ့ ကျွန်မကိုယ့်ကိုယ်ကိုယ် ကျေနပ်မဆုံး။ ဘာကြောင့်အဲဒီလို ဖူးချင်တာလဲလို့မေးရင်တော့ ဖူးမြင် ချင်တာထက် ဘုရားရဲ့ နှုတ်က ပါဌ်တော်တွေ ဖြတ်သန်းလာရာ စွယ် တော်ဆိုတဲ့အသိ “ဘုရားရှင်ရဲ့ ကရု ဏာကို နီးနီးကပ်ကပ် ခံစားချင်တာ။ ဗုဒ္ဓ အဆုံးအမတွေ ဒီစွယ်တော်တွေကို တိုးထွက်လာခဲ့တာ။ ကိုယ်တိုင်ရော ဘုရားရဲ့ အဆုံး အမတွေ ကို ဘယ် လောက် လိုက်နာပြီလဲလို့ စစ်ဆေးခံ တာ။ အဲဒီလိုမှပဲ မင်္ဂလာတရားနဲ့ အညီ ကြိုးစားနေချင် စိတ်ကို ပိုလေ့ ကျင့်ဖြစ်မှာ။

စွယ်တော်တိုက်ရဲ့ အပူဇော်ခံ ခန်းဆောင်ကို စဝင်လိုက်တာနဲ့ စွယ် တော် အမတ်တွေက လက်ဖောင်း တွေ၊ စီးကွင့်တွေ စီထားတဲ့ သူတို့ ရှေး ဝတ်စုံဝတ်ပြီး မတ်တတ် စောင့်နေကြ တယ်။ စွယ်တော်ကြုတ် (အုပ်ဆောင်း ကြီး)ကမပြီး ပလ္လင်ထောင့်မှာ တင် ထားတယ်။ စွယ်တော်နားမှာတော့ သီဟိုဠ် ဘုန်းတော်ကြီးတွေ ဝန်းရံ စောင့်ကြပ်နေတယ်။ စွယ်တော်ရဲ့ပုံ သဏ္ဌာန်ဟာ လက်နှစ်ဆစ်ခန့် အရှည်ဆင်စွယ် သဏ္ဌာန်၊ အစွန်း တစ်ဖက်က အချွန်လုံး၊ တစ်ဖက်က အတိဖြတ်ထားတဲ့ပုံ၊ အချင်းက လက်ညှိုးလောက်။ အစွန်းနှစ်ဖက် စလုံးက အညိုဖျော့ရောင်ဘက် သန်းနေပြီး အလယ်သားက ခပ်ဝါဝါ၊ အလယ်မှာပဲ ချိုင့်တန်း အရှည်လေး က အစွန်းနှစ်ဖက် ဆီသို့ ပြေပြေ လျှောလျှောလေး ရှိနေပုံပါ။ ဘုရား ရှင် ပြုံးတော်မူရင် စွယ်တော်လေးဆူ က ရောင်တော် လွှတ်တယ်ဆိုတဲ့ စကား အမှတ်ရမိလိုက်သေးတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟာ တရားပိုင်ရှင် ဘုရားဆီမှာလည်း ရှိတယ်ဆိုတဲ့ ဆုံး မမှုကို နာခံနေ ရသလိုပါပဲ။

