နိုင်ငံတကာ FM တစ်ခုမှာ DJ လုပ်နေတဲ့ မေမြတ်နိုး

0
49

May-Myat-Noeလတ်တလောမှာ နိုင်ငံခြား ကုန်ပစ္စည်း ကြော်ငြာတွေကို ရိုက်ကူးပေး ဖြစ်နေတဲ့ မေမြတ်နိုးက သူတစ်ခါမှ မလုပ်ဖူးတဲ့ အရာ တစ်ခုကို လည်း ပရိသတ်ကြီး ကို ချပြသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

“ပရိသတ်တွေ အတွက် ထူးဆန်းတာမြတ်နိုး တစ်ခါမှ မလုပ်ဖူးတာကို ချပြ ချင်ပါတယ်။ အဲဒါကတော့ international FM တစ်ခု မှာ မြတ်နိုး DJ လုပ်နေ ပါတယ်။ FMနာမည်က Myanmar International Radioပါ။ ဖေ့စ်ဘုတ် မှာလည်း အဲဒီ page ရှိပါတယ်။ App နဲ့ download ဆွဲပြီး နားထောင်လို့ ရတယ်။ Radio လိုင်းကတော့ 96.1 ပါ။ အင်္ဂလိပ်လို ပြောရတာပါ။ သီချင်း တွေ ဖွင့်ပြရ တယ်။ မြတ်နိုးက Guest Feature အနေနဲ့ လုပ်ပေးရတာပါ။ ကမ္ဘာ ပတ်ပတ်လည်မှာ ဖုန်းရှိရင် ကြိုက်တဲ့ နေရာက နားထောင်လို့ ရပါ တယ်။ အဓိကတော့ မြတ်နိုး တစ်ခါမှ မလုပ်ဖူးဘူး။ စိတ်ဝင်စားတယ်။ ပရိသတ်တွေကို မြတ်နိုး တစ်ခါမှ မလုပ်ဖူးတဲ့ အရာကို ချပြ ချင် တယ်။ စမ်းသပ်ကြည့်ချင်တာပေါ့။ ပရိသတ်တွေကို အားပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

မေမြတ်နိုးက R Square ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူး သွားဖို့ရှိပြီး သရုပ်ဆောင်ပိုင်း ကိုလည်း ကြိုးစား လေ့လာနေ တယ် လို့ သိရ ပါတယ်။

“R Square ထုတ်လုပ်ရေးက အခု အထိအတွေ့ ဇာတ်ကား ရိုက်ကူး နေပါတယ်။ အဲဒီဇာတ်ကား မှာတော့ မြတ်နိုး မပါဘူး။ R Square ကနေ ကိုစတီး တို့နဲ့ ဇာတ်ကားရိုက် ကူးသွားဖို့ ရှိပါတယ်။ မြတ်နိုးက အခုလောလော ဆယ်မှာ ဆရာသမားတွေဆီက သင်ယူတယ်။ ဝါနုသေးတော့ မြတ်နိုး နဲ့လိုက် ဖက်တဲ့ ဇာတ်လမ်းတွေကို ဆရာသမားတွေ ကရွေးပေးပါတယ်။ အများကြီး ရိုက်ကူးတာ မဟုတ်ဘဲနဲ့ ကိုယ်နဲ့လိုက်ဖက်တဲ့ ဇာတ်လမ်းတွေမှာ ထည့်ပေးပါ တယ်”လို့ ပြောပါတယ်။

သီချင်းခွေ ထွက်ရှိဖို့လည်း ကြိုးစားနေတဲ့ မေမြတ်နိုးက ၂ဝ၁၆ ခုနှစ်မှာ ထွက်ရှိနိုင်ဖို့ စီစဉ်ထားပေမယ့် ရိုက်ကူး ရေး တွေနဲ့ မအား တာ ကြောင့် မထွက်ဖြစ်သေး ဘဲ မကြာမီ ထွက်နိုင်ဖို့ လည်း ကြိုးစားနေတယ် လို့ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here