အမေရိက ကောလိပ်များ၌ ပါလက်စတိုင်းထောက်ခံသူများဆက်လက်ဆန္ဒပြ

0
90

ဝါရှင်တန်၊ဧပြီ ၂၉

အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များ၌ ပါလက်စတိုင်းထောက်ခံသူများက ဆန္ဒထုတ်ဖော်လျက်ရှိသည်။ ရဲများက ဖမ်းဆီးဖြိုခွင်း နေသော်လည်း ရက်သတ္တပတ်နှစ်ပတ်ကြာသည့်တိုင် အရှိန်လျော့ကျမ သွားဘဲ ဆက်လက် ဆန္ဒပြနေဆဲဖြစ်ကြောင်းသိရသည်။

၎င်းတို့၏တောင်းဆိုချက်များ၌ အစ္စရေး – ဟားမတ်စ်စစ်ပွဲ အပစ်အခတ်ချက်ချင်းရပ်စဲရေး၊အစ္စရေးလုပ်ငန်းများ၌ရင်းနှီးမြှုပ်နှံမှုများမပြုလုပ်ရေးနှင့် အစ္စရေးသို့စစ်ရေးအကူအညီများမပေးပို့ရေးတို့ပါဝင်သည်။

သမ္မတဘိုင်ဒင်သည် ဟားမတ်စ်၏အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေး၏တုန့်ပြန်မှုများအတွင်း အထိနာခဲ့ရသည့် ဂါဇာကမ်းမြောင်၌ချက်ချင်းအပစ်အခတ်ရပ်စဲရေးနှင့် ဖမ်းဆီးထားသည့်ဓါးစာခံအချို့လွတ်မြောက်ရေးတို့အား အစ္စရေးဝန်ကြီးချုပ်နှင့်ဆွေးနွေးခဲ့ကြကြောင်းလည်းသိရသည်။

ပါလက်စတိုင်းလိုလားသူများ၏ဆန္ဒပြပွဲများသည် လွန်ခဲ့သည့် တစ်ပတ်ကျော်က ကိုလံဘီယာတက္ကသိုလ် ကျောင်းဝင်းအတွင်း လူပေါင်း ၁၀၀ ကျော်၏ အစုလိုက်အပြုံလိုက်ဖမ်းဆီးခံရမှုကြောင့် အမေရိကန်တစ်ဝန်း ရှိ ကောလိပ်ကျောင်းများသို့ပါပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရသူများအား ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲမည်ဖြစ်ကြောင်းလည်း ဝါရှင်တန်တက္ကသိုလ်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here