Selena Gomez နဲ့ The Weeknd တို့တွဲနေကြတာလား

0
69

Selena Selena Gomez နဲ့ The Weeknd  တို့ နှစ်ယောက်က ၂ဝ၁၇ ခုနှစ် အစပိုင်းကို အနမ်းတွေနဲ့ ကြိုဆိုလိုက်ပါတယ်။ သူတို့နှစ်ဦး Giorgio Baldi မှာ အင်္ဂါနေ့က ညစာ အတူတူ စားခဲ့ကြတယ်လို့ E! News  အရ သိရပါ တယ်။ စားသောက်ဆိုင်မှာ ၃နာရီလောက် အတူတူ ရှိခဲ့ကြပြီး သူတို့နှစ်ဦး ပြန်ထွက်လာချိန် မှာတော့ တအားကို ပျော်ရွှင်နေ ကြပါတယ်။ ညစာကို အများနဲ့ဝေးတဲ့ သီး သန့်ခန်းမှာ စားခဲ့ကြပြီး သူတို့ရဲ့ ကိုယ်ပိုင် ကားတွေကို စောင့်နေချိန်မှာ အခုလို ဓာတ်ပုံ အရိုက်ခံ လိုက်ရတာပါ။ ဓာတ်ပုံအရ သူတို့နှစ်ဦးဟာ လူတွေကြားမှာ လက် ကိုင် တာ နမ်းတာလောက်ကို ပြဿနာလို့ ယူဆပုံ မရပါဘူး။ သူတို့နှစ်ဦး က တစ်ဦးကို တစ်ဦး ဖက်ပြီး အနမ်းတွေ ပေးနေ ကြတယ် လို့ သတင်းက ထပ်မံဖြည့်စွက် ထားပါတယ်။

The Weeknd  ကို ဖက်ထားပြီး အနမ်းခြွေနေတဲ့ Selena ကိုကြည့်ရတာ သူမ အချစ်မှာ တအားကို ပျော်နေပုံပါပဲ။ သူတို့ နှစ်ယောက်ရဲ့ ချိန်းတွေ့မှုက အဲ့ဒီမှာပဲ အဆုံးသတ် သွားတာ မဟုတ်ဘူး လို့လည်း သတင်း တွေအရ သိရပါတယ်။  The Weeknd က ရည်းစားဟောင်း နဲ့ ၂ဝ၁၆ခုနှစ် နိုဝင်ဘာက မှ ပြတ်သွားတာ ဖြစ်သလို Selena ကတော့ ရည်းစားနဲ့ ပြတ်သွားတာ ကြာပါပြီ။


LEAVE A REPLY

Please enter your comment!
Please enter your name here