Mini Album တစ်ချပ် ထုတ်ဦးမယ့် အားတီ

0
87

Ar-T-(1) Electro ဂီတသမား တစ်ဦးဖြစ်တဲ့ အားတီက အခု ၂ဝ၁၇ ခုနှစ် နှစ်ဆန်းမှာ Mini Album တစ်ချပ်ထုတ်ဝေ သွားဖို့ရှိတယ်လို့ သိရပါ တယ်။ အားတီရဲ့ ဒီတစ်ခေါက်  Mini Album မှာတော့ ကျားပေါက် ကလည်း သီချင်း ၃ ပုဒ် ရေး သားပေးထားပြီး စုစုပေါင်း သီချင်း ၆ပုဒ် နဲ့ ၈ ပုဒ်ကြားပါမယ်လို့ သိရပါတယ်။

“ကိုကျားပေါက်က သီချင်း ၃ပုဒ်ရေး ပေးထားတယ်။ ကျွန်တော် သင်္ကြန် မတိုင်ခင် ထွက်ရှိနိုင်ဖို့ ကြိုးစားထားတယ်။ Music Genre ကတော့ Electronic Music  ဘက်ကို အသားပေးထားမှာပါ။ ကျွန်တော့်မှာလည်း Plan လေးတွေရှိတော့ သူ့အစီအစဉ် နဲ့သူ စီးရီးတွေက အစ စီစဉ်ထားတာပါ” လို့ အားတီကပြောပါတယ်။

အားတီက ဒီ၂ဝ၁၇ ခုနှစ် အတွင်းမှာပဲ “လွင်ပြင်” စီးရီး MTV ထွက်လာဖို့ရှိနေပြီး ဒီနှစ်အတွင်းမှာ သူ့အနေနဲ့ အနုပညာလုပ်ငန်းများစွာ လုပ်ဆောင် သွားဖို့ အစီအစဉ် ရှိကြောင်းလည်း ပြောပါတယ်။ “ဒီနှစ်ထဲမှာ ဒီစီးရီးတွေ အပြင် ကံကောင်းရင်တော့ ဆွီဒင်မှာ အသံသွင်း ခဲ့တဲ့ စီးရီး ထွက်လာ ပါလိမ့်မယ်။ ဒါက International Project ဆိုတော့ ဖြန့်ချိရေး အပိုင်းတွေဘာ တွေနဲ့ နည်းနည်း တော့ ကြာလိမ့်မယ်။ အဲဒီ မှာလည်း ကျွန်တော့် အနေနဲ့ တစ်ကိုယ်တော် တစ်ခွေထွက်ပါမယ်” လို့ အားတီက ပြောပြခဲ့ ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here