ငါးမည်ရကျွန်း

0
230
ceo
မြန်မာနိုင်ငံမှ စိန်ဖူးတော်ကပ်လှူထားသော မဟာစေတီ(အနုရာဓပူရမြို့)

လင်္ကာပြည့်ရှင် ရာဝဏရဲ့ မြေကိုနင်းမိချိန်ဟာ ညသန်းခေါင်မို့ လမင်းရဲ့ကပိုကရိုအလင်းရောင်အောက်မှာ ဒဿဂီရိရဲ့ သီရိလင်္ကာ၊ ကိုလံဘိုလေဆိပ်ဟာ မှေးစက်ဖို့ ခက် နေတဲ့ အဆွေးသမားလို ငြိမ်သက် နေပါတယ်။ လေဆိပ်ထဲမှာတော့ ရာဇဝင်ပုံပြင်တွေထဲ ဝိဇယမင်း မျိုး ဆက်တွေက လူဝင်မှုကြီးကြပ်ရေး အလုပ်ကိုဟန်အပြည့်နဲ့ လုပ်နေကြတာပေါ့။

ကိုလံဘိုလေဆိပ်ထဲမှ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ
ကိုလံဘိုလေဆိပ်ထဲမှ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ

“လဝက” ကဖြတ်ပြီး၊ ပစ္စည်းရွေး ပြီးလို့ ထွက်လာတဲ့အခါ လေဆိပ်ရဲ့ ဆိုက်ရောက်ခန်းမထဲက အခွန်ကင်းလွတ်ဈေးဟာ လျှပ်စစ်ပစ္စည်းတန်း ကြီးဖြစ်နေတာများ ဘားလမ်းရောက် သွားလားအောက်မေ့ရတယ်။ အဝတ်လျှော်စက်တွေ၊ ရေခဲသေတ္တာ တွေပါ ရောင်းကြတော့ ဘယ်လိုဈေးကွက် ဖြစ်နေလို့ပါလိမ့်ဆိုပြီးအံ့သြမိတယ်။ လေဆိပ်ထဲက ငွေလဲကောင် တာလေးတွေကလည်း အပြိုင်အဆိုင် ဖောက်သည်ခေါ်ကြတာများ၊ညသန်း ခေါင်ဆိုတဲ့အချိန်ကိုပါ မေ့လောက် အောင် စည်ကားရှုပ်ယှက်ခတ်နေ ပေါ့။ လေဆိပ်ထဲက ငွေလဲနှုန်းက ပိုရတဲ့သဘောတွေ့ရတယ်။

အလင်းတိုင်၊ အမွှေးတိုင်များကို တံတိုင်းပြင်ပတွင် လာရောက်ပူဇော်ကြရပုံ
အလင်းတိုင်၊ အမွှေးတိုင်များကို တံတိုင်းပြင်ပတွင် လာရောက်ပူဇော်ကြရပုံ

မနက် ၂ နာရီမှ ဟိုတယ် ရောက်တော့ ပတ်ဝန်းကျင်ဟာ ဘယ်လိုလဲလို့ ကြည့်ဖို့အဆင်မပြေ။ “မောမော”နဲ့ အိပ်ရာထဲ ဒိုင်ဗင်ထိုးလိုက်တာ မနက်ကျမှ ဟိုတယ်ဟာ ကမ်းခြေကဟိုတယ်ဖြစ်မှန်း သိတော့တယ်။ အဲဒီနေရာကပဲ သိပ်မလှလို့ လားမသိ၊ ကိုလံဘိုရဲ့ ပင်လယ်ကမ်းခြေဟာ ကျွန်မကို မဆွဲဆောင်နိုင်ခဲ့ ပါဘူး။ သီရိလင်္ကာကို လာရတဲ့ရည် ရွယ်ချက်က မြတ်စွာဘုရားရှင်ရဲ့ လက်ဝဲအောက် စွယ်တော်ကိုဖူးမြော် ဖို့ဖြစ်လို့စွယ်တော်အပူဇော်ခံရာ ကန္ဒီ မြို့ကို (၃) နာရီခရီးဆက်ရပါတယ်။

