ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် တေးသီချင်းရိုက်ကူးသူများကို အရေးယူ

0
176

မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်ကာ လိင်အသားပေးသရုပ် ဆောင်ပြကွက်များကို ရိုက်ကူးခြင်းကြောင့် “အချစ်ခံကြည့်” တေးသီချင်းဗီဒီယိုနှင့် ပက်သက်သည့် သက်ဆိုင်သူများကို ဥပဒေနှင့်အညီ ဖမ်းဆီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထိုတေးသီချင်းဗီဒီယိုတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ သရုပ်ဆောင်
ဗညားဘုန်းပြည့်၊ ဇာတ်ညွှန်းရေးသားသူ ရွှေဆုတို့ကို ပုဇွန်တောင်ရဲစခန်းမှ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ – ၃၃(က) ဖြင့်ဖမ်းဆီး အမှုဖွင့်အရေးယူထားခြင်းဖြစ်သည်။

ထိုတေးသီချင်းတွင် တေးဆို၊ သရုပ်ဆောင်၊ ရိုက်ကူးထုတ် လုပ်သူမှာ မော်ဒယ် ဖူးပွင့်သခင် ဖြစ်ပြီး တေးရေးမှာ မင်းစည်သူ ဖြစ်သည်။

ယခုလက်ရှိတွင် သရုပ်ဆောင်
ဗညားဘုန်းပြည့်နှင့် ဇာတ်ညွန်းရေးသားသူ ရွှေဆုတို့ ဖမ်းဆီးအမှုဖွင့်ထားခြင်းဖြစ်ပြီးတေးဆို၊ သရုပ်ဆောင်၊ ရိုက်ကူးထုတ် လုပ်သူမှာ မော်ဒယ် ဖူးပွင့်သခင်မှ တိမ်းရှောင်နေကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သည့် ညစ်ညမ်းသောအပြောအဆို၊ အပြု အမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့် ပတ်သက်ပြီး ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင် များကိုတည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း သတိပေးတား မြစ်ခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလကလည်း ” စောင့်ပက် ” သီချင်းနှင့် ” စကားလေးတစ်ခွန်းပဲဖြေ ချစ်လား ” သီချင်း၊ ဘီယာဗိုက် “သီချင်း သီဆိုသူ၊ ပါဝင်သရုပ်ဆောင်သူများကို ဗဟန်းမြို့မရဲ စခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပ ဒေ ပုဒ်မ – ၃၃(က)အမှုဖွင့် ဖမ်းဆီးအရေးယူထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here