စွမ်း ကိုယ်တိုင် ပရိုဂျူဆာ လုပ်ပြီး ရိုက်ကူးထားတဲ့ သရဲဇာတ်ကား ဆင်ဆာဖြတ်ခံ ရခြင်းကြောင့် မထွက်ရှိနိုင်သေး

0
387

Swan-1ရပါတယ်။ သူ့အနေနဲ့ ကိုယ်တိုင်ပရိုဂျုဆာ အဖြစ် ထုတ်လုပ်ရိုက် ကူးထားတဲ့ ဇာတ်ကား တစ်ကားက ဆင်ဆာဖြတ်ခံ ထားရတဲ့ အတွက် လက်ရှိမှာ မထွက်ရှိနိုင်သေးဘူး ဖြစ်နေတယ် လို့ စွမ်းကပြောပြပါတယ်။

“ဇာတ်ကားက သရဲဇာတ်ကားပါ။ ဇာတ် ကားက ဆင်ဆာ ငြိနေတာ တော်တော်များ တော့ ဖျက်ထုတ် လိုက်ရင်လည်း ဇာတ်လမ်း က တော် တော် အဓိပ္ပာယ် မရှိဘူး ဖြစ်သွားမှာဆို တော့ နည်းနည်း ပြန်ပြင်ပြီး ရိုက်ကူးရ မလိုဖြစ်နေတယ်။ ဇာတ်ကား ကုန်ကျ စရိတ် ကတော့ ထပ်ပြီး တက်လာမှာ ပေါ့။ ဒီဇာတ်ကားကို ကျွန်တော် တော်တော် အကုန်အကျခံပြီး ရိုက်ကူးထားတာပါ။ ဖျက်ထုတ်ရ မယ် ဆိုရင်တော့ ကျွန်တော်ဖျက် မထုတ်တော့ဘူး။ ပြန် ရိုက်ကူးမယ်။ ကျွန် တော် ကလည်း နယ်တွေမှာ ပွဲတွေတောက် လျှောက်ကပြနေ ရတော့ မရိုက် ကူးဖြစ်သေးတာ။ ဒါပေမဲ့ ဒီနှစ်တော့ ရိုက်ကူး ရေးဘက်ကို နည်းနည်း ဖိဖိစီးစီးပြန် လုပ်ဖြစ်မယ်လို့ ထင်တယ်”လို့ စွမ်းကပြောပါတယ်။

လက်ရှိ ဗီဒီယိုဈေးကွက်မှာ သူ့ရဲ့ဇာတ်ကားတွေ အထွက် နည်းနေရခြင်းက သူ့အနေနဲ့ ဇာတ်ကား မရိုက်ကူးဖြစ်တာ တော် တော်ကြာ သွားရခြင်းကြောင့် လို့လည်း ပြောပြပါ တယ်။ ဗီဒီယို ဘက်ကိုတော့ မိုးတွင်းပိုင်း လောက်မှပဲ ပိုပြီး အားစိုက် ဖြစ်မှာဖြစ်ပြီး ဇာတ်ဘက်မှာ လည်း ပွဲခွင်တွေနဲ့ မအားလပ်အောင် ဖြစ်နေရတာကြောင့်လို့ လည်း စွမ်းက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here