ကန္ဒီ မြန်မာကျောင်း ဆရာ တော် ဦးအာစိန္တ က “၂ဝဝ၂ ခုနှစ် တုန်းက စင်ကာပူရွှေကျောင်း ဆရာ တော်နဲ့ ဦးအောင်ခမ်းထီ အဖွဲ့ကို ဖွင့်ပြတုန်းက ကြုတ်တွေ တစ်ထပ်ပြီး တစ်ထပ် သော့ခတ်ထားတာကို ၇ ထပ်ဖွင့်တာ တွေ့ဖူးတယ်။ စွယ်တော် အရင်းက တိတိရိရိ ညီနေတဲ့ဘက် ပါ။ တရုတ်ပြည်က ဘယ်အပေါ် စွယ်တော်လိုမျိုး အမြစ်အခွလေးတွေ မပါပါ။ တရုတ်ပြည်မှာ ရှိတဲ့ စွယ် တော်ဟာ မူလက ကန္တရတိုင်း (ပါကစ္စတန်၊ အာဖဂန်နစ္စတန်) မှာရှိတဲ့ စေတီကနေ တွေ့ပြီးမှ စိန့်တိုင်း(တရုတ်ပြည်) ကို ရောက် လာတာ။ ရောက်တဲ့ သမိုင်းကိုတော့ မသိဘူး။ ၂ဝဝ၄မှာ ဖူးရတုန်းက ရွှေဝါရောင်ပါ။ ၂ဝဝ၉ မှာတော့ အညိုရောင် သန်းလာပါပြီ။ အဲဒီတုန်း က စနစ်တကျ အပူဇော်ခံတာပါ။ ခု ၂ဝ၁၇မှာကျတော့ ပိုပြီး အညို ရောင်များလာတယ်”လို့ မိန့်ပါတယ်။

စွယ်တော်တွေနဲ့ ပတ်သက်ရင် ကြားရတာတွေက အမျိုးမျိုးပါ။ သီရိ လင်္ကာ စွယ်တော် အစစ်ဟာ စစ်ကိုင်း က ကောင်း မှုတော် စေတီတွင်းမှာ ဌာ ပနာထားသလိုလည်း ကြားမိရဲ့။ အုတ်ဖို ဆရာတော်ကြီး ပင့်ဆောင် လာပြီးရင်ငွေ့လှုံတဲ့ စွယ်တော်ပွား ဟာ လည်း တန်ခိုးကြောင့် စွယ်တော် အစစ်နဲ့ ခွဲမရတော့သလို ဒဏ္ဍာရီ တွေ ရှိပါတယ်။ အုတ်ဖိုဆရာတော် ပြန်ပင့်သွားတဲ့ စွယ်တော်က လက်ရှိ လက်ပံတန်း၊ ပဲခူးတိုင်းမှာ အပူဇော် ခံထားရှိပါတယ်။ သီရိလင်္ကာစွယ် တော်ကို ဓာတ်ပုံ ရိုက်မရလို့ ပုံ သဏ္ဌာန်ကို မပြနိုင်ပေ မယ့် လက်ပံ တန်းက စွယ်တော်နဲ့ ပုံစံတူတာမို့ မှန်းဆဖူးနိုင်ပါတယ်။ မြတ်စွာဘုရား ရဲ့လက်ဝဲဘက်အပေါ်၊ အောက် စွယ် တော်တွေကို ရင်ငွေ့လှုံ ထားတဲ့ စွယ်တော်တွေဟာ မြန်မာပြည်မှာ ဖူးလို့ရနေတာမို့ ကုသိုလ်ပွားစရာပါ။ လက်ပံတန်းက ဝဲအောက်၊ ကမ္ဘာ အေး စွယ်တော်မြတ်က ဝဲအပေါ်ပုံစံ တူထုပြီး စွယ်တော်ဓာတ်ကို အနီး ကပ်ယူထားကြတာပါ။

Swal-Taw-3
ခြံဝန်းကျယ်ကြီး အတွင်းတည်ရှိနေသော စွယ်တော်တိုတ်

မြတ်စွာဘုရားရှင်ရဲ့ လက်ဝဲ အောက် စွယ်တော်ကို ယခင်က အိန္ဒိ ယမှာ နှစ်ပေါင်း ၆ဝဝ ခန့် ဗြဟ္မဒတ် မင်းအဆက်ဆက်က ထိန်းသိမ်း ပူ ဇော်ခဲ့ပြီး နောက်ဆုံးမင်း ဂုဟသီဝ မင်းလက်ထက်မှာ စွယ်တော်ကို လာရောက် တိုက်ခိုက်လုယူမှု ဖြစ်ခဲ့ပါ တယ်။ အဲဒီစစ်ရှုံး သွားတဲ့ ဂုဟသီဝ မင်းရဲ့ သမီးတော်ဟေမမာလာ မင်း သမီးက စွယ်တော်မြတ်ကို ဆံထုံး တော်မှာ သိုဝှက်ပြီး ခင်ပွန်းနဲ့အတူ ထွက်ပြေးရာ ကသီဟိုဠ် (ယခု သီရိလင်္ကာ)သို့ ရောက်ရှိခြင်း ဖြစ်ပါ တယ်။ မူလက သီရိလင်္ကာနိုင်ငံ၊ အနုရာဓပူရမြို့ မှာ နှစ်ပေါင်း ၈ဝဝ လောက် ပူဇော် ထားရှိပြီးနောက် ယခုပူဇော်ရာ ကန္ဒီမြို့ကို ရောက်ရှိ ခဲ့တာ ဖြစ်ပါတယ်။

ကိုယ်တောင် စွယ်တော် အပေါ် စိတ်တွေရောက်ပြီး ယောက်ယက် တွေ ခတ်နေရင် စွယ်တော်ကို ဆံထုံးထဲဝှက်ပြီး ပင့်လာရတဲ့ဟေ မမာလာ မင်းသမီးစုံတွဲက ဘယ် လောက်တောင် ဘုရားရှင်ရဲ့ စွယ် တော်ကို စိတ်မချဖြစ်မလဲ ဆိုတာ မှန်းကြည့် လို့ရမှာပါ။ မင်းသမီးနဲ့ သူ့ခင်ပွန်း ရုပ်တုကြီးဟာ စွယ်တော် တိုက်ဝင်းထဲမှာပဲ ရှိပါတယ်။ အဲဒီ ရုပ်တုနား ရောက်တော့ ကျောက်ဂူ ဆရာတော်ကြီးက ကျွန်မ တို့ကို သေချာမေတ္တာပို့ အမျှဝေခိုင်းပါ တယ်။ စွယ်တော်ပေါ်မှာ အစွဲ အလမ်းကြီးနေနိုင် လို့တဲ့။ စွယ်တော် မှာဆွမ်းကပ်ချင်ရင် သီလ ဆွမ်းကို သာကပ်ပါတဲ့။ နို့၊ ကြက်ဥ၊ အသား၊ ငါးဆိုတာ ပိုင်ရှင်ဖြစ်တဲ့ တိရစ္ဆာန်တွေ ကြည်ကြည်ဖြူဖြူ ပေးတာ မဟုတ် တော့ သူ့ပစ္စည်း ဓားပြတိုက်ပြီး သုံး တာလှူတာမျိုး မဖြစ်ရအောင်လို့ အသွေးအသား မပါတဲ့ သီလဆွမ်း ကို သာ မြတ်နိုးတန်ဖိုးထားဖို့ ဆုံးမပါတယ်။

ကျွန်မ အတွက်တော့ ဒီခရီးစဉ် ဟာ စိတ်ကို အရောင်တင်ပေးလိုက် တယ်ထင်မိတယ်။ စွယ်တော် စစ် ခြင်းမစစ်ခြင်းဆိုတဲ့ ပညတ် ထက် မြတ်စွာ ဘုရားရှင် မကြာခဏ ကြွရောက် ဟောပြောညွှန်ပြခဲ့တဲ့ သီဟိုဠ်ဆိုတဲ့ ကျွန်းမြေပေါ်မှာ ကိုယ်တွေ ဘာကြောင့် သံသရာ ရှည် နေပါလိမ့် ဆိုတဲ့ အကြောင်းတွေကိုပဲ စိတ် ပိုရောက်နေမိပါတော့တယ်။

ငွေသော်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here