မန္တလေးမြို့တွင် ယမန်နေ့ ညပိုင်းက Heat Stroke ဖြစ်ပွားသည့် လူနာနှစ်ဦးရှိပြီး ဆေးရုံသို့ ပို့ဆောင်လိုက်ရ

0
61

ယခုရက်ပိုင်းအတွင်း အပူချိန်များ မြင့်တက်လျက်ရှိရာ အပူကြောင့်ဖြစ်ပေါ်သည့် ကျန်းမာရေးထိခိုက်မှုများလည်း နိုင်ငံနှင့်အဝန်း ဖြစ်ပေါ်လျက်ရှိသည်။

ယင်းကဲ့သို့ ဖြစ်ပေါ်လျက်ရှိရာ ယမန်နေ့ ဧပြီလ (၂၈) ရက် ညပိုင်းက မန္တလေးမြို့တွင် Heat Stroke ဖြစ်ပွားသူ နှစ်ဦးရှိခဲ့ပြီး ၎င်းတို့ကို ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း “မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)မှ သိရသည်။

ဧပြီ (၂၈) ရက်၊ ညပိုင်းက မန္တလေးမြို့ (၈၂) လမ်း၊ (၃၄) လ မ်းနှင့် (၃၅)လမ်းကြားတွင် နေထိုင်သူ တစ်ဦးမှာ Heat stro ke ဖြစ်နေသောကြောင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ပေးရန် ဖုန်းဆက်အကူညီ တောင်းခံချက်အရ အသ င်းရုံးမှ အရေးပေါ်ကားဖြင့် ထွက်ခွာ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မန္တလေးမြို့ စတီးဝင်းရပ်တွင်လည်း ဧပြီ (၂၈) ရ က် ညပိုင်းက Heat stroke ဖြစ်သည့် လူနာတစ်ဦးရှိခဲ့သည့် အတွက် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ရကြောင်း သိရသည်။

အလားတူ ဧပြီ (၂၄)ရက်၊ နေ့လယ်ပိုင်းအချိန်ကလည်း ချ မ်းအေးသာဇံမြိုနယ် (၃၃) လမ်းနှင့် (၈၅) လမ်းထောင့်တွင် စားသုံးဆီတန်းဆီနေသည့် အမျိုးသား တစ်ဦး နေအပူရှိန်မြင့်မားမှုကြောင့် ကိုယ်အပူချိန် မြင့်မားပြီး မူးလဲခဲ့ရာ ဆေး ရုံသို့ ပိုဆောင်လိုက်ရကြောင်း “မဏီစလ” လူမှုကူညီရေးအ သင်း (မန္တလေး)မှ သိရသည်။

ရာသီဥတု ပူပြင်းမှုကြောင့် သတိလစ်၊ အသက်ရှုကြပ်၊ မူးလဲမှုများနှင့် လူ့အသက်ဆုံးရှုးမှုများလည်း ဖြစ်ပေါ်လျက်ရှိနေရသောကြောင့် အပူချိန်မြင့်တက်ချိန် နေ့လယ်ခင်း အပြ င်ထွက်လျှင် သတိထားသွားလာကြရန် ကျန်းမာရေးဦးစီး ဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲများမှ သတိပေးထားသည်။

လက်ရှိ နွေရာသီကာလတွင် အပူရှိန်သိသာစွာ မြင့်မားလာခြင်းကြောင့် heat stroke လူနာများ တစ်ရက်နှင့် တစ်ရက် ပိုမိုဖြစ်ပွားလျက်ရှိပြီး  heat stroke ကြောင့် အသက်ဆုံးရှုံးရသူများလည်း သိသာစွာ တိုးလာနေကြောင်း သိရသည်။ 

Heat stroke ဖြစ်ပွားသော လူနာအများစုမှာ (၄၅) နှစ်အထ က် လူကြီးရွယ်အိုများ အဓိက ခံစားနေကြရပြီး အပူရှိန်မြင့်မားမှုကို ပေါ့လျော့စွာ နေထိုင်ခြင်းမပြုမိစေရန် သတိပေးနှိုးဆော်မှုများလည်း လုပ်ဆောင်နေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here