ကလျာဏီစေတီရှိကျောက်ဆစ်လက်ရာ
ကလျာဏီစေတီရှိကျောက်ဆစ်လက်ရာ

သီရိလင်္ကာနိုင်ငံသားတွေဟာ အသားမည်းပေမယ့် အပြုံးဖြူကြတယ်။ လူတိုင်းပြုံးလွယ်တဲ့ မနောနုနုဟာ ကြမ်းတမ်းတဲ့ဓာတ်လေးပါး ရုပ်ကိုယ်ထဲကနေ လက်ခနဲတွေ့ရ လေ့ရှိပါတယ်။ =အိုင်ဘိုဝါ (မင်္ဂလာပါ)+ ကို ပြုံးပြုံးရွှင်ရွှင်နဲ့ တွေ့တဲ့သူတိုင်း ပြောနိုင်ကြတယ်။ ထေရဝါဒကိုးကွယ်ပေမယ့် အစားအသောက်မှာတော့ မဟာယနဆန်စွာ သက်သတ်လွတ်တွေပဲ အစားများကြတယ်။ ဘုရား ကျောင်းကန်သွားရင် အဖြူဝမ်းဆက် ပဲဝတ်ကြလို့ နိုင်ငံတကာက ဘုရားဖူး တွေလည်း အဖြူတွေပဲဝတ်ဆင်ကြ ရတယ်။ ဘုရားရှေ့မှာခြေဆင်းထိုင် ပြီး ရတနာသုံးပါး ဂုဏ်ကိုအာရုံပြု ကြတယ်။ အဲဒီလို ခြေဆင်းတာဟာ သူတို့အတွက် အဂါရဝမဟုတ်ဘူး။

ceo9
ခေါင်းလောင်းကိုလည်း သီးခြား မျှော်စင်နဲ့ထားတာလည်း တွေ့ရ

ဘုရားအုတ်တံတိုင်းတွေမှာ ဆင်မည်းရုပ်တုတွေ (ဦးခေါင်း၊ နှာ မောင်း)တွေ ကပ်ထားတာ၊ မြတ်စွာ ဘုရားရဲ့ စွယ်တော်လှည့်လည် အပူ ဇော်ခံရင် ဆင်အကောင် ၁ဝဝသုံး တာ၊ ဘုန်းကြီးကျောင်းတွေမှာ ဧရာမဆင်စွယ်ကြီးတွေ ရှိနေတာ ကို ကြည့်ရင် ဆင်းရဲ့အခန်းကဏ္ဍက ကြီးမားတယ်ဆိုတာ မှန်းဆလို့ရ တယ်။ ဆင်ကိုအလေးထားကြပေ မယ့် နိုင်ငံတော်အလံကတော့ ခြင်္သေ့ ပါ။ သူတို့ဟာ ခြင်္သေ့လိုရဲရင့်တဲ့ စင်ဟာလီလူမျိုးတွေပါတဲ့။

ဒက္ခိဏသာခါမဟာဗောဓိညောင်ပင်အောက်ရှိ တန်ဆောင်းတွင်ဝတ်ပြုနေကြသူများ
ဒက္ခိဏသာခါမဟာဗောဓိညောင်ပင်အောက်ရှိ တန်ဆောင်းတွင်ဝတ်ပြုနေကြသူများ

ဘုရားနဲ့ အုတ်တံတိုင်းကြားက နေရာမျိုးတွေမှာ အမွှေးတိုင်၊ ဖယောင်းတိုင်ပူဇော်ဖို့ လုပ်ထား ပေးတယ်။ အလင်း၊ ဆီမီးပူဇော်ဖို့ ဆို မှန်အိမ်ကြီးတွေ လုပ်ထားပေးတယ်။ ဘုရားရင်ပြင်ပေါ်မှာ မညစ်ပတ်စေ ဖို့ ပန်းကလွဲပြီး ဘာမှလှူတာ မတွေ့ ရ။ ဘုရားမှာ ဂြိုဟ်ရှစ်ခွင်ရယ်လို့ သတိမထားမိ။ ခေါင်းလောင်း ရှိ တတ်ပေမယ့် ခေါင်းလောင်းကို အချိန်နဲ့ ထိုးသလားမသိ။ ကိုယ်ထိုး တဲ့အချိန်မှာ မထိုးဖို့လာတားပါ တယ်။ သာသနာ့အလံ စတင်ပေါ် ထွန်းတဲ့ နိုင်ငံဖြစ်လို့ အလံတွေဟာ ပိတ်လိပ်လိုက် ရောင်းသလို၊ လမ်း တစ်လျှောက် သာသနာ့အလံ ထူ ထားတာတွေက အားပါးတရပါပဲ။ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့ဟာ ဒီ နှစ်ကိုလံဘိုမှာ ကျင်းပတာကြောင့် သီရိလင်္ကာနိုင်ငံသားတွေဟာ ကဆုန် လပြည့်၊ ဗုဒ္ဓနေ့ကို ပူဇော်ကြတာက တော့ ရက်သတ္တပတ်ထိပါပဲ။ လူတိုင်း နီးပါး အဖြူဝတ်တွေနဲ့ ဖွေးလှုပ်နေ တော့တာပါပဲ။

