ဇောတိက ဓာတ်ငွေ့ပိုက်လိုင်း ဓာတ်အားယိုစိမ့်မှုကြောင့် ဓာတ်အားထုတ်လုပ်မှု လျှော့နည်းနေ၍ ရတနာသဘာဝဓာတ်‌ငွေ့မှဖြည့်ဆည်းနိုင်ရန်လုပ်မည်ဟု YESC အသိပေးထား

0
190

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်‌ငွေ့သုံး ဓာတ် အားပေးစက်ရုံများသို့ ပို့လွှတ်လျှက်ရှိသည့် ဇောတိကသ ဘာဝဓာတ်‌ငွေ့ပိုက်လိုင်း ယိုစိမ့်မှုနေပြီး အဆိုပါ ယိုစိမ့်မှုကိုပြုပြင်နေစဉ်အတွင်း ဓာတ်အားထုတ်လုပ်ပေးနိုင်မှု (55 MW) ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းကအသိပေးထားသည်။

အဆိုပါ သဘာဝ ဓာတ်‌ငွေ့ပိုက်လိုင်း ယိုစိမ့်မှုထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းအား ဘီးလင်းမြို့အနီးတွင် ယနေ့ မေလ (၁၅)ရက်မှ မေလ (၁၆) ရက်အထိ  (၂)ရက်ခန့် လုပ်ငန်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း YESC က ယနေ့ ညနေပိုင်းတွင် အသိပေးထားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ သဘာဝဓာတ်‌‌ငွေ့ပိုက်လိုင်း အရေးပေါ် ထိန်းသိ မ်းပြုပြင်နေစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွ င်းရှိ ဇောတိကသဘာဝဓာတ်ငွေ့အား အသုံးပြုမောင်းနှင်လျှက်ရှိသည့် ဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်အတွင်း (55 MW) ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း သိရသည်။

ယင်းလျော့နည်းသွားသည့် ဓာတ်အားထုတ်လုပ်ပို့လွှတ်မှုအစား နေ့ပိုင်းတွင် ရတနာသဘာဝဓာတ်‌ငွေ့အားအသုံးပြုမောင်းနှင်၍ အလုံဓာတ်အားပေးစက်ရုံမှ (22 MW) ခန့်ဖြင့်လည်းကောင်း၊ ညပိုင်းတွင် ဒီဇယ်အားအသုံးပြု၍  သီလဝါဓာတ်အားပေးစက်နှင့် သာကေတဓာတ်အားပေးစက်များမှ (50 MW) ခန့်ဖြင့်လည်းကောင်း ထုတ်လုပ်မောင်းနှင်၍ အတတ်နိုင်ဆုံး ဓာတ်အားလိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထား သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here