MoU လုပ်သား ၂၆၀ ကျော်ကို လေကြောင်းလိုင်းဖြင့်ယနေ့စတင်စေလွှတ်

0
65

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် လုပ်သား ၂၆၀ ကျော်ကို လေ ကြောင်းလိုင်းဖြင့် ယနေ့စတင်စေလွှတ်ခဲ့ကြောင်း အလုပ် သမားသံအရာရှိရုံးမှ သိရသည်။

အဆိုပါ လေကြောင်းလိုင်းဖြင့် အလုပ်သမား(လူသစ်) စေ လွှတ်ခြင်း လုပ်ငန်းစဉ် ပထမအကြိမ်အဖြစ် မြန်မာအေဂျင် စီများဖြစ်သည့် Hein Myint Myat Co.,Ltd ၊ Human Wa ve Co.,Ltd ၊ Moon Bean Services Co.,Ltd ၊ Yum Nadi Oo Co.,Ltd ၊ Htoo This Zae Co.,Ltd ၊ An Emissary For Myanmar Employer Agency Co.,Ltd နှင့် Pwint Phoo Aung Co.,Ltd တို့မှအလုပ်သမား ကျား (၁၁၆) ဦး၊ မ (၁၃၀) ဦး စုစုပေါင်း (၂၄၆) ဦးအား ရန်ကုန်လေဆိပ်မှ MAI နှင့် Air Asia လေကြောင်းလိုင်းများဖြင့် စေလွှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လေကြောင်းလိုင်းဖြင့် ရောက်ရှိလာသည့် အလုပ်သ မားများကို အလုပ်သမားများအားဆေးစစ်မှုဆောင်ရွက်ခြ င်း၊ ဗီဇာကိစ္စများဆောင်ရွက်ခြင်း၊ Work Permit ဆောင်ရွ က်ခြင်းနှင့် လုပ်ငန်းခွင်အသိပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် အေဂျင်စီများအနေဖြင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနထံသို့ အနည်းဆုံး (၁ဝ) ရက် ကြိုတင်တင်ပြရမ ည်ဖြစ်ပြီး အလုပ်သမား နာမည်စာရင်း၊ လေကြောင်းလိုင်းအမည်၊ လေယာဉ်အမှတ်၊ လေယာဉ်အချိန်တို့ကိုလည်း ပြ ည့်စုံစွာ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

နယ်မြေ မအေးချမ်းမှုများကြောင့် ထိုင်းနိုင်ငံသို့ MoU လုပ် သား စေလွှတ်ခြင်းကို လေကြောင်းလိုင်းဖြင့် ပို့ဆောင်ရန် နှစ်နိုင်ငံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here