အလင်းပူဇော်ရန်အတွက် မှန်အိမ်
အလင်းပူဇော်ရန်အတွက် မှန်အိမ်

လက်ကျန်ရှေးဟောင်း ယဉ် ကျေးမှု အနုလက်ရာတွေဟာ အိန္ဒိယ နဲ့ ယှဉ်ရင် ပိုကျန်ပါတယ်။ သာသနာ နောက်ပိုင်းကျတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နှစ်ပေါင်း ၉ဝဝ ကျော် ကိုလိုနီ လက်အောက်ခံဖြစ် ခဲ့ပေမယ့် ဗုဒ္ဓဘာသာကို မြတ်နိုးစွာ စောင့်ရှောက်နိုင်ခဲ့တာ လေးစားစရာ ပါ။ လင်္ကာဒီပ၊ တမ္ဗပဏ္ဏိဒီပ(ကျွန်းနီ)၊ သီဟိုဠ်၊ စီလုန် (ကိုလိုနီပေးသော နာမည်)၊ သီရိလင်္ကာစသည်ဖြင့် ငါးမည်ရ ကျွန်းကလေးဟာ နှယ်နှယ် ရရ ဟုတ်ရိုးလား။ စတုတÄသံဂါယနာ တင်ခဲ့တဲ့ ကျွန်း၊ ဝိသုဒ္ဓိမဂ်ကျမ်းကြီး ပေါ်ထွန်း ရာနိုင်ငံ၊ ကမ္ဘာ့သက်တမ်း အရှည်ဆုံး ဗောဓိပင်ကြီးတည်ရှိရာ နေရာ၊ မြတ်စွာဘုရားရဲ့ လက်ဝဲ အောက်စွယ်တော် ကိန်းဝပ်ရာ ကျွန်း နိုင်ငံလေ။

ceo7
ညောင်ရေသွန်းရန် တန်းစီနေကြသူများ

လမ်းထောင့်၊ ရပ်ကွက်ထောင့် တွေမှာ ဘုရားရုပ်တု (သို့မဟုတ်) ခရစ်ယာန်သူတော်စင်ရုပ်တုတွေ တွေ့ရခြင်းဟာ ဗုဒ္ဓဘာသာနဲ့ ခရစ် ယာန်ဘာသာဝင်တွေများကြောင်း ပြယုဂ်ပါပဲ။ မွန်ပြည်နယ်ကလို ကျောက်တောင်ကြီးတွေ အလွန်များ ပါတယ်။ ကျောက်ဆစ်ရုပ်တွေကို လည်း နိုင်နင်းတဲ့အတွက် ဘုရားပရ ဝုဏ်တွေမှာ သူတို့ရဲ့ ယုံကြည်မှုနဲ့ အနုပညာကို ပိုလို့အကဲ ဖြတ်နိုင်ကြ ပါလိမ့်မယ်။

စေတီရင်ပြင်မှာ ပန်းကပ်လှူကြပုံ
စေတီရင်ပြင်မှာ ပန်းကပ်လှူကြပုံ

ဒါတွေဟာ သီရိလင်္ကာကို အပေါ်ယံပုံဖော်ပြတဲ့ အမြင်တွေ လောက်ပါပဲ။ ဒါထက်အသေးစိတ် ရေးထားတဲ့ စာအုပ်တွေလည်း ရှိ တာမို့ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုပါ တယ်။ ကျွန်မဆက်ရေးချင်တာက ၉ နှစ်ကြာမှ စွယ်တော်ကြုတ်ဖွင့်ပြီး နာရီပိုင်းသာ အပူဇော်ခံခဲ့တဲ့ စွယ် တော်ဖူးရတဲ့အကြောင်းပါ။ စွယ် တော်ဟာ နှစ်စဉ်သြဂုတ်လမှာ ၁ဝ ရက်ခန့် အပူဇော်ခံပါတယ်။ ဆင် များစွာနဲ့ စွယ်တော်လှည့်လည် ပွဲဟာ စည်ကားလှတယ်လို့ ပြောကြပါ တယ်။ ဆင်ပေါ်မှာ စွယ်တော်ကို ကြုတ်နဲ့ထည့်ပြီး အပူဇော်ခံတာ ဖြစ် လို့ စွယ်တော်ကိုတော့ ဖူးမြော်ခွင့် မရကြပါဘူး။ စွယ်တော်ကိုကြုတ်ဖွင့်ပြီး ၂ဝဝ၉ ခုနှစ်က အပူဇော်ခံရာတွင် မသင်္ကာဖွယ်လူတစ်ဦးဆီမှာ ပေါက် ကွဲစေနိုင်တဲ့ ပစ္စည်းပါလာခဲ့တာကို ရှာဖွေတွေ့ရှိတာကြောင့် အပူဇော်ခံ ခြင်းကို ရပ်တန့်ပြီး အဲဒီကစလို့ ကြုတ်ဖွင့်အပူဇော်ခံခြင်းကို မကျင်း ပကြတော့ဘဲ နေလာကြပါတယ်။ (၈)နှစ်အကြာ ၂ဝ၁၇ မေလ ၁၄ ရက်နေ့မှာတော့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့ပိတ်ပွဲ အခမ်းအနားနဲ့တိုက် ဆိုင်ပြီး နိုင်ငံတကာမှ ညီလာခံတက် သူများနဲ့ အလှူရှင်များကို အချိန်ပိုင်း ကြုတ်ဖွင့် အပူဇော်ခံခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်
ငွေသော်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here