အောင်မြေသာစံမြို့နယ်တွင် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား (၂) ဦးအား ဓါးဖြင့် ခုတ်၍ လုယက်

0
198

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား (၂) ဦးအား ဓါးဖြင့် ခုတ်၍ လုယက်မှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ် ဆယ်ရေးအသင်းမှ သိရသည်။

မေလ (၁၄)ရက်၊ ည (၉) နာရီ၊ (၅)မိနစ်အချိန်က အောင်မြေသာစံမြို့နယ်၊ (၆၅) လမ်းနှင့် (၆၆) လမ်း၊ (၁၄) လမ်းတွင် ဆိုင်ကယ်စီးနှင်လာသူ (၂) ဦးအား ဓါးဖြင့် ခုတ်၍ လုယက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသား (၂) ဦးအား မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ ဆောင်ပေးခဲ့ရကြောင်း သိရသည်။

၎င်းအခင်းဖြစ်ပွားသည့်နေရာမှာ မကြာခဏ လုယက်ခံရမှု ဖြစ်စဉ်များ ဖြစ်ပွားလေ့ရှိသောကြောင့် ညပိုင်းအချိန်များတွင် ရှောင်ကွင်းသွားလာနေရသည်ဟု မန္တလေးမြို့ခံတို့က